Monday 5 December 2011

အီး-၉ လုပ်သားများ အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာ ဒဿနများ အဖွင့်ကျမ်း

(တစ်)
ပေးစာ တစ်စောင်က သည်လိုဗျ ။ ကဲ ဖတ်ကြည့်ရအောင် -
ကိုဝိုင်းခင်ဗျား......
အခုတလော လူအများသိချင်နေတဲ့ ကိစ္စတခု ကိုဝိုင်းများသိရင် ဟန်းဂုရွာမှာ ဆောင်းပါးတင်ပေးပါလို့ အကူအညီတောင်းချင်တာပါခင်ဗျား....
ကျွန်တော်တို့ eps နဲ့လာတဲ့သူတွေ ၁ နှစ်ပြည့်ရင် ပြောင်းချင်တဲ့သူတွေ အများကြီး ရှိပါတယ်ခင်ဗျား ၊ ဒါပေမယ့်.....အလုပ်ပြောင်းမယ်ဆိုရင် ၊ ဘယ်လိုလုပ်ရမယ် ဆိုတာ ရုံးလုပ်ငန်းစဉ် အဆင့်ဆင့်ကို တိတိကျကျ သိပ်မသိကြပါဘူးခင်ဗျား.... တချို့ကပြောတော့ တနှစ်မပြည့်ခင်မှာ သက်တမ်းမကုန်ခင် ၊ လ.၀.က ရုံးသွားပြီးတော့ နောက်ထပ် အလုပ်ရှာခွင့် ၃လ နေထိုင်ခွင့် ကြိုတင် သွားယူထားရတယ်လို့ ပြောပါတယ်.....တချို့ကပြောတော့လည်း သက်တမ်းမကုန်ခင် 고용지원센터 လို့ခေါ်တဲ့ အလုပ်သမားကူညီရေးရုံးမှာ ကြိုတင်အကြောင်းကြား ထားရတယ်လို့လည်း ပြောတယ် ။ တချို့ပြောတာကတော့ ဒီလိုပဲ ၁ နှစ်ပြည့်အောင်လုပ်ပြီး ၊ နောက်တရက် အလုပ်ကထွက်တာနဲ့ သူဌေးက ကိုယ့်ရဲ့အလုပ်ထွက်စာကို အလုပ်သမား ကူညီရေးစင်တာကို ဖက်စ်နဲ့ပို့လိုက်မယ် ၊ ကိုယ်က အဲဒီ့ရုံးမှာ ထွက်စာသွားယူရင် ၊ ရုံးက အလုပ်ထွက်စာရယ် ၊ ၃လ နေထိုင်ခွင့်ရယ်၊ အလုပ်သမားလိုတဲ့ စက်ရုံလိပ်စာတွေရယ် ၊ ပေးလိမ့်မယ်လို့ ပြောပါတယ်.....
အဲဒါတွေကဘယ်ဟာမှန်လဲဆိုတာ တိတိကျကျမသိကြလို့ ၊ ကိုဝိုင်းများသိရင် သို့မဟုတ် သိတဲ့လူများရှိရင် မေးမြန်းပြီး ဆောင်းပါးတင်ပေးပါလို့ ၊ အကူအညီတောင်းတာပါ ခင်ဗျား.....
ကျေးဇူးတင်ပါတယ်ခင်ဗျား...
<<< ဆက်ဖတ်ရန်……

No comments: