Thursday 7 April 2011

၂၀၁၁ ခုနှစ်အတွက် အီးပီ လုပ်သား အသစ် ၄သောင်း ၈ ထောင်ခေါ်မည်

ကိုရီးယား အစိုးရ နိုင်ငံခြား လုပ်သား အင်အား မူဝါဒကော်မတီ (the Foreign Workforce Policy Committee)သည် ၂၀၁၁ ခုနှစ် နိုင်ငံခြားလုပ်အား မိတ်ဆက်အစီအစဉ် (2011 Foreign Workforce Introduction Plan)ကို ထုတ်ပြန်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ၄၈,၀၀၀ ခေါ်ယူ မည်ဖြစ်ကြောင်း ၊ ၄င်းအရေအတွက်သည် ၂၀၁၀ ခုနှစ် ကခေါ်ယူခဲ့သည့် အလုပ်သမားဦးရေ ၃၄,၀၀၀ ထက် ၁၄,၀၀၀ ပိုမိုလာကြောင်း ၊ ဧည့်လုပ်သားဗီဇာ (H-2) အစီအစဉ်အရ အလုပ်လုပ်ခွင့်ပြုထားသည့် ပြည်ပနွယ်ဖွား ကိုရီးယား လူမျိုးများမှာ ယခင်နှစ် အတိုင်း ၃၀၃,၀၀၀ ဦး ရှိနေမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ဗီဇာ သက်တမ်းကုန်ဆုံးမည့် အီး-၉ အလုပ်သမား ၃၅,၀၀၀ နှင့် ရက်လွန်နေထိုင်အလုပ်သမား ၁၃,၀၀၀ တို့အတွက် ယခုနှစ် အလုပ်သမား ၄သောင်း ၈ ထောင်ထပ်မံခေါ် ယူရန်လျာထားခြင်းဖြစ်ကြောင်း ၊ ယခုနှစ်ခေါ်ယူမည့် အလုပ်သမားများကို အဓိကအားဖြင့် စက်မှု ကုန်ထုတ် လုပ်ငန်း တွင် ၄၀,၀၀၀ အသုံးပြုမည်ဖြစ်ပြီး ၊ ကျန် ၈ ထောင်ကိုမူ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၁,၆၀၀ ၊ ၀န်ဆောင်မှုလုပ်ငန်းတွင် ၁၅၀ ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ၄,၅၀၀ နှင့် မွေးမြူရေးလုပ်ငန်းတွင် ၁,၇၅၀ တို့တွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် ကိုရီးယားနိုင်ငံသားများ မလုပ်လိုကြသော ဆောက်လုပ်ရေး ဘေးထွက်ပစ္စည်း သန့်ရှင်းရေးလုပ်ငန်း နှင့် ဆားချက်လုပ်ငန်းတို့တွင်လည်း နိုင်ငံခြားသား E-9 အလုပ်သမားများကို အသုံးပြုရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ကိုရီးယားအစိုးရအနေဖြင့် ပထမ ၆ လပတ်အတွင်း ခွဲတမ်း၏ ၇၅%ကို ခေါ်ယူ အသုံးပြုသွားမည်ဖြစ်သဖြင့် ၊ ၂၀၁၁ ခုနှစ် လုပ်သားခွဲတမ်းများ ခေါ်ယူခြင်း ၃ လစော၍ ကုန်ဆုံးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဘက်ဂျယ်ဝါန်က ပြောသည် ။

တရားမဝင် ဗီဇာ ရက်လွန် အလုပ်သမား ရာခိုင်နှုန်းများသော နိုင်ငံများမှ အလုပ်သမားများ ဆက်လက်ခေါ်ယူခြင်း နှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးခြင်းတို့ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း လုပ်သားအင်အားမူဝါဒကော်မတီ ညွှန်ကြားရေးမှူးချုပ် ဟန်ချန်းဟွန်က ပြောသည် ။

No comments: