Wednesday 7 December 2011

အထူးအီးပီစာမေးပွဲ ဘယ်သူတွေ ဖြေဆိုခွင့်ရှိသလဲ

သတင်းအခြေအမြစ် ၊ အညွှန်းတွေထည့်ပေးထားတယ်ဆိုတာ
ကျနော်တင်ပြတဲ့ သတင်း ဆောင်းပါးတော်တော်များများမှာ မူရင်းဘာသာစကားလုံးအချို့(ကိုရီးယား ၊ အင်္ဂလိပ်စသည်များ) ကို ကွင်းနှင့်တွဲပြီး ဖော်ပြပေးထားတယ် ၊ သတင်းအညွှန်းတွေထည့်ပေးထားတယ်ဆိုတာ ၊ မရှင်းမလင်းတာတွေ ရှိရင် ဖြည့်စွက် ဖတ်ရှု ၊ ဆက်လက် လေ့လာပြီး ပိုမိုနားလည်နိုင်ကြစေဖို့ ၊ အမှားတွေ ရှိခဲ့ ပါခဲ့ရင်လည်း ထောက်ပြ ဝေဖန်ပေးနိုင်ကြဖို့ပါ ။ သို့သော် ကျနော်တို့ ရွာသား တော်တော်များများမှာ ကျနော် ဘာသာပြန်တာကိုပဲ အားကိုးအားထားပြုပြီး ၊ မရှင်းလင်းရင် ရည်ညွှန်းသတင်းတွေ ပြန်မဖတ်ကြပဲ ကျနော့်ဆီပဲ ပြန်မေးကြတာကများမယ်လို့ ကျနော်ထင်ပါတယ် ။
တိုပစ် စာမေးပွဲဖြေဖို့လိုမလို
အရင် ကျနော်တင်ပြခဲ့တဲ့ ပို့စ် //အညွှန်း //မှာ အီးပီအက် - တိုပစ် စာမေးပွဲဖြေရန်မလိုဆိုတာ အီးပီ လုပ်သားလောင်းတွေ ဖြေကြရမယ့် ရိုးရိုး စာမေးပွဲစောင့်ပြီး ဖြေဖို့မလိုဘူး လို့ ဆိုလိုရင်းသာဖြစ်ပါတယ် ။ အထူးစာမေးပွဲကိုဖြေကြရပါမယ် ။ စာမေးပွဲရဲ့ အင်္ဂလိပ်လို တရားဝင်အမည်ဟာ (Special EPS-TOPIK for Re-hired Workers) ဖြစ်ပါတယ် ။
၂ကျော့ပြန်အီးပီစနစ်မှာ ဘယ်သူတွေ အကျုံးဝင်သလဲ
အရင် ကျနော်တင်ပြခဲ့တဲ့ ၂ကျော့ပြန်အီးပီလုပ်သားများကိစ္စ မရှင်းမရှင်းဖြစ်သွားကြပုံရပါတယ် ။ သတင်းခေါင်းစဉ်တပ်တာ ၊ ဘာသာပြန်တာ လိုအပ်ချက်ရှိနေတာတွေကြောင့် လို့ ကျနော်ထင်ပါတယ် ။ ၂ကျော့်ပြန်အီးပီဆိုတာ အမှန်တော့ (Re-hired / 재고용) ဆိုတာကို ဘာသာပြန်ထားခြင်းပါ ။ ထပ်မံငှားရမ်းခံရသူလို့ ဘာသာပြန်ရမယ်ထင်ပါတယ် ။ ၂ကျော့ပြန်သာမက ၃ကျော့ပြန်များလည်း ရှိနိုင်မယ်ထင်ပါတယ် ။
အဲဒီစနစ် ဘယ်သူတွေ အကျုံးဝင်သလဲ
ကိုရီးယားအစိုးရက ခွင့်ပြုထားသော ကာလအတွင်း မိမိသဘောဆန္ဒအလျောက်ပြည်တော်ပြန်သွားကြတဲ့ သူတွေ အဲသည်စနစ်မှာ အကျုံးဝင်ပါတယ် ။
သို့သော် ခြွင်းချက်တွေရှိတယ် ။ ဘာတွေလဲဆို -
၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁ ရက် (departures after Jan. 1, 2010) နေ့ဒီဖက်ပိုင်း ကိုရီးယားက ပြန်သွားသူတွေသာ အကျုံးဝင်တယ် ။
E-9-2 ဖြစ်ဖြစ် E-9 ဖြစ်ဖြစ်
သည်လိုဆိုတော့ ၊ ကိုရီးယားမှာ အခုရှိနေကြသေးတဲ့ သူတွေအားလုံး ရွှေအင်အင်အားနှင့် လာသူဖြစ်ဖြစ် ၊ ရွှေအင်းဝနှင့်လာသူဖြစ်ဖြစ် E-9-2 ဖြစ်ဖြစ် E-9 ဖြစ်ဖြစ် အီးပီလုပ်သားသာဖြစ်ခဲ့မယ်ဆိုရင် ၊ ဗီဇာ ရက်လွန်နေထိုင်ခြင်းမရှိပဲ ပြန်ကြဦးမယ့် သူတွေအားလုံး သည်စနစ်သစ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ် ။
နောက် သို့သော် တစ်ခုက ၊ အသက်ကန့်သတ်ချက်ရှိတယ် ။ စာမေးပွဲဖြေဖို့ စာရင်းတင်သွင်းရန် နောက်ဆုံးနေ့ (သက်ဆိုင်ရာက သတ်မှတ် ကြေညာမည့်နေ့) မှာ အသက် ၁၈ နှစ်ထက်မငယ် ၃၉ နှစ်ထက် မကြီးစေရဘူး ။
အဲသည်လို ဆိုထားကြောင်းပါ ။
အားလုံးရွင်လန်း အားရကြပါစေ ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
ရည်ညွှန်း -
- http://www.oec.gov.pk/announcements/returnee.htm
- http://firsttimeinkorea.blogspot.com/2011/11/overview-of-incentive-programs-for.html

No comments: