Thursday 20 December 2012

၂၀၁၃ ခုနှစ် အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၈၆၀ ဝမ် ၊ ယခင်နှစ်ထက် ၆ဒသမ၁ ရာခိုင်နှုန်း တက်

၂၀၁၃ခုနှစ် (ဇန္နဝါရီလ၁ ရက်မှ ဒီဇင်္ဘာလ ၃၁ ရက်နေ့ထိ) အတွက် ကိုရီးယားနိုင်ငံ အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၈၆၀ ဝမ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ရာ ၊ ယခင်နှစ်ထက် ဝမ် ၂၈၀ တက် လာကြောင်း ၊ ၁ ရက် (၈-နာရီ) လုပ်ခ ၃သောင်း ၈ထောင် ၈၈၀ ၊ ရက်သတ္တပတ် (၄၀ နာရီ ၊ တစ်လ ၂၀၉ နာရီ) လစာ ၁၀ သိန်း ၁ သောင်း ၅ ထောင် ၇၄၀ နှင့် ရက်သတ္တပတ် (၄၄နာရီ) အတွက် လစာမှာ ၁၀ သိန်း ၉ သောင်း ၈ ထောင် ၃၆၀ ဖြစ်ကြောင်း အနည်းဆုံးလုပ်ခ (သတ်မှတ်ရေး) ကော်မတီ (최저임금위원회) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည် ။


သို့ရာတွင် သက်တောင့်သက်သာစွာလုပ်ရသည့် ခြံစောင့်အစရှိသည့် စောင့်ကြည့်လုပ်သား (감시적근로자) များနှင့် နားချိန်ကများပြီး အလုပ်လုပ်ရသည့်အချိန်က နည်းသည့် ဘွိုင်လာမောင်းအစရှိသည့် စောင့်ထိန်းလုပ်သား(단속적근로자) များအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်မှာ အဆိုပါ လုပ်ခလစာ၏ ၉၀ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆိုပါသည် ။


ရည်ညွှန်းသတင်းများ-
- http://minimumwage.go.kr/
- http://outsourcingtimes.com/new/news/news_view.asp?nk=1&idx=58208
-

2 comments:

Unknown said...

၂၀၁၄ အတွက် အနည်းဆုံးလုပ်ခလစာထွက်ပြီဗျ။ ၅၂၁၀ တဲ့။ သိပြီးကြပြီလား။

Unknown said...

350 တောင်တက်သွားတယ်။