Wednesday 30 November 2011

အီးပီအသစ် အီးပီအဟောင်းနှင့် ဗီဇာသက်တမ်းပြဿနာများကို တူးဖော်ကြည့်ခြင်း

တစ်ခုခုတော့မှားနေပြီ
ခုတလော တိုင်ပတ်ခဲ့သူတွေ နောက်ထပ် ၂ နှစ်ရမလား ။ ၃ နှစ်ထပ်ရမလားဆိုတဲ့ မေးခွန်းတွေ ထပ်နေသဗျ ။ အကြမ်းဖြင်းအားဖြင့် တိုင်ပတ်ရရင် ၃ နှစ် ထပ်ရမယ် ။ တိုင်မပတ်ရရင်တော့ ၅ နှစ်ဆက်တိုက်ရမယ်လို့ ဖြေခဲ့ပါတယ် ။
တိုင်ပတ် ၊ ၃လနေ ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတစ်ဦးကို သူဌေးက “မင်း ဗီဇာ နောက်ထပ် ၁နှစ်နှင့် ၉လ ပဲ ရမယ်” လို့ ပြောသတဲ့ ၊ “ရုံးကစာဝင်လာလို့တဲ့” (ဘယ်ရုံးလဲတော့ မသိပါ ။)
သူ့ရဲ့ မူလ ပြည်ဝင်ရက် ၊ ဗီဇာကုန်ရက်တို့ကို ကျနော် မမေးမိခဲ့ပါ ။
တစ်ခုခုမှားနေတာတော့ သေခြာနေပြီ ။
တိုင်ပတ်ဖို့မလိုတဲ့ ဥပဒေပြင်ဆင်ချက်အသစ်ကို မှားနိုင်တာ ၁ ခုက ၊ သူဌေးက မလိုအပ်ဘဲ တိုင်ပတ်ခိုင်းခဲ့လေသလား ။
နောက်မှားနိုင်တာ ၁ ခုက ၊ သူဌေးက ဥပဒေပြဋ္ဌားန်းချက်ကို အယူအဆမှား ၊ အတွက်မှားပြီး ပြောလေသလား ။
အခု ပြဿနာကအထူးအဆန်း ဖြစ်နေလို့ အီးပီအသစ်နှင့် အီးပီအဟောင်း ဗီဇာသက်တမ်း ပြဿနာကို ပြန်ပြီး စီစစ်ကြည့်မိပါတယ် ။

အီးပီအဟောင်း နှင့်အသစ်
နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့် စသည်များဆိုင်ရာဥပဒေ (외국인근로자의 고용 등에 관한 법률 ) ပြင်ဆင်ချက်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဥပဒေအမှတ် ၉၇၉၈ (법률 제9798호) အဖြစ် ထုတ်ပြန်ခဲ့တာပါ ။
၂၀၀၉ ခုနှစ် ဒီဇင်္ဘာ ၁၀ ရက်နေ့မှာ အသက်ဝင်တဲ့အပိုင်းနှင့် ၊ ၂၀၁၀ ပြည့်နှစ် ဧပြီ၁၀ ရက်နေ့မှာ အသက်ဝင်တဲ့အပိုင်းဆိုပြီး ၂ပိုင်းကွဲနေပါတယ် ။
တိုင်ပတ်ဖို့ လိုမလို ကိစ္စကတော့ ပထမပိုင်းမှာ အကျုံးဝင်ပါတယ် ။
ဥပဒေကပြောတာကတော့ -
အပြည့်အစုံဖတ်ရန် ...

Read More>>>

Saturday 26 November 2011

အီးပီလုပ်သားများကို လုပ်ငန်းကျွမ်းကျင် (သက်သေခံ) လက်မှတ် ထုတ်ပေးမည်

외국인근로자 경력증명서 발급
အီးပီလုပ်သားများအနေဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ ကိုယ်ပိုင်လုပ်ငန်းထူထောင်ခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခြင်းစသည့်ကိစ္စများတွင် အထောက်အကူဖြစ်စေရန်အလို့ငှာ ၊ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းကျွမ်းကျင် (သက်သေခံ) လက်မှတ် များကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စ၍ သက်ဆိုင်ရာ အလုပ်သမားများသို့ ထုတ်ပေးနေပြီဖြစ်ကြောင်း ကြေညာထားပါသည် ။
ထုတ်ယူရမည့်နည်းလမ်းမှာ ၊ (http://www.eps.go.kr/) (အင်္ဂလိပ်ဘာသာ) သို့ဝင်ရောက်ပြီး သက်ဆိုင်ရာ အလုပ်သမားကိုယ်တိုင် မိမိတို့၏ နိုင်ငံကူးလကှ်တ်အမှတ် ၊ ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခဲ့သည့် ခုံအမှတ် ၊ စသည်တို့ကို ဖြည့်စွက်၍ အဖွဲ့ဝင် (회원가입) အဖြစ် မှတ်ပုံတင်ရပါမည် ။ ၄င်းနောက် လော့အင် (로그인) ပြုလုပ်ပြီး ၊ မိမိတို့ သက်ဆိုင်ရာ (e-certificate) အီး-လက်မှတ်များကို ဆွဲချယူပြီး ၊ ပုံနှိပ်ရယူနိုင်မည်ဟုဆိုပါသည် ။ ထို့ပြင် စာမေးပွဲ အဆင့်အတန်း သတ်မှတ်ချက် ၊ အလုပ်စာချုပ် အခြေအနေ (ဘယ်နှနှစ် ကျန် ၊ ဘယ်တုန်းက ဘယ်လိုချုပ်ခဲ့ စသည် ) စသည်တို့ကိုလည်း ကြည့်ရှု နိုင်သည်ဟုဆို ပါသည် ။
အလုပ်စာချုပ်ချုပ် အခြေအနေ စုံစမ်းရာတွင် လည်းကောင်း သက်သေခံလက်မှတ် ထုတ်ယူရာတွင် လည်းကောင်း လိပ်စာစသည်တို့ကို အင်္ဂလိပ်ဘာသာဖြင့်သာ (반드시 영문으로) ရေးသွင်းကြရမည်ဟု ညွှန်ကြားထားပါသည် ။

လျှောက်ထားအပ်ပါသည် ဟူသော (신청버튼) အကွက်ကို ၁ ကြိမ်သာ နှိပ်ရမည်ဖြစ်ပြီး ၊ ပုံနှိပ်ရာတွင် ၅ ကြိမ်အထိသာ ခွင့်ပြုမည်ဟုဆိုပါသည် ။ ၅ ကြိမ်အထက် အလိုရှိပါက သက်ဆိုင်ရာ အလုပ်သမားကိုယ်တိုင် သက်ဆိုင်ရာ ရုံးသို့ သွားရောက်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများတင်ပြကာ လျှောက်ထားရယူနိုင်မည်ဟုဆိုပါသည် ။

သတင်းအခြေအမြစ် -
- http://www.eps.go.kr/

Read More>>>

Thursday 24 November 2011

ကိုရီးယား၂ ကျော့ပြန် အီးပီလောင်းများ EPS-TOPIK ကိုရီးယား စာမေးပွဲထပ်ဖြေဖို့မလို

ကိုရီးယား အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနသည် လာမည့် ဒီဇင်္ဘာလမှ အစပြု၍ ၊ အီးပီစနစ်အတိုင်း ကိုရီးယားမှ ပြန်လည်ထွက်ခွါသွားသည့် အီးပီလုပ်သားများအတွက် ကိုရီးယားသို့ နောက်တစ်ကြိမ်ပြန်လာရန် ကိုရီးယားဘာသာ အထူးစာမေးပွဲ (특별한국어 시험) ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည် ။

လက်ရှိ အီးပီစနစ်အရ ကိုရီးယားသို့ ရောက်လာကြသည့် အလုပ်သမားများ ကိုရီးယားပြည်တွင်း၌ ရက်လွန်နေထိုင်ခြင်းမရှိစေရန်အလို့ငှာ ပြည်ဝင်ရက်မှ ၄နှစ် ၁၀ လ ကျော်လျင် ကိုရီးယားမှ မလွဲမသွေ ပြန်လည်ထွက်ခွါကြရပါသည် ။

သို့ရာတွင် ပြည်တော်ပြန် အီးပီလုပ်သားများအနေဖြင့် ကိုရီးယားသို့ ပြန်လာလိုပါက အနည်းဆုံး ၆ လတာကာလ အနေခြားပြီးမှသာ ကိုရီးယားသို့ ထပ်မံဝင်ရောက်နိုင်ခွင့်ရှိပြီး ၊ အီးပီလုပ်သားဟောင်းများအတွက် သင့်တော်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ မရှိသေးသည့်အတွက် ၊ ဒုတိယအကြိမ်ပြန်လာနိုင်ရန်မှာလည်း အီးပီလုပ်သားလောင်း အသစ်များနည်းတူ အစမှ ပြန်လုပ်နေရသဖြင့် တက္ကသိုလ်မှ ဘွဲ့ရပြီးသူများ မူလတန်းစာမေးပွဲ ပြန်ဖြေရသလိုမျိုး ဖြစ်နေသည်ဟု ဆိုပါသည် ။

ထို့ပြင် အီးပီကိုရီးယားစာမေးပွဲ (EPS-TOPIK) ပြန်လည်ဖြေဆိုရန်မှာလည်း သတ်မှတ်ထားသည့် ပုံမှန်အချိန်ဇယားမရှိသဖြင့် မည်သည့်အချိန်တွင် စာမေးပွဲပြန်လည်ဖြေဆိုခွင့်ရရှိပြီး ၊ မည်သည့်အချိန်တွင် ကိုရီးယားသို့ ပြန်လာခွင့်ရမည်ဆိုသည်မှာ မသေခြာ မရေရာသည့်ကိစ္စလို ဖြစ်နေသဖြင့် ၊ အီးပီလုပ်သားများ ကိုရီးယားမှ ပြန်လည်ထွက်ခွါဖို့အရေးမှာ ရင်လေးဖွယ်ရာ အကြောင်းရင်း တစ်ခုလိုဖြစ်နေသည်ဟု ဆိုပါသည် ။
ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့်လည်း ကျွမ်းကျင် အီးပီလုပ်သားကောင်းများ ဆက်လက် အသုံးပြုခွင့်ရရှိရေး ဆောင်ရွက်ပေးပါရန် ကိုရီးယားအစိုးရထံ အစဉ်တစိုက် တင်ပြ တောင်းဆိုလာကြပါသည် ။

သို့ဖြစ်ရာ ကိုရီးယားအစိုးရသည် အီးပီစနစ်တွင် ကိုရီးယားသို့ ၂ကျော့ပြန်လာလိုသည့် အီးပီလုပ်သားများအတွက် အတားအဆီးလိုဖြစ်နေသော လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးသည့်အနေဖြင့် ၊ ကိုရီးယားသို့ ဒုတိယအကြိမ်ပြန်လာရန် ပိုမိုလွယ်ကူပြီး ပိုမိုမြန်ဆန်မည့် လုပ်ထုံးလုပ်နည်း အသစ်များကို ပြဋ္ဌာန်းလိုက်ပါသည် ။


နည်းဥပဒေအသစ်အရ ၂ကျော့ပြန်အီးပီများအတွက် အထူးစာမေးပွဲအဖြစ် သက်ဆိုင်ရာနိုင်ငံအလိုက် ၃ လလျင် အနည်းဆုံး ၁ ကြိမ် ၊ ကွန်ပြူတာအခြေခံစနစ် (CBT: Computer Based Test) ဖြင့် ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ စာမေးပွဲအောင်မြင်သူများသည် သာမန်အီးပီ ကိုရီးယား စာမေးပွဲ (EPS-TOPIK) ဖြေမည့်သူများထက် မြန်ဆန်မည်ဖြစ်ပြီး ၊ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းများလည်း တက်ရောက်ရန်မလိုတော့ဟုလည်း ဆိုပါသည် ။

ထို့ပြင် ကိုရီးယားမှ ပြန်လည်မထွက်ခွါမှီ နောက်ဆုံးလုပ်ခဲ့သည့် စက်ရုံ အလုပ်ရုံတွင် အနည်းဆုံး ၁ နှစ်အထက် လုပ်သက်ရှိခဲ့မည်ဆိုပါက သက်ဆိုင်ရာ လုပ်ငန်းရှင်က တောင်းဆိုလျင် နောက်ဆုံးလုပ်စက်ရုံ၌ ပြန်လည် အလုပ်လုပ်ခွင့်ရှိကြောင်းလည်း သိရသည် ။

အထူးကိုရီးယားစာမေးပွဲကို ဒီဇင်္ဘာလအတွင်း ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်ပြီး ၊ လာမည့်နှစ်မှ အစပြု၍ မြန်မာအစရှိသော အခြားကျန်ရှိသောနိုင်ငံများတွင်လည်း စနစ်အတိုင်း ၃ လလျင် အနည်းဆုံး တစ်ကြိမ် ပုံမှန် စစ်ဆေးသွားမည်ဟုဆိုပါသည် ။

နိုင်ငံခြားအလုပ်သမားမူဝါဒရေးရာဌာနမှူး လီဂျယ်ကပ်(이재갑) က “ ဒီစနစ် လည်ပြီဆိုတာနှင့် ရက်လွန်နေမယ့် အီးပီ အလုပ်သမားတွေ အတော့်ကိုနည်းသွားပြီးတော့ကာ ၊ စက်ရုံ အလုပ်ရုံ တွေမှာလည်း ကျွမ်းကျင်လုပ်သားတွေ ရဖို့ အများကြီးအထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်” ဟူ၍ ထင်မြင်ချက် ပေးပါသည် ။ ထို့ အပြင် “ နောင်ကိုလည်း ရက်လွန်နေကြတော့မှာ မဟုတ်ဘဲ ၊ ကိုယ့်သဘောနှင့်ကိုယ် ပြည်တော်ပြန်ကြမယ့်အီးပီလုပ်သားတွေ တိုးလာစေဖို့ ဦးစားပေးမယ့် မူဝါဒတွေကိုပဲ ခိုင်မာသည်ထက်ခိုင်မာအောင် လုပ်သွားမယ်” ဟု ပြောပါသည် ။

သတင်းအခြအမြစ်များ -
- http://www.yiutsari.org/dgpds/show.php?sid=10&no=2&p=1&prog=1&h=4&m=2&z=1
- http://www.migrantok.org/korean/viewtopic.php?popup=yes&today=no&printable=yes&t=3000&postdays=0&postorder=desc&start=0
- http://www.newsprime.co.kr/news/articleView.html?idxno=221335

Read More>>>

Wednesday 23 November 2011

အီးပီ အစရှိသည့် အလုပ်သမား လူရည်ချွန်များကို ကိုရီးယားတွင် အထူးနေထိုင်ခွင့်ပေးမည်

ကိုရီးယား အစိုးရသည် အကျော်အမော် နိုင်ငံခြားသားများကို ကိုရီးယားနိုင်ငံအတွင်း အခြေချနေထိုင်ခွင့် ရရှိရေးအစီအစဉ်အဖြစ် ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့် (점수제 거주: F-2) ရရှိရေး အစီအစဉ်ကို ၂၀၀၈ ခုနှစ်မှတင်ဆောင်ရွက်ခဲ့သော်လည်း ၊ သတ်မှတ်ချက်များမှာ အတော်မြင့်နေသည့်အတွက် ၃ နှစ်တာ ကာလအတွင်း အဆင့်မှီလျှောက်ထားရရှိသူ ၁ ဦးသာ ရှိခဲ့သည်ဟုဆိုပါသည် ။
ယခုအခါ အဆိုပါ အခြေချ နေထိုင်ခွင့် သတ်မှတ်ချက် လောက်မခက်ခဲသော်လည်း ၊ ကိုရီးယားလုပ်ငန်းရှင်များအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ကိုရီးယားအစိုးရက မျှော်မှန်းထားသည့် အီးပီ အစရှိသည့် လုပ်သားလူရည်ချွန်များကို အထူးကျွမ်းကျင်သူဗီဇာ (특정활동: E-7) ထုတ်ပေးမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပြန်ပါပြီ ။
အစီအစဉ်မှာ အီးပီလုပ်သားများ (비전문취업: E-9) ဧည့်လုပ်သားများ (방문취업:H-2) နှင့် ကမ်းရိုးတန်း သင်္ဘောသားများ (선원취업: E-10) များ အနေဖြင့် ၊ ကိုရီးယားနိုင်ငံအတွင်း ၁၀ နှစ်အတွင်း အနည်းဆုံး ၄ နှစ်နေထိုင်ပြီးဖြစ်ခြင်း ၊ အသက် ၃၅ နှစ်အောက်ဖြစ်ခြင်း ၊ မိခင်နိုင်ငံတွင် အနည်းဆုံး ပညာရေး သတ်မှတ်ချက် အဖြစ် အငယ်တန်းကောလိပ် (2년제 전문대학) တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ခြင်း ၊ ကိုရီးယားဘာသာ အရည်အချင်း အဆင့်-၃ (3급 이상 한국어능력) အထက်ရရှိသူ သို့မဟုတ် (Completion of Social Integration Program : KIIP) အောင်မြင်ထားသူဖြစ်ခြင်း ၊ ဝင်ငွေအဖြစ် ၁ နှစ်အတွင်း သာမန်အလုပ်သမား ၁စ်ယောက်၏ ၁နှစ် ပျမ်းမျှ ဝင်ငွေထက်များသော ဝင်ငွေရရှိသူဖြစ်ခြင်း တည်းဟူသော အချက် (၄) ချက်နှင့် ညီညွှတ်ပါက အထူးကျွမ်းကျင်သူဗီဇာ (특정활동: E-7) ကို မိမိတို့နှင့် အနီးဆုံး လူဝင်မှုကြီးကြပ်ရေးဌာနတွင် ကိုယ်တိုင်သို့မဟုတ် ကိုယ်စားလှယ်ဖြင့် လျှောက်ထားနိုင်သည်ဟု ဆိုပါသည် ။

/Photo: Iju Oppa/
ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် လိုအပ်သော စီစစ်မှုများ ပြုလုပ်ပြီး မှန်ကန်ပါက အထူးကျွမ်းကျင်သူဗီဇာ (특정활동: E-7) ဖြင့် ၁ နှစ်နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ၊ ဗီဇာသက်တန်း နှစ်အကန့်အသတ်မရှိ ၁နှစ်စီ ဆက်တိုက် တိုးသွားနိုင်မည်ဟုဆိုပါသည် ။ ထို့ပြင် အထူးကျွမ်းကျင်သူ ဗီဇာ(특정활동: E-7) ဖြင့် ၁နှစ်ပြည့်လျင်ဖြစ်စေ ၊ အထူးကျွမ်းကျင်သူဇီဇာဖြင့် နေထိုင်စဉ်ကာလအတွင်း လုပ်ငန်းခွင်အင်ဂျင်နီယာလက်မှတ်(사업기사) ရရှိလျင်ဖြစ်စေ သို့မဟုတ် ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်သူ အရည်အချင်းများနှင့် ဘောင်ဝင်သည့် ဝင်ငွေရရှိသူဖြစ်လာလျင်ဖြစ်စေ အခြေချနေထိုင်ခွင့်ဗီဇာ (거주: F-2) ကိုလျှောက်ထားရယူနိုင်ပြီး ၊ အထူး ကျွမ်းကျင်သူဗီဇာ (특정활동: E-7) ဖြင့် ၅နှစ်ပြည့်လျင်ဖြစ်စေ သို့မဟုတ် အခြေချနေထိုင်ခွင့်ဗီဇာ (거주: F-2) ဖြင့်၃ နှစ် ပြည့်လျင်ဖြစ်စေ အမြဲတမ်းနေထိုင်ခွင့်ဗီဇာ(영주: F-5) လျှောက်ထားရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည် ။
တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ၊ ယခုအခါ ကိုရီးယားနိုင်ငံအတွင်း ၅သိန်းခန့်သော အီးပီလုပ်သားများနှင့် ဧည့်လုပ်သားများ၏ ၁၀မှ ၂၀ရာခိုင်နှုန်းခန့်တို့သည် အသက် ၃၅ နှစ်အောက် ၊ အငယ်တန်းကောလိပ်ဘွဲ့ရများဖြစ်ကြောင်းသိရသည် ။
အဆိုပါ ဗီဖာ ကို ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ အစပြု၍ လျှောက်ထားနိုင်ကြောင်းနှင့် ၊ ခြွင်းချက်အဖြစ် ဟော်တယ်အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ၊ အလုပ်ဗီဇာမှ အကြောင်းအမျိုးမျိုးကြောင့် အခြားဗီဇာ (G-1စသည်) သို့ပြောင်းထားသူများ ၊ ကိုရီးယားပြည်တွင်း၌ မရှိသူများ လျှောက်ထားခွင့် မရှိကြောင်း ၊ အသေးစိတ်သိရှိလိုပါက နိုင်ငံခြားသား အထွေထွေသတင်းဌာန (외국인종합안내센터) ဖုန်း ☏1345 ထံမေးမြန်းနိုင်သည်ဟု ဆိုပါသည် ။

သတင်းအခြေအမြစ် -
- www.hikorea.go.kr
- http://media.daum.net/society/view.html?cateid=100001&newsid=20111012145820313&p=yonhap
-

Read More>>>

Saturday 12 November 2011

ကိုရီးယား အီးပီ အလုပ် လျှောက်လွာ ဘယ်လိုရေးမလဲ

မြန်မာပြည်က စာတစ်စောင်
ကျွန်တော့်နာမည် သက်မျိုးအောင်ဖြစ်ပါတယ်။
တတိယအကြိမ် eps - topik exam အောင်ထားပါတယ်အစ်ကို..
အခု လ 19 ရက်နေ.မှာအလုပ်လျှောင်လွှာခေါ်ယူပါမယ်။
ကျန်တော်သိချင်တာက အခု တောင်ကိုရီးယားမှာ ဘယ်လို အလုပ်အကိုင် မျိုး ခေါ်ယူမှု များပါသလဲ။
အလုပ်လျှောက်လွှာမှာ ဘယ်လိုမျ။ိုး ဖြည်. ရ မလဲဆို တာ ကို အသေးစိတ် ပြောပြပေးပါလား။
တစိတ်လောက် ကုညီပေးစေချင် ပါတယ် ။
ကျေးဇူးတင်ပါတယ် ။
*************
သတ်မှတ်ပုံစံရှိပါတယ်
ကိုရီးယား အစိုးရက သတ်မှတ်ပေးထားတဲ့ပုံစံရှိပါတယ် ။ အဲသည်ပုံစံအတိုင်း အသုံပြုလိမ့်မယ်လို့ ထင်ပါတယ် ။ အမှန်တော့ အလုပ်လျှောက်လွှာဟုဆိုရသော်လည်း ၊ အလုပ်လျှောက်လွှာမဟုတ်ပါ ။ အလုပ်အကိုင်ညှိနှိုင်း ဆောင်ရွက်ရန် လျှောက်လွှာ ဟု အဓိပ္ပါယ်ရပါတယ် ။ သို့ရာတွင် ခေါ်ဆိုရ လွယ်ကူစေရန် “အလုပ်လျှောက်လွှာ” ဟုသာ သုံးနှုန်းလိုက်ပါတယ် ။
ကိုရက်ပ်စ်လုပ်သားများ ၊ အလုပ်နေရာပြောင်းလိုခြင်း သို့မဟုတ် ၊ အလုပ်ရုံအဟောင်းက ဆက်မခန့်တော့ခြင်း ၊ ဒေ၀ါလီခံခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၊ အလုပ်မရှိတော့ဘူးဆိုလျင် ၊ ကိုရီးယားရောက် မြန်မာများက နိုဒုံဘု(노동부) ဟုသိကြသော အလုပ်သမားဝန်ကြီးဌာနမှ ၊ ဂျိဝေါန်စင်ထော်(지원센터) ခေါ် အလုပ်အကိုင် ထောက်ပံ့ရေးဌာန(Employment Support Center: ESC)တွင် ၊ ဖော်ပြပါ လျှောက်လွှာကို ဖြည့်စွက်၍ အလုပ်ရှာသူအဖြစ် မှတ်ပုံတင်ရပါတယ် ။
ထိုသို့ မှတ်ပုံတင်ကြရာမှာ ၊ လျှောက်လွှာပါအချက်အလက်များကို သေသေခြာခြာ ဂဃနဏ မသိသဖြင့် ၊ သူတစ်ပါးကို ဖြည့်ခိုင်းရာမှ ၊ မလိုအပ်သော အခက်အခဲ ပြဿနာများနှင့်ရင်ဆိုင်ခဲ့ကြရပြီး ၊ မဂိန်ချင်ဘဲနှင့် ဂိန်လိုက်ရ ၊ မအိုချင်ဘဲနှင့် အိုလိုက်ရသော မြန်မာမိတ်ဆွေများ အမှန်တကယ်ရှိခဲ့ပါတယ် ။
ကျနော်တို့ ကိုရီးယားရောက် ကိုကိုရွှေမြန်မာများ နှင့် ၊ နောင်လာလတံ့သော ညီတော်မောင် ကိုရက်ပ်စ်လုပ်သားလောင်းများ ထိုထိုသော ပြဿနာမျိုး ထပ်မံ ခံစားရခြင်း ၊ ကြုံတွေ့ရခြင်းများ မရှိကြရလေအောင် ၊ ထိုလျှောက်လွှာပါ အချက်အလက်များကို လေ့လာမှတ်သား သိရှိထားနိုင်ကြစေရန်အလို့ငှာ ၊ (ထပ်မံ) တင်ပြလိုက်ပါတယ် ။
လျှောက်လွှာပုံစံမှာ (Click Here)-

လျှောက်လွှာပါ ဝေါဟာရများမှာ-
취업 အလုပ်အကိုင်
알선 ညှိနှိုင်းခြင်း ၊ စီစဉ်ခြင်း ၊ ကြားဝင်ဆောင်ရွက်ခြင်း
신청서 လျှောက်လွှာ
성명 အမည်
국적 နိုင်ငံသား (မည်သည့်နိုင်ငံသား)
구직등록번호 အလုပ်ရှာသူများ မှတ်ပုံတင်အမှတ်
상담자 အတိုင်ပင်ခံဆွေးနွေးသူ
외국인등록번호 နိုင်ငံခြားသားမှတ်ပုံတင်အမှတ်
성별 လိင်(ကျား ၊ မ)
입국일자 ပြည်ဝင်ရက်စွဲ
생년월일 မွေးသက္ကရာဇ်( နှစ် ၊ လ ၊ ရက်)
송출기관 ပို့လွတ်သည့်အဖွဲ့အစည်း(ရွှေအင်းဝ စသည်ဖြင့်)
체류자격 ဗီဇာအမျိုးအစား
체류기간 ဗီဇာသက်တမ်း
연락처 ဆက်သွယ်ရန်(လိပ်စာ စသည်)
본국주소 မိခင်နိုင်ငံလိပ်စာ
국내주소 ပြည်တွင်းလိပ်စာ
전화번호 ဖုန်းနံပါတ်
휴대폰번호 လက်ကိုင်ဖုန်းနံပါတ်
사진 ဓါတ်ပုံ
희망취업조건 မျှော်မှန်းအလုပ်ဆိုင်ရာအချက်အလက်များ(လုပ်လိုသောအလုပ်)
우선순위 ဦးစားပေးအစီအစဉ်
희망업종 မျှော်မှန်းလုပ်ငန်း အမျိုးအစား
희망직종 မျှော်မှန်းအလုပ်အကိုင်အမျိုးအစား
희망직무내용 မျှော်မှန်းအလုပ်တာဝန်အကြောင်းအရာ
희망근무지역 မျှော်မှန်းအလုပ်ဒေသ (အလုပ်လုပ်လိုသော နေရာ)
시.도 မြို့ ၊ ပြည်နယ်
군.구 မြို့နယ်စု ၊ မြို့နယ်(မြို့ပြ)
무관 မည်သည့် ဒေသမဆို ။ (မူလ အဓိပ္ပါယ်မှာ “ပတ်သက်ခြင်းမရှိ” ဖြစ်သည် ။
နေရာ ၊ ဒေသ ရွေးချယ်ခြင်းနှင့် ပတ်သက်ခြင်းမရှိ ဟုဆိုသဖြင့် ၊ မည်သည့်ဒေသမဆို
လုပ်ပါမည်ဟု ဘာသာပြန်သည် ။)
희망임금형태.금액 မျှော်မှန်းလစာအခြေအနေ ၊ အရေအတွက်
월급 လစာ(တစ်လလျင်)
주급 လုပ်အားခ (ရက်သတ္တတစ်ပတ်လျင်)
일급 လုပ်အားခ (တစ်ရက်လျင်) ( ရက်ကြေး)
시급 လုပ်အားခ (တစ်နာရီလျင်) ( နာရီကြေး)
월평균 တစ်လဖျမ်းမျှ
--만원이상 ၀မ် ------- သောင်း အထက် ။
연간총액 တစ်နှစ်စာစုစုပေါင်းလစာ
기타 희망사항 အခြားမျှော်မှန်းထားချက်များ
근무가능기간 및 시간등အလုပ်လုပ်နိုင်မည့်ကာလနှင့် အချိန် စသည်များ
이력 및 경력사항 ကိုယ်ရေးရာဇ၀င် နှင့် အတွေ့အကြုံ
최종학력 အမြင့်ဆုံးအတန်းပညာ
학교 ကျောင်း
졸업 ဘွဲ့ရ
수료 လက်မှတ်ရ (ဒီပလိုမာ စသည်။)
중퇴 ကျောင်းထွက် (တစ်ဝက်တပျက်ကျောင်းထွက်သူများ)
자격면허 လိုင်စင်၊ ကျွမ်းကျင်လက်မှတ်
언어능력 ဘာသာစကားတတ်ကျွမ်းမှု
한국어 ကိုရီးယားစကား
상.중.하 အထက် ၊ အလယ် ၊ အောက်
영어 အင်္ဂလိပ်စကား
본국경력 မိခင်နိုင်ငံအတွေ့အကြုံ
상업체명 လုပ်ငန်းအမည်
업종 လုပ်ငန်းအမျိုးအစား
직종 အလုပ်အကိုင်အမျိုးအစား
직무내용 အလုပ်အကိုင် အကြောင်းအရာ
직책 (အလုပ်) တာဝန်
근무기간 အလုပ်ကာလ(ကြာမြင့်ချိန်)
고용형태 ငှားရမ်းသည့်အခြေအနေ
월임금 လစာငွေ
국내경력 ပြည်တွင်းအတွေ့အကြုံ
취업알선 신청사유 အလုပ်အကိုင် လျှောက်ထားရသည့်အကြောင်းရင်း
자기소개 (မိမိကိုယ်တိုင်ရေး) မိတ်ဆက်စကား(အပိုစာရွက်ဖြင့် ပူးတွဲ တင်ပြနိုင်ပါသည်။)
업무능력 및 희망 업무등အလုပ်အကိုင်ကျွမ်းကျင်ပုံနှင့် မျှော်မှန်းထားသောအလုပ်စသည်များ
특기사항 အထူးပြု ဖော်ပြလိုသည့်အချက်
어학능력등 ဘာသာစကားကျွမ်းကျင်မှုစသည်များ
기타 အခြား (ဖော်ပြလိုချက်များ)
상기 기재한 အသေးစိတ်ရေးသား တင်ပြထားသော
사항 အချက်အလက်
사실 အဖြစ်မှန်(ပကတိအချက်အလက်)
틀림 없음을 အမှားအယွင်းမရှိကြောင်းကို
확인합니다 အတည်ပြုအပ်ပါသည် ။
신청인 လျှောက်ထားသူ (အမည်ကိုရေးရန်။)
서명 또는 인 လက်မှတ် သို့မဟုတ် တံဆိပ်တုံး
수수료 ၀န်ဆောင်ခ (အကျိုးဆောင်ခ)
구비 서류 (အတူ) တင်ပြသည့် စာရွက်စာတမ်း
외국인 등록증 နိုင်ငံခြားသားမှတ်ပုံတင်ကပ်ပြား
사본 မိတ္တူ
상담사항 ဆွေးနွေးသည့်အကြောင်းအရာ
*************
အရေးကြီးတဲ့ အချက်အလက်များ
အခုဖော်ပြမယ့် အချက်အလက်တွေ အရေးကြီးမယ်ထင်ပါတယ် ။
- မျှော်မှန်းလုပ်ငန်း အမျိုးအစား ။ ကုန်ထုတ်လုပ်ငန်း (Manufacturing) လို့ပဲ ရေးစေချင်ပါတယ် ။ (အခုလက်ရှိမှာ မြန်မာတွေကို စိုက်ပျိုးရေး ငါးဖမ်းစသည်များမခေါ်တော့ဘဲ ၊ သည် တစ်မျိုးပဲခေါ်မယ်လို့သိထားပါတယ် ။)
- မျှော်မှန်းအလုပ်အကိုင်အမျိုးအစား ။ သံရည်ကြို ၊ ပလပ်စတစ်အင်ဂျက်ရှင် ၊ ပရိဘောဂ စသည်ဖြင့် မိမိနှစ်သက်ရာ လုပ်ချင်ရာ အလုပ်အမျိုးအစားကို ရေးရပါလိမ့်မယ် ။
- မျှော်မှန်းအလုပ်တာဝန်အကြောင်းအရာ ။ အထွေထွေလုပ်သား (General Worker) လို့ပဲ ရေးရပါလိမ့်မယ် ။
- မျှော်မှန်းအလုပ်ဒေသ (အလုပ်လုပ်လိုသော နေရာ) ၊ ပြည်နယ် (Province) ၉ ပြည်နယ် နှင့် မြို့တော်ကြီး (Metropolita City) ၇ ခုရှိရာမှာ မိမိလုပ်လိုတဲ့ ဒေသအမည်ကို ရေးရပါလိမ့်မယ် ။ ဒေသနေရာတွေ အကြမ်းဖျင်းသိချင်ရင်တော့ (Click Here)
- မည်သည့် ဒေသမဆို ဆိုရင်တော့ အလုပ်မြန်မမြန်မရလိမ့်မယ်လို့ ထင်ပါတယ် ။ သို့သော် ကိုရီးယားရောက်ပြီး မကြာခင် ပြောင်းချင်လို့ ဆိုတာတွေ ဖြစ်တတ်ပါတယ် ။ ရောက်ရောက်ချင်း ပြောင်းဖို့ရွှေ့ဖို့ကိစ္စဟာ တော်တော်လေးခက်ပါတယ် ။ အဆင်ပြေပြေ ပြောင်းနိုင်တဲ့သူဆိုလို့ တစ်ရာမှာ တစ်ယောက်လို့ ပြောရလောက်အောင်ကို အခက်အခဲရှိတာ တွေ့ရပေါင်းများနေလို့ပါ ။
*************
မှတ်ချက် ။ ယခင်တင်ပြခဲ့ပြီး ပို့စ်ကို မွမ်းမံပြင်ဆင်ပြီး ထပ်မံတင်ပြထားခြင်းဖြစ်ပါသည် ။

ရည်ညွှန်းချက်များ -
- http://burmainfokorea.blogspot.com/2008/12/blog-post_1068.html
- http://myanmar-shows.wo.to/eps/forms/job_register_form.swf
- http://burmainfokorea.blogspot.com/2010/10/local-governments.html

Read More>>>

Thursday 10 November 2011

3rd EPS-TOPIK in Myanmar အောင်စာရင်းထွက်ပါပြီ

3rd EPS-TOPIK in Myanmar အောင်စာရင်းထွက်ပါပြီ
မြန်မာကိုရီးယားအီးပီလုပ်သားလောင်းများ တတိယအကြိမ်ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ (3rd EPS-TOPIK) အောင်စာရင်း (ဟောဒီမှာ) ရယူနိုင်ပါပြီ ။

အထက်ကဟာကတော့ EXL ဖိုင်ပါ ။ (ဟောဒီမှာ) တော့ PDF စာမျက်နှာအဖြစ် ရိုးရိုးလေးကြည့်လို့ရပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>