ကိုရီးယား အစိုးရသည် အကျော်အမော် နိုင်ငံခြားသားများကို ကိုရီးယားနိုင်ငံအတွင်း အခြေချနေထိုင်ခွင့် ရရှိရေးအစီအစဉ်အဖြစ် ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့် (점수제 거주: F-2) ရရှိရေး အစီအစဉ်ကို ၂၀၀၈ ခုနှစ်မှတင်ဆောင်ရွက်ခဲ့သော်လည်း ၊ သတ်မှတ်ချက်များမှာ အတော်မြင့်နေသည့်အတွက် ၃ နှစ်တာ ကာလအတွင်း အဆင့်မှီလျှောက်ထားရရှိသူ ၁ ဦးသာ ရှိခဲ့သည်ဟုဆိုပါသည် ။
ယခုအခါ အဆိုပါ အခြေချ နေထိုင်ခွင့် သတ်မှတ်ချက် လောက်မခက်ခဲသော်လည်း ၊ ကိုရီးယားလုပ်ငန်းရှင်များအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ကိုရီးယားအစိုးရက မျှော်မှန်းထားသည့် အီးပီ အစရှိသည့် လုပ်သားလူရည်ချွန်များကို အထူးကျွမ်းကျင်သူဗီဇာ (특정활동: E-7) ထုတ်ပေးမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပြန်ပါပြီ ။
အစီအစဉ်မှာ အီးပီလုပ်သားများ (비전문취업: E-9) ဧည့်လုပ်သားများ (방문취업:H-2) နှင့် ကမ်းရိုးတန်း သင်္ဘောသားများ (선원취업: E-10) များ အနေဖြင့် ၊ ကိုရီးယားနိုင်ငံအတွင်း ၁၀ နှစ်အတွင်း အနည်းဆုံး ၄ နှစ်နေထိုင်ပြီးဖြစ်ခြင်း ၊ အသက် ၃၅ နှစ်အောက်ဖြစ်ခြင်း ၊ မိခင်နိုင်ငံတွင် အနည်းဆုံး ပညာရေး သတ်မှတ်ချက် အဖြစ် အငယ်တန်းကောလိပ် (2년제 전문대학) တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ခြင်း ၊ ကိုရီးယားဘာသာ အရည်အချင်း အဆင့်-၃ (3급 이상 한국어능력) အထက်ရရှိသူ သို့မဟုတ် (Completion of Social Integration Program : KIIP) အောင်မြင်ထားသူဖြစ်ခြင်း ၊ ဝင်ငွေအဖြစ် ၁ နှစ်အတွင်း သာမန်အလုပ်သမား ၁စ်ယောက်၏ ၁နှစ် ပျမ်းမျှ ဝင်ငွေထက်များသော ဝင်ငွေရရှိသူဖြစ်ခြင်း တည်းဟူသော အချက် (၄) ချက်နှင့် ညီညွှတ်ပါက အထူးကျွမ်းကျင်သူဗီဇာ (특정활동: E-7) ကို မိမိတို့နှင့် အနီးဆုံး လူဝင်မှုကြီးကြပ်ရေးဌာနတွင် ကိုယ်တိုင်သို့မဟုတ် ကိုယ်စားလှယ်ဖြင့် လျှောက်ထားနိုင်သည်ဟု ဆိုပါသည် ။
Wednesday, 23 November 2011
အီးပီ အစရှိသည့် အလုပ်သမား လူရည်ချွန်များကို ကိုရီးယားတွင် အထူးနေထိုင်ခွင့်ပေးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment