Sunday 29 January 2012

EPS လုပ်သားများ အီး-၇ ဗီဇာ ဘယ်လိုလျှောက်ထားရမလဲ

(E-7 : Special Designated Activities VISA)
ကိုရီးယားနိုင်ငံအစိုးရသည် အီး-၇ ဗီဇာကို အထူးအလုပ်လုပ်ခွင့်ဗီဇာ (Special Designated Activities VISA) အဖြစ်သတ်မှတ်ပြဋ္ဌာန်းထားပါသည် ။ ယခုအခါ အီး-၉ ဗီဇာသမားများကိုပါ ဤ ဗီဇာသို့ ပေါင်းကူးလျှောက်ထားခွင့်ပြုလိုက်ခြင်းဖြစ်ပါသည် ။ သို့ဖြစ်ရာ အီး-၉ ဗီဇာဖြင့် ကိုရီးယားတွင် ၄ နှစ် အလုပ်လုပ်ပြီးသောသူများကို ၊ ကိုရီးယားတွင် အလုပ်ရှင်နှင့် အလုပ်စာချုပ် (Labor Contract) ချုပ်ဆိုပြီး ၊ စာချုပ်သက်တမ်းရှိသလောက် သက်တမ်း တိုးယူရရှိနိုင်သော ဗီဇာ အမျိုးအစားဖြစ်လာပါသည် ။

အီး-၉ လုပ်သားများ ဤ ဗီဇာသို့ ပေါင်းကူးလျှောက်ထားရန် ပြဋ္ဌာန်းချက်များမှာ -
- (လျှောက်လွှာတင်ချိန်တွင်) အသက် ၃၅ နှစ်အောက် ဖြစ်ရမည် ။
- အနည်းဆုံး ၂နှစ်သင်ကောလိပ် (တက္ကသိုလ်) ဘွဲ့ရ ဖြစ်ရမည် ။
- ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း (Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူ ။
- ၄ နှစ်အတွင်း ရရှိသည့် (ပျမ်းမျှ) လစာမှာ လစာ ဝမ်သိန်း၂၀ (အလုပ်သမား၁ဦး၏ နှစ်စဉ်ပျှမ်းမျှလစာကို သက်ဆိုင်ရာက နှစ်စဉ်တွက်ချက်ကြေညာပါသည်) အထက် ။
- အလုပ်သမား ၁၀ ဦးအထက် ရှိသော အလုပ်ရုံ ဖြစ်ရပါမည် ။ လျှောက်ထားသူတိုင်း ဗီဇာရရှိနိုင်မည်မဟုတ်ပါ ။ ကုမ္ပဏီရှိ အလုပ်သမားဦးရေအချိုးအဆအလိုက် ဗီဇာရရှိနိုင်သော အရေအတွက်ကို ကန့်သတ်ထားပါသည် ။ ဥပမာအားဖြင့် - ဝန်ထမ်း ၁၀ ဦး မှ ၄၅ ဦး (ကိုရီးယားသားများအပါအဝင်) ထိ ရှိလျင် ၁ ယောက် နှုန်း ။
ဘယ်လိုလျှောက်ထားရမည်လဲ ။
- ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် ဖြင့် လျှောက်ထားရပါမည် ။
မည်သည့်နေရာတွင် လျှောက်ထားရမည်လဲ ။
- ကိုရီးယားပြည်ပရှိ ပုဂ္ဂိုလ်များ သက်ဆိုင်ရာ နိုင်ငံရှိ ကိုရီးယားနိုင်ငံသံရုံး
- (သို့မဟုတ်)
- ကိုရီးယားပြည်တွင်းရှိ ပုဂ္ဂိုလ်များ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး
ဘယ်လိုစာရွက်စာတမ်းတွေလိုမလဲ ။
- နိုင်ငံကူးလက်မှတ် (ပတ်စပို့)
- ဘွဲ့လက်မှတ် သို့မဟုတ် ပညာရေးဆိုင်ရာ ထောက်ခံချက် မိတ္တူ
- အလုပ်ခန့်စာ သို့မဟုတ် အလုပ်ခေါ်စာ
- အလုပ်စာချုပ်
- ကုမ္ပဏီမှတ်ပုံတင် သို့မဟုတ် အဖွဲ့အစည်း ထူထောင်ခြင်းနှင့် ပတ်သက်သည့် သက်သေခံလက်မှတ်
- ဗီဇာကြေး ( ၁ကြိမ်ဝင်ခွင့်ဗီဇာ ဒေါ်လာ ၃၀ ၊ အကြိမ်ကြိမ်ဝင်ခွင့်ဗီဇာ ဒေါ်လာ ၅၀ )
- ၆ လအတွင်းရိုက်ကူးထားသည့် ပတ်စပို့ဓါတ်ပုံ (ကာလာ) ၂ ပုံ (3.5㎝ x 4.5㎝)
အခက်အခဲရှိသူများ Tel:1345 သို့ မြေးမြန်းနိုင်သည်ဟု ဆိုပါသည် ။
(ယခင် အီးပီ အစရှိသည့် အလုပ်သမား လူရည်ချွန်များကို ကိုရီးယားတွင် အထူးနေထိုင်ခွင့်ပေးမည်ဆောင်းပါး (Click Here) နှင့် တွဲစပ်ဖတ်ရှုကြစေလိုပါသည်။)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>

Thursday 26 January 2012

အလုပ်ဖွင့်ရက်တွေမှာ ဘဏ်မသွားနိုင်တဲ့ အီးနိုင်းလုပ်သားများအတွက် တနင်္ဂနွေနေ့မှာ ဖွင့်တဲ့ ဘဏ်

ကြားရက် တွေမှာ အလုပ်လုပ်နေရလို့ ၊ ဘဏ်ကို သွားလို့မရပါဘူးဆိုတဲ့ အီးနိုင်းမိတ်ဆွေများအတွက် ၊ ကေအီးဘီလို့ ခေါ်တဲ့ (Korean Exchange Bank: K.E.B) က တနင်္ဂနွေနေ့များမှာ ဖွင့်လှစ်ထားပြီး ၊ ဘဏ်စာရင်းဖွင့်ပေးခြင်း ၊ ငွေလဲလှယ်ပေးခြင်း ၊ ငွေလွဲပို့ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေ ပါတယ် ။
မိတ်ဆွေတို့ အဆင်ပြေနီးစပ်ရာ ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ် ပါတယ် ။ အဲသည် ဘဏ်ခွဲတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသတဲ့ ခင်ဗျာ -
TOEGYERO BRANCH:
22-1, SSANGLIM-DONG,
CHUNG-GU, SEOUL 100-400
Tel: (02)2279-7522
Fax: (02)2277-5165
**********
DAERIM STATION BRANCH:
144-10, KURO 6 DONG,
KURO-GU, SEOUL 152-056
Tel: (02)830-3415
Fax: (02)865-1465
*************
UIJEONGBU BRANCH:
493-1 UIJEONGBU 2-DONG
UIJEONGBU GYEONGGI-DO 480-848
Tel: (031)878-5580
Fax: (031)877-2965
**************
GIMPO BRANCH:
922, e-PLAZA BD, SAU-DONG,
KIMPO-SI, KYUNGKI-DO 415-800
Tel: (031)984-7422
Fax: (031)984-7426
***************
YONGIN BRANCH:
60-4 KIMRYANGJANG-DONG
YONGIN-SI KYUNGKI-DO 449-020
Tel: (031)338-7052
Fax: (031)338-6271
***************
WONGOKDONG REMITTANCE CENTER FOR FOREIGNERS SUB-BRANCH:
747-13 WONGOK-DONG, DANWON-GU,
ANSAN-SI GYEONGGI-DO 425-845
Tel: (031)495-1848
Fax: (031)495-1798
*****************
DAEHWA STATION BRANCH:
2222-1 DAEWHA-DONG
ILSAN-GU, GOYANG-SI GYEONGGI-DO 411-805
Tel: (031)915-1004
Fax: (031)924-7388
**************
NAMDONGGONGDAN BRANCH:
449-6, NONHY0N-DONG,
NAMDONG-GU, INCHUN-SI 405-300
Tel: (032)814-2239
Fax: (032)814-4786
**************
PYEONGTAEK BRANCH:
37-20 PYUNGTAEK-DONG,
PYUNGTAEK-SI, KYUNGKI-DO 450-010
Tel: (031)656-7893
Fax: (031)656-7897
**************
SEONGSEO BRANCH:
1220-10, IGOG-DONG,
DAL SEO-GU, TAEGU-SI 704-140
Tel: (053)581-0231/4
Fax: (053)581-0235
****************
GIMHAE SAMGYE SUB-BRANCH:
1501-2 SAMGYE-DONG,
GIMHAE-SI, GYUNGNAM-DO 621-070
Tel: (055)321-5021
Fax: (055)334-9715
************

အားလုံးအဆင်ပြေကြပါစေ ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

Read More>>>

Sunday 22 January 2012

တောင်ကိုရီးယားနိုင်ငံက မြန်မာ အလုပ်သမားခြောက်ရာကျော် အလုပ်ကမ်းလှမ်း

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။

မြန်မာအလုပ်သမားခုနစ်ထောင်ကျော် သွားရောက်အလုပ်လုပ်ကိုင်ရန် လျှောက်လွှာတင် စောင့်ဆိုင်း လျက်ရှိသော တောင်ကိုရီးယားနိုင်ငံက မြန်မာအလုပ် သမားများအတွက် အလုပ်ခေါ်စာ ခြောက်ရာ
ကျော် ယခုရက်ပိုင်းအတွင်းတွင် ကျလာကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကိုရီးယားနိုင်ငံမှာ တရုတ်နှစ် သစ်ကူးကာလပွဲတော်တွေများနေလို့ အလုပ်သမား မခေါ်နိုင်သေးဘူးလို့
အကြောင်းကြားထားတာ ။ အခုရုတ်တရက် အလုပ်ခေါ်စာ ခြောက်ရာကျော်ကျလာတာပါ ။ နောက်ထပ်လည်း ကျလာတော့မှာပါ'' ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတာဝန်ရှိသူက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ အလုပ်သမားများအတွက် အလုပ်ခေါ်စာ ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၁၅ဝ ဦးကျော်၊ ၁၆ ရက်နေ့တွင် ၂ဝဝ ဦး ကျော်၊ ၁၇ ရက်နေ့တွင် ၃ဝဝ ဦး ဝန်းကျင် ကျလာကြောင်း သက်ဆိုင်ရာ ထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ အလုပ် သမားစေလွှတ်မှုကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက တာဝန်ယူဆောင်ရွက်စဉ် ကိုရီးယားသွားရောက်လုပ်ကိုင်သူတိုင်း မဖြစ်မနေဖြေဆိုရသော ကိုရီးယား
ဘာသာအရည်အချင်းစစ်စာမေးပွဲကိုယခုနှစ်တွင် နှစ်ကြိမ်စစ်ဆေးခဲ့ကြောင်း၊ပထမအကြိမ်စစ်ဆေးခဲ့စဉ် စာမေးပွဲဖြေဆိုသူ ၄၅၃၂ ဦးရှိပြီး အောင်မြင်သူ၄၁ဝ၉ ဦးရှိခဲ့ကြောင်း၊ ယင်းအောင်မြင်သူများမှ အလုပ်လျှောက်လွှာတင်ထားသူ ၃၈၆၄ ဦးရှိသည့်အနက် အလုပ်ခန့်စာရထားသူ ၄ဝဝ ကျော်ကို စေလွှတ်
ပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် စစ်ဆေးရာတွင် ဖြေဆိုသူ ၁၂၄၉၁ ဦးရှိပြီးအောင်မြင်သူ ၃၈ဝဝ ဦးရှိကြောင်း
အလုပ်သမားဝန်ကြီးဌာနထံမှသိရသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ် ဖြင့် တစ်နှစ်အတွင်း မြန်မာအလုပ်သမား ၂ဝဝဝ ကျော် စေလွှတ်နိုင်ပြီဖြစ်ကြောင်း ယင်းအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်သည့်စနစ်မှာ အလုပ်ရှင်က စိတ်ကြိုက် အလုပ်သမားခေါ်ယူသည့် စနစ်ဖြစ်သော်လည်း စာမေးပွဲသက်တမ်း ကုန်သည်အထိ ယင်းနိုင်ငံသို့ သွားရောက်
လုပ်ကိုင်ခွင့်မရရှိသူများရှိ၍ အဆိုပါ ပြဿနာများ ထပ်မံပေါ်ပေါက်ရန် စာမေးပွဲအောင်ထားသည့် အကြိမ်အလိုက် အလုပ်သမားစေလွှတ်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ ဝန်ကြီးဌာနတို့ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည် ။


''ကိုရီးယားကို ဘယ်တော့သွားရမယ် ဆိုတာမသိဘူး။ အခု (Job Offer) တွေကျရင် တစ်ယောက်၊ နှစ်ယောက်
လောက်ပဲပါတယ်။ အဲဒါကိုစောင့်လို့ ဘာမှလည်းမလုပ်ဖြစ်ဘူး'' ဟု ကိုရီးယား
ဘာသာစကား အရည်အချင်းစစ် စာမေးပွဲအောင်မြင်ပြီး စောင့်ဆိုင်းနေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား
တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံမှ နှစ်နိုင်ငံအစိုးရ အချင်းချင်းသဘောတူညီမှု (Government to Government) စနစ်ဖြင့် တောင် ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အလုပ်သမားစေလွှတ်လျက်ရှိပြီး မလေးရှားနိုင်ငံသို့ပါ စေလွှတ်ရန် ဆွေးနွေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ထံမှ သတင်းရရှိသည်။


Sources:
- The Voice Weekly (8/6)
-

Read More>>>

Friday 13 January 2012

ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများအား မော်တော်ကားစီးရေ ၅၀၀၀ အထိ တင်သွင်းခွင့်ပြုပေးသွားမည်


ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား မော်တော်ယာဉ်တင်သွင်းခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်ထားသည့် အချက်အလက်များပြည့်စုံပါက ကားအစီးရေ ၅၀၀၀ အထိ တင်သွင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရှိရသည်။
လတ်တလော လျာထားချက်အနေဖြင့် ကားအစီးရေ ၃၀၀၀ သတ်မှတ်ထားပြီး၊ လျှောက်လွှာ ၃၀၀၀ ပြည့်ပါက ချိတ်ပိတ်မည်ဖြစ်ကြောင်း၊ သို့သော် ထပ်မံတင်ပြသည့် လျောက်လွှာများ၌ အချက် အလက်ပြည့်စုံပါက ကားအစီးရေ ၅၀၀၀ အထိ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''လောလောဆယ် ကားအစီးရေ ၃၀၀၀ တင်သွင်းခွင့်ပေးဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အချက်အလက်စုံရင်တော့ စုံသလို ကားအစီးရေ ၅၀၀၀ အထိ ချထားပေးသွားမှာ ဖြစ်ပါတယ်။ တင်ပြတဲ့ အချက်အလက်မစုံရင်တော့ မော်တော်ကားတင်သွင်းခွင့်ကို ရရှိမှာမဟုတ်ပါဘူး''ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများ၏ ကားသွင်းခွင့်လျောက်လွှာများကို အလုပ်သမားဝန်ကြီးဌာန၊ မော်တော်ယာဉ်တင်သွင်းခွင့် စိစစ်ရေးကော်မတီမှ စိစစ်ထောက်ခံတင်ပြပေးမည်ဖြစ်ပြီး အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ၊ မရမ်းကုန်းမြို့နယ် ၀၁-၆၆၇၇၅၄ သို့ လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း သိရသည် ။
ပြည်ပ၌ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ မော်တော်ယာဉ်တင်သွင်းခွင့်အတွက် မည်သည့်အချက်အလက်များ သတ်မှတ်ထားသည်ကိုမူ သက်ဆိုင်ရာက တိတိပပ ကြေညာထားခြင်းမရှိသေးကြောင်းလည်း သိရသည် ။

Ref:
- http://www.weeklyeleven.com/index.php?option=com_content&view=article&id=11837:2012-01-11-07-22-01&catid=42:2009-11-10-07-36-59&Itemid=112

Read More>>>

Monday 9 January 2012

အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၅၈၀ ဝမ် ၊ ယခင်နှစ်ထက် ၂၆၀ တက် ။

အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၅၈၀ ဝမ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ရာ ၊ ယခင်နှစ်ထက် ဝမ် ၂၆၀ တက် လာကြောင်း ၊ ၁ ရက် (၈-နာရီ) လုပ်ခ ၃သောင်း ၆ထောင် ၆၄၀ ၊ ရက်သတ္တပတ် (၄၀ နာရီ) လစာ ၉ သိန်း ၅ သောင်း ၇ ထောင် ၂၂၀ နှင့် ရက်သတ္တပတ် (၄၄နာရီ) အတွက် လစာမှာ ၁၀ သိန်း ၃ သောင်း ၅ ထောင် ၈၀ ဖြစ်လာသည်ဟုဆိုပါသည် ။


အနည်းဆုံးလုပ်ခ(သတ်မှတ်ရေး) ကော်မတီ(최저임금위원회) တွင် လုပ်ငန်းရှင် ၉ ဦး ၊ အလုပ်သမားကိုယ်စားလှယ် ၉ ဦး နှင့် အစိုးရအရာရှိ ၉ ဦး စုစုပေါင်း ၂၇ ဦးဖြင့်ဖွဲ့စည်းထားကြောင်း ၊ ၄င်းကော်မတီက ရက်ပေါင်း ၉၀ ကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၊ အဖွဲ့ဝင် ၅၀ ရာခိုင်နှုန်းကျော် တက်ရောက်သည့် အစည်းအဝေးတွင် ၊ ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်တို့၏ ဆန္ဒမဲဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင် ထုတ်ပြန်ခဲ့သည့် ၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ စာရင်းအင်းများ(경영계)နှင့် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများ (노동계) ကို အခြေခံ၍ တွက်ချက်ထားသည်ဟုဆိုပါသည် ။

လက်ရှိအနေအထားတွင် တိုးတက်သောပါတီ(진보정당)နှင့် လူထုအခြပြုအသင်းအဖွဲ့များ (시민단체) ဖြင့်ဖွဲ့စည်းထားပြီး အလုပ်သမားအရေးဦးစားပေးဆာင်ရွက်နေသည့် အနည်းဆုံးလုပ်ခဆိုင်ရာ အစည်းအရုံး (최저임금연대) က မူ ၊ တိုးတက်လာသော ကုန်ပစ္စည်းနှင့် လူနေမှုစရိတ်များအရ ၊ အိုအီးစီဒီနိုင်ငံများတွင် အလုပ်သမားအားလုံး၏ ပျမ်းမျှလစာ၏ ၅၀ ရာခိုင်နှုန်းကို အနည်းဆုံးလုပ်ခအဖြစ် သတ်မှတ်လေ့ရှိရာ ၊ ၂၀၁၂

ခုနှစ်အတွက် ကိုရီးယားနိုင်ငံ၏ အခြေံအလုပ်သမားများ အနည်းဆုံးလုပ်ခသည် ၁နာရီ ၅၄၁၀ ၊ ရက်သတ္တပတ်(နာရီ၄၀အခြခံ) လစာမှာ ၁၁ သိန်း ၃ သောင်း ၆၉၀ ဖြစ်သင့်ကြောင်း ၊ ၄င်း လစာမှာ ၂၀၁၀ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ထားသောစာရင်းအရ အလုပ်သမား၁ဦး၏ ပျမ်းမျှလစာ (노동자 월평균 정액급여) ၂၂သိန်း ၆သောင်း ၄ထောင် ၄၆၀ ၏ ထက်ဝက်ဖြစ်ကြောင်း နှင့် အနည်းဆုံးလုပ်ခပြောင်းလဲသတ်မှတ်ရေး တောင်းဆိုလျက်ရှိကြပါသည် ။
သို့ရာတွင် အနည်းဆုံးလုပ်ခ(သတ်မှတ်)ရေးကော်မတီသည် ၊ အခြေခံအလုပ်သမား လစာကို ရုတ်တရက် ရာခိုင်နှုန်း ခပ်များများတိုးပေးလိုက်ပါက အလတ်စားနှင့် အသေးစား လုပ်ငန်းရှင်များ အတွက် ၊ ရုတ်တရက် အခက်အခဲဖြစ်စေနိုင်သဖြင့် အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာကို ၄၅၈၀ သို့ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်း တိုးထားကြောင်း ၊ ၂၀၁၁ခုနှစ်ကမူ ၂၀၁၀ ခုနှစ်ကထက် ၅ဒဿမ ၁ ရာခိုင်တိုးခဲ့ကြောင်း သိရသည် ။


၂၀၁၁ခုနှစ်က လူတစ်ဦး(အိမ်ထောင်စု)၏ ပျမ်းမျှလူနေမှုစရိတ်မှာ ၅သိန်း ၃သောင်း ၂ ထောင်၅၈၃ ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်အတွက် ၊ လူတစ်ဦး(အိမ်ထောင်စု)၏ ပျမ်းမျှလူနေမှုစရိတ်မှာ ၅သိန်း ၅သောင်း ၃ထောင်၃၅၄ဖြစ်ကြောင်း လည်း သိရသည် ။

Resources:
- http://ablenews.co.kr/News/NewsContent.aspx?CategoryCode=0016&NewsCode=001620110801114735343750
- http://www.pressian.com/article/article.asp?article_num=30110801190705&Section=02
- http://www.ohmynews.com/NWS_Web/view/at_pg.aspx?CNTN_CD=A0001595723

Read More>>>

Saturday 7 January 2012

ဝင်ငွေခွန်ဆောင် မြန်မာအလုပ်သမားများ ပထမဆုံးအကြိမ် ကားစီးရေ ၃ဝဝဝ သွင်းခွင့်ပေးမည်


ရန်ကုန်၊ ဇန်နဝါရီ ၅
ပြည်ပတွင် သွားရောက် အလုပ်လုပ်ခဲ့ချိန်က ဝင်ငွေခွန်ထမ်းဆောင်ခဲ့ကြဖူးကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ဘဏ်စာရင်းတွင် အမေရိကန်ဒေါ်လာ ၁ဝဝဝဝ နှင့် အထက်ရှိပါက ကားတင်သွင်းခွင်လျှောက်ထားနိုင်ပြီး ကားသစ်စီးရေ၃ဝဝဝ သွင်းခွင့်ပေးမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''အခုပြည်ပမှာ ရောက်ရှိအလုပ်လုပ်နေတဲ့သူတွေအပြင် ပြည်ပမှာအလုပ်လုပ်ပြီး အခုမြန်မာနိုင်ငံမှာ ပြန်ရောက်နေတဲ့သူတွေအားလုံး ကားသွင်းခွင့်လျှောက်လို့ရတယ်။ ဒါပေမဲ့ အခွန်ဆောင်ထားတဲ့ အထောက်အထားနဲ့ဘဏ်စာရင်းမှာ အမေရိကန်ဒေါ်လာတစ်သောင်းသွင်းထားတဲ့ အထောက်အထားပြဖို့လိုမယ် ။ ဒါတွေပြပြီး အလုပ်သမားဝန်ကြီးဌာနမှာ ကားသွင်းခွင့်လာလျှောက်လို့ရပါတယ်။ ၂ဝ၁၂ ခုနှစ်ဇန်နဝါရီလမတိုင်မီ ပြည်ပနိုင်ငံတွေမှာအလုပ်လုပ်ကိုင်နေသူ၊ အလုပ်လုပ်ခဲ့ဖူးသူတွေအားလုံး လျှောက်လို့ရတယ်''ဟုအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇန်နဝါရီလ ၅ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးတွင် ကျင်းပပြုလုပ်သော အလုပ်သမားများ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားခွင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့ကြခြင်းဖြစ်သည် ။
မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော အလုပ်သမားကိုယ်တိုင် လက်မှတ်ရေးထိုးလျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူ၏လက်ဗွေပါ ပါရမည်ဖြစ်ကာ သတ်မှတ်လျှောက်လွှာဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခဲ့သည့် အထောက်အထားများ၊ မြန်မာနိုင်ငံဘဏ် နိုင်ငံခြားငွေစာရင်းစာအုပ်မူရင်းနှင့် မိတ္တူပါရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားငွေစာရင်းတွင် အခွန်ဆောင်ထားသော အခွန်ကြေကြောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံးများ၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်ခြင်းအတွက် အစိုးရသို့အက်ဖ်အီးစီ ၁ဝဝပေးသွင်းထားသောချလန်မူရင်းနှင့် မိတ္တူလိုအပ်ကြောင်း၊ ယင်းအချက်အလက်ပြည့်စုံပါက မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၌ ယခုလ ၆ရက်နေ့မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
''နိုင်ငံခြားမှာရှိပြီး အလုပ်လုပ်နေတဲ့သူတွေဆိုရင် သတ်မှတ်လျှောက်လွှာပုံစံမှာ လက်မှတ်ထိုးပြီး ဖက်စ်နဲ့ပို့ပြီးလျှောက်လို့ရတယ်''ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အလုပ်သမားဝန်ကြီးဌာနကကားတင်သွင်းခွင့်လျှောက်ထားသူများကိုအစဉ်အတိုင်းမှတ်ပုံတင်စိစစ်ပြီး ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီက မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းယင်းဌာနမှ တရားဝင်ထုတ်ပြန်ထားသည်။
မော်တော်ယာဉ်တင်သွင်းရမည့်တန်ဖိုးကို သတင်းဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကဆိုသည် ။

Sources:
- The Voice Weekly (8/4)

Read More>>>

Monday 2 January 2012

အလုပ်ရုံပြောင်းရွှေ့ခွင့် ကန့်သတ် / တားမြစ်ထားခြင်းသည် တရားမျှတမှုရှိပါ၏လော

သည်အသံကျယ်ကျယ်လောင်လောင်မကြားရတတ်ပါ
အခုမျက်မှောက်ကာလမှာ နိုင်ငံတကာ အင်အားကြီးမီဒီယာများကတစ်ဆင့် ကျနော်တို့ အသံကျယ်ကျယ် ကြားနေ သိနေကြရတာတွေက ၊ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး ၊ တန်းတူညီမျှမှုရှိရေး ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့် ၊ လွပ်လပ်စွာကိုးကွယ်ခွင့် ၊ လွတ်လပ်စွာတရားစီရင်ခွင့် ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး ဆိုတာတွေပါ ။ သို့သော်လည်း အခြေခံအလုပ်သမားအခွင့်အရေး ဆိုတဲ့ အသံတွေကိုတော့ ကျယ်ကျယ်လောင်လောင် မကြားရတတ်ပါဘူး ။
တရားမျှတမှုရှိပါသလော
ကိုရီးယား အီးပီစနစ်မှာ အလုပ်သမားများကို အလုပ်ရုံပြောင်းရွှေ့ခွင့် ကန့်သတ်/တားမြစ်ထားပါတယ် ။ တရားမျှတမှုရှိတယ်လို့ မိတ်ဆွေ ယူဆပါသလား ။ တရားမျှတပါ၏ ဟု ယူဆသူများအဖို့ အထွေအထူးပြောစရာရှိမည် မထင်ပါ ။ သို့သော်လည်း အလုပ်ရုံပြောင်းရွှေ့ခွင့် ကန့်သတ်/တားမြစ် ထားခြင်းသည် တရားမျှတမှု မရှိ ဆိုသူများအဖို့တော့ “ ကျနော်တို့ ၊ ဘာတွေလုပ်နိုင်မလဲ ၊ ဘယ်လိုလုပ်နိုင်မလဲ ။ သည်အခွင့်အရေးတွေရဖို့ ၊ ဘယ်သူ့မှာ တာဝန်ရှိလို့ ၊ ဘယ်သူတွေက ဘာလုပ်ရမှာလဲ ” စတဲ့ မေးခွန်းတွေရှိလာမည်ဟု ယူဆပါတယ် ။
အီးပီလုပ်သားတိုင်းကြုံရတတ်တဲ့ပြဿနာပါ
ကိုရီးယားရောက်လာတဲ့ မြန်မာအီးပီလုပ်သား အတော်များများ (အတော်များများ) သည် ပြဿနာနှင့် ကြုံတွေ့ခဲ့ဖူးကြမှာပါ ။ လက်တွေ့လက်ရှိအခက်ကြုံနေကြသူတွေရှိသလို ၊ နောင်ကိုလည်း ကြုံတွေ့ကြရဦးမှာပါ ။ အဲသည် ပြဿနာမရှိအောင် ကျနော်တို့ ဘာတွေလုပ်နိုင်မလဲ ။ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာသိရှိနိုင်ကြဖို့ ၊ သည်ပြဿနာကို ဟန်းဂုရွာမှာ ဆွေးနွေးသွားကြဖို့ စိတ်ကူးရလာလို့ သည်ဆောင်းပါး ၊ သည်ကဏ္ဍကို စတင်ဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ် ။
သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးပေးကြစေလို
စိတ်ပါဝင်စားသူ သက်ဆိုင်သူ ညီအစ်ကို မောင်နှမများ အားလုံး ပါဝင်ဆွေးနွေးပေးကြစေလိုပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ဟန်းဂုရွာမှာ စီဘောက်လို့ခေါ်တဲ့ အလွယ်တကူ ရေးသားနိုင်တဲ့ နေရာလေး မရှိတော့ပေမယ့် ၊ အီးမေးလ်များ ( burmakorea@gmail.com နှင့် wyne1969@gmail.com ) တို့ ကနေတစ်ဆင့် ပေးပို့နိုင်သလို ၊ ဆောင်းပါးရဲ့ အထက်ညာဖက်ထောင့်မှာ ရှိတဲ့ ကောမ်မင့်(comment) သဘောထားမှတ်ချက် ရေးရန်နေရာမှာလည်း ရေးသားထားနိုင်ပါတယ် ။
ဒါမှမဟုတ် ကိုရက်ပ်စ် ဘလော့(http://koreps.blogspot.com ) မှာ “ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” ခေါင်း စဉ်တပ်ထားတဲ့ စီဘောက် ကတစ်ဆင့်လည်း ရေးသားထားနိုင်ကြပါတယ် ။
အားလုံး အဆင်ပြေကြပါစေဗျား ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>