Monday 9 January 2012

အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၅၈၀ ဝမ် ၊ ယခင်နှစ်ထက် ၂၆၀ တက် ။

အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၅၈၀ ဝမ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ရာ ၊ ယခင်နှစ်ထက် ဝမ် ၂၆၀ တက် လာကြောင်း ၊ ၁ ရက် (၈-နာရီ) လုပ်ခ ၃သောင်း ၆ထောင် ၆၄၀ ၊ ရက်သတ္တပတ် (၄၀ နာရီ) လစာ ၉ သိန်း ၅ သောင်း ၇ ထောင် ၂၂၀ နှင့် ရက်သတ္တပတ် (၄၄နာရီ) အတွက် လစာမှာ ၁၀ သိန်း ၃ သောင်း ၅ ထောင် ၈၀ ဖြစ်လာသည်ဟုဆိုပါသည် ။


အနည်းဆုံးလုပ်ခ(သတ်မှတ်ရေး) ကော်မတီ(최저임금위원회) တွင် လုပ်ငန်းရှင် ၉ ဦး ၊ အလုပ်သမားကိုယ်စားလှယ် ၉ ဦး နှင့် အစိုးရအရာရှိ ၉ ဦး စုစုပေါင်း ၂၇ ဦးဖြင့်ဖွဲ့စည်းထားကြောင်း ၊ ၄င်းကော်မတီက ရက်ပေါင်း ၉၀ ကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၊ အဖွဲ့ဝင် ၅၀ ရာခိုင်နှုန်းကျော် တက်ရောက်သည့် အစည်းအဝေးတွင် ၊ ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်တို့၏ ဆန္ဒမဲဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင် ထုတ်ပြန်ခဲ့သည့် ၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ စာရင်းအင်းများ(경영계)နှင့် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများ (노동계) ကို အခြေခံ၍ တွက်ချက်ထားသည်ဟုဆိုပါသည် ။

လက်ရှိအနေအထားတွင် တိုးတက်သောပါတီ(진보정당)နှင့် လူထုအခြပြုအသင်းအဖွဲ့များ (시민단체) ဖြင့်ဖွဲ့စည်းထားပြီး အလုပ်သမားအရေးဦးစားပေးဆာင်ရွက်နေသည့် အနည်းဆုံးလုပ်ခဆိုင်ရာ အစည်းအရုံး (최저임금연대) က မူ ၊ တိုးတက်လာသော ကုန်ပစ္စည်းနှင့် လူနေမှုစရိတ်များအရ ၊ အိုအီးစီဒီနိုင်ငံများတွင် အလုပ်သမားအားလုံး၏ ပျမ်းမျှလစာ၏ ၅၀ ရာခိုင်နှုန်းကို အနည်းဆုံးလုပ်ခအဖြစ် သတ်မှတ်လေ့ရှိရာ ၊ ၂၀၁၂

ခုနှစ်အတွက် ကိုရီးယားနိုင်ငံ၏ အခြေံအလုပ်သမားများ အနည်းဆုံးလုပ်ခသည် ၁နာရီ ၅၄၁၀ ၊ ရက်သတ္တပတ်(နာရီ၄၀အခြခံ) လစာမှာ ၁၁ သိန်း ၃ သောင်း ၆၉၀ ဖြစ်သင့်ကြောင်း ၊ ၄င်း လစာမှာ ၂၀၁၀ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ထားသောစာရင်းအရ အလုပ်သမား၁ဦး၏ ပျမ်းမျှလစာ (노동자 월평균 정액급여) ၂၂သိန်း ၆သောင်း ၄ထောင် ၄၆၀ ၏ ထက်ဝက်ဖြစ်ကြောင်း နှင့် အနည်းဆုံးလုပ်ခပြောင်းလဲသတ်မှတ်ရေး တောင်းဆိုလျက်ရှိကြပါသည် ။
သို့ရာတွင် အနည်းဆုံးလုပ်ခ(သတ်မှတ်)ရေးကော်မတီသည် ၊ အခြေခံအလုပ်သမား လစာကို ရုတ်တရက် ရာခိုင်နှုန်း ခပ်များများတိုးပေးလိုက်ပါက အလတ်စားနှင့် အသေးစား လုပ်ငန်းရှင်များ အတွက် ၊ ရုတ်တရက် အခက်အခဲဖြစ်စေနိုင်သဖြင့် အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာကို ၄၅၈၀ သို့ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်း တိုးထားကြောင်း ၊ ၂၀၁၁ခုနှစ်ကမူ ၂၀၁၀ ခုနှစ်ကထက် ၅ဒဿမ ၁ ရာခိုင်တိုးခဲ့ကြောင်း သိရသည် ။


၂၀၁၁ခုနှစ်က လူတစ်ဦး(အိမ်ထောင်စု)၏ ပျမ်းမျှလူနေမှုစရိတ်မှာ ၅သိန်း ၃သောင်း ၂ ထောင်၅၈၃ ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်အတွက် ၊ လူတစ်ဦး(အိမ်ထောင်စု)၏ ပျမ်းမျှလူနေမှုစရိတ်မှာ ၅သိန်း ၅သောင်း ၃ထောင်၃၅၄ဖြစ်ကြောင်း လည်း သိရသည် ။

Resources:
- http://ablenews.co.kr/News/NewsContent.aspx?CategoryCode=0016&NewsCode=001620110801114735343750
- http://www.pressian.com/article/article.asp?article_num=30110801190705&Section=02
- http://www.ohmynews.com/NWS_Web/view/at_pg.aspx?CNTN_CD=A0001595723

No comments: