Wednesday 30 May 2012

ဝန်ချီစက်မောင်း သင်တန်းနှင့် မြေတူးစက်မောင်းသင်တန်းများ အခမဲ့ ပို့ချသင်ကြား ပေးမည်

အင်ချောန်း ကိုရီးယား ဆိပ်ကမ်းသင်တန်းကျောင်း (The Korea Port Training Institute-Incheon) သည် ၊ KPTII 2012 Foreign Workers Free Forklift and Backhoe Training အမည်ဖြင့် ၊ ကိုရီးယားနိုင်ငံရောက် အီးပီလုပ်သားများအတွက် ၊ ဝန်ချီစက်မောင်း သင်တန်းနှင့် မြေတူးစက်မောင်းသင်တန်းတို့ကို အခမဲ့ ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများ ၂၀၁၂ခုနှစ် ဇွန်လ ၂ ရက် စနေနေ့ ညနေ ၇ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံသို့ အီးပီ လုပ်သားများအဖြစ်ရောက်ရှိလာကြပြီးနောက် ပြည်တော်ပြန်ရောက်ချိန်တွင် ဤ အခမဲ့ သက်မွေးပညာသင်တန်း (free Development of Vocational Skill Training Programs)မှ ပို့ချလိုက်သော ပညာများ အသုံးပြုကာ မိမိတို့ဘဝလုံခြုံစွာ အသက်မွေးဝမ်းကျောင်းနိုင်ကြစေရန် နှင့် ကိုရီးယားနိုင်ငံ၏ ဂုဏ်သိက္ခာ (Korean National Brand) ထွန်းတောက်လာစေရန်ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ၊ သင်တန်း အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်းသိရသည် -
သင်တန်းချိန်(Classes): 9:00AM - 5:30PM (နေ့လည်စာ အခမဲ့)
သင်တန်းရက် : Every Sunday (6 Sundays) (တနင်္ဂနွေနေ့တိုင်း) (၆-ပတ်)
မှတ်ချက် ။ အီးပီသက်တန်း ၃ နှစ်ကုန်ဆုံးပြီးနောက် ၊ ပြန်လည် ငှားရန်းခွင့်အစီအစဉ် (re-employment Programs) ဖြင့် အီးပီအလုပ် ဆက်လက် မလုပ်လိုသူများကိုသာ ရည်ရွယ်သည်ဟု ဆိုပါသည် ။
ဆက်သွယ်ရန်လိပ်စာ (Address) :
#1-31, 7-Ga Hang-dong, Jung-gu
Incheon, South Korea
Telephone: +82-32-885-8011
လမ်းညွှန် -
- လျပ်စစ်ရထား ၊ လိုင်း(၁) ဆောအူးလ် - အင်ချောန်းလိုင်း (အပြာလိုင်း) စီးပြီး ၊ ဒုံအင်ချောန်းဘူတာ (Dongincheon Station - Line 1, Exit 6) ဆင်းပါ ။
- မြေအောက်ဘူတာ ၊ ထွက်ပေါက် ၆ - မက်ဒေါ်နယ်ဆိုင် (McDonalds) ရှေ့တွင် ၊ ဘတ်(စ်)ကား လိုင်း ၁၂ သို့မဟုတ် ၂၄ ကိုစီးပါ ။
- အင်ချောန်းလူဝင်မှုကြီးကြပ်ရေးရုံးမှတ်တိုင်(Incheon Immigration Office)တွင်ဆင်းပါ ။ လဝကရုံး မျက်နှာမူအနေအထားဖြင့် သင်၏ဘယ်ဖက်ခြမ်းတွင် ကေပီပီအိုင် (KPTII Building) (သင်တန်းတည်ရှိရာ) အဆောက်အဦးကို လှမ်းမြင်ရပါမည် ။
အခက်အခဲရှိပါက၊ အောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်ပါရန်-
ကိုဇေမင်း
HP: 010-2782-0940
Mr. Jason Seril
HP: +82-10-7913-7788
သင်တန်းသားလောင်းများ ၊ အောက်ပါအချက်အလက်များဖြည့်စွက် တင်ပြဖို့လိုအပ်ပါမည် -
Type of Course (တက်ရောက်လိုသော သင်တန်း)
Forklift (ဖော့ကလစ်) လား ၊ Backhoe (မြေတူးစက်) လား ။
Full Name: *(နာမည်အပြည့်အစုံ)
Sex/Gender: *(ကျား/ မ)
ARC (Alien Registration Certification) No.*(နိုင်ငံခြားသားကပ်ပြားအမှတ်)
Visa Sojourn *(ဗီဇာသက်တမ်း)
Nationality: *(မည်သည့်နိုင်ငံသား)
Contact Number (Mobile No.): *(ဆက်သွယ်ရန်)
Company Name: *(ကုမ္ပဏီအမည်)
Company Address: *(ကုမ္ပဏီလိပ်စာ)
Company Contact Number: *(ကုမ္ပဏီဖုန်း)
(can be your boss' contact number.)
Educational Background *(ပညာရေးအခြေအနေ)
Korean Proficiency *(ကိုရီးယားစကားပြော အခြေအနေ)
( ဤနေရာ CLICK လျင် ၊ ပေါ်လာမည့် စာမျက်နှာ တွင် ၊ လိုအပ်ချက်များ ဖြည့်စွက်ကာ ၊ အောက်ဆုံးရှိ Submit ဟူသော စာသားကိုနှိပ်ခြင်းအားဖြင့် တင်ပြ လျှောက်ထားကြရန် ဖြစ်ပါသည် ။)
အားလုံး အဆင်ပြေကြပါစေ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

No comments: