Saturday 6 August 2011

ကိုရီးယားဗီဇာများ

ကျနော်တို့တစ်တွေ ကိုရီးယားမြေကို ရည်ရွယ်ချက် ရည်မှန်းချက်တွေ တစ်သီတစ်တန်းကြီးနဲ့ လာခဲ့ကြတာပါ ။ သို့သော်လည်း တစ်စုံတစ်ခုသော အချိန် အတိုင်းအတာ တစ်ခုအပြီးမှာတော့ မူလ မျှော်မှန်းထားတာတွေကတစ်ခြား လက်တွေ့ဖြစ်နေတာတွေက တစ်လွဲဖြစ်နေကြတဲ့သူတွေက ခပ်များများ ဖြစ်လိမ့်မယ်ထင်ပါတယ် ။ (ကိုယ့်အဖြစ်ကို ကိုယ်တိုင်ပြန်ကြည့်ပြီး မှတ်ချက်ပြုကြည့်တာပါ) ။

ဘာပဲဖြစ်ဖြစ် ခုတလော ကိုးရီးယားမှာ နေလို့ရအောင် ဘယ်လိုနည်းတွေရှိပါသလဲလို့ စပ်စုကြသူ တော်တော်များများ တွေ့မိပါတယ် ။ သိသလောက်တော့ပြောကြည့်ပါတယ် ။ အသက်ငယ်သူတွေမှာ မျှော်လင့်ချက်တွေ စိတ်ကူးချက်တွေအများကြီး ထားနိုင်သေးပေမယ့် ၊ မကြာသော ကာလမှာ အသက် ၄၀ ကျော်ကြတော့မယ့် မိတ်ဆွေများက စဉ်းစားစရာတွေ ရှိနေမှာ အမှန်ပါ ။ အီးပီစနစ်နှင့် ထပ်လာဖို့အခွင့်အရေးကလည်း မရှိတော့သလို ၊ အရင်လို ၂-ကကြီး ဆိုပြီး လုပ်ဖို့ရာမှာလည်း မလွယ်ကူတဲ့ ကိစ္စဖြစ်နေတာမို့ပါ ။ အဲသည် မိတ်ဆွေများအဖို့ ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန လက်ရှိ လုပ်ပုံကိုင်ပုံများအရ ကိုရီးယားသို့ နောက်တစ်ခေါက်လာဖို့ဆိုတာ မသေခြာမရေရာတဲ့ ကိစ္စလို ဖြစ်နေမှာ အမှန်ပါ ။

ကျနော်လည်း အများကြီး မသိတော့ အများကြီး မပြောတတ်ပါ ။ သို့သော်လည်း လူဝင်မှုဆိုင်ရာ ဥပဒေအရ ကိုရီးယားအစိုးရက ခွင့်ပြုထားသော ဗီဇာအမျိုးအစားများကို သိထားခြင်းအားဖြင့် ၊ အော် သည်ဗီဇာ ရှိနေတော့ သည်ဗီဇာရအောင် တို့ကတော့ ဘယ်လိုလုပ်ဦးမှပဲ ၊ ဘယ်လိုလုပ်ရင်တော့ သည်ဗီဇာ အမျိုးအစားရနိုင်ကောင်းပါရဲ့ ဆိုတဲ့ အတွေးလေးများ ရနိုင်ကောင်းရဲ့ဆိုတဲ့ စဉ်းစားချက်နှင့် သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။
လက်ရှိအနေအထားမှာ ၊ ကိုရီးယားအစိုးရက ထုတ်ပေးနေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား ၃၀ ကျော်ရှိပါတယ် ။ အဲဒါတွေကတော့ -
A visas
A-1 Diplomat (외교) သံတမန်
A-2 Government official (공무) အစိုးရဝန်ထမ်း
A-3 Agreement (협정) သဘောတူညီချက်
B visas
B-1 Visa exemption (사증면제) ဗီဇာကင်းလွတ်ခွင့်ရသူများ
B-2 Tourist/transit (관광통과) ခေတ္တနား ၊ ခရီးတစ်ထောက်နားနေခွင့်
C visas
C-1 Temporary news coverage (일시취재) ယာယီသတင်းသမား
C-2 Short-term business (단기상용) ရက်တို လုပ်ငန်းကိစ္စ
C-3 Short-term general (단기종합) ရက်တို အထွေထွေ
C-4 Short-term employee (단기취업) ရက်တို အလုပ်
D visas
D-1 Artist (문화예술) အနုပညာရှင်
D-2 Student (유학) ပညာတော်သင်
D-3 Industrial trainee (산업연수) အလုပ်ခွင်သင်တန်းသား
D-4 General trainee (일반연수) သာမန်သင်တန်း(ကျောင်းသား)
D-5 Journalism (취재) မီဒီယာသမား
D-6 Religion (종교) ဘာသာရေး
D-7 Business supervisor (상사주재) လုပ်ငန်းကြီးကြပ်သူ
D-8 Corporate investor (기업투자) ကုမ္ပဏီ ၊ ရင်းနှီးလုပ်ကိုင်သူ
D-9 International trade (무역경영) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိစ္စ
D-10 Job Seeking (직업추구)အလုပ်ရှာဖွေခွင့်
E visas
E-1 Professor (교수) ပါမောက္ခ
E-2 Foreign language instructor (회화지도) နိုင်ငံခြားဘာသာ နည်းပြ
E-3 Research (연구) သုတေသန
E-4 Technology transfer (기술지도) နည်းပညာဖလှယ်ရေး
E-5 Professional employment (전문직업) အသက်မွေးမှုအလုပ်အကိုင်
E-6 Artistic performer (예술흥행) အနုပညာ ၊ ဖျော်ဖြေရေး
E-7 Designated activities (특정활동) အထူးကိစ္စ
E-8 Training employment (연수취업) ကျွမ်းကျင် သင်တန်းသား
E-9 Non-professional employment (비전문취업) အသက်မွေးမှု လုပ်ငန်းနှင့် မဆိုင်သော အလုပ်အကိုင် (အီးပီ)
E-10 Vessel Crew (내항선원) (ပြည်တွင်းသင်္ဘောသား)
F visas
F-1 Visiting or joining family (방문동거) (မိသားစုအလည်အပတ်)
F-2 Resident (거주) (အခြေချနေထိုင်ခွင့်)
F-3 Accompanying spouse (동반)(မှီခို)
F-4 Overseas Korean (재외동포)(ပြည်ပဖွားကိုရီးယားများ)
F-5 Permanent resident (영주) (အမြဲတမ်းနေထိုင်ခွင့် ၊ ပီအာရ်)

G visas
G-1 Miscellaneous (အထွေထွေ) (သတ်မှတ်ပြဋ္ဌာန်းထားသော ဗီဇာ အမျိုးအစားတစ်ခုခုတွင် မပါရှိသော ကိစ္စရပ်များအတွက် )
H visas
H-1 Working holiday (관광취업) (အလည်အပတ် အလုပ်လုပ်ခွင့်)
H-2 Working visit (방문취업제) (ဧည့်လုပ်သား)
M visas
M-1 Military (군인) (စစ်မှုထမ်းများ)

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။
လေးစားမှုဖြင့်-

ကိုဝိုင်း(မိုးညှင်း)

No comments: