Wednesday, 7 November 2012

မြန်မာ အီးပီ အလုပ်သမားများ အမြန် အလိုရှိသည်

- သံထည်စက်ရုံ (၄) ဦး
- အထည်ချုပ်စက်ရုံ (၃) ဦး
- နေရာ = ချောန်းနန်(Cheonan)
- လစာ မှန် ၊ ကောင်း
- နေစရာ ပေး
- ထမင်းကျွေး ၃ နှပ်


- မှတ်ချက် -
- အလုပ်များပြီး ၊ အနည်းငယ်ပင်ပမ်းမည်ဖြစ်ပါသဖြင့် ၊ အလုပ်ကြိုးစားလုပ် ၊ ပိုက်ဆံများများ ရှာလိုသူများသာ ဆက်သွယ်ပါရန် ။
- ဆက်သွယ်ရန်-
- ကိုရွှေခံ (၀၁၀-၆၅၂၃-၁၂၀၆)

Read More>>>

Wednesday, 17 October 2012

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

သာလွန်ဇောင်းထက်| October 16, 2012 | IRRAWADDY

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြခိုင်းခြင်းကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်း မရှိကြောင်း၊ ဥပဒေအရ နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေးခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရသည့် စနစ်ကို ပယ်ဖျက်သွားရန် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။

“ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန်ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင် နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ်ကြောင့် နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ ဥပဒေထဲမှာလည်း ကင်းလွတ်ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန် အလွန်ခက်ခဲပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း ပြောဆိုသည်။

“ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်းမြို့နယ်မှာ ပြောင်းပြီး လုပ်ထားတော့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင်တာကိုလည်း၊ အခွန်ပေးစရာ မရှိတာကို ထောက်ခံစာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက် ၆ လကြာမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်” ဟု အဆိုပါလူငယ်က ဧရာဝတီသို့ ပြောသည်။

ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။

“အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင်စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက်သုံးရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ၀င်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး” ဟု စစ်ကိုင်းမြို့မှ လူငယ်တဦးက ဆိုသည်။

ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင် ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

“ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊ နောက်ပြီး အခက်အခဲတွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်းနိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။ လာမယ့်နှစ်ပတ်အတွင်း ရန်ကုန်မှာဖွင့်ဖို့ရှိတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။


REF:
- Irrawaddy-Burmese, Myanmar Journal

Read More>>>

Monday, 15 October 2012

မြန်မာအလုပ်သမား ၃ ဦးအလိုရှိသည်

ဝန်ချီစက်မောင်း ၁ ဦး
ကရိန်းမောင်း ၁ ဦး
အထွေထွေ ၁ ဦး
လစာ-မှန်-ကောင်း
မြန်မာလူခံရှိ
ထမင်း ၂ နှပ်ကျွေး ၊
နေစရာပေး
ဗီဇာ ရှိရှိ-မရှိရှိ


ဆက်သွယ်ရန်-
ကိုလူခံ-၀၁၀-၈၉၇၄-၉၂၆၂
2012-10-15

Read More>>>

Friday, 5 October 2012

အသေးစားနှင့်အလတ်စားလုပ်ငန်းများ လုပ်သားလိုအပ်ချက် ကိုရီးယားအစိုးရက ခပ်စောစော ဖြည့်ဆည်းပေးမည်

အောက်တိုဘာ ၆ ၊ ဆောအူးလ်

စက်တင်္ဘာ ၁၃ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးဝန်ကြီး လင်ဂျုံယုံ (Yim Jong-ryong, the Minister of the Prime Minister's Office)က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ကိုရီးယား နိုင်ငံခြားသားလုပ်သားအင်အားမူဝါဒကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး ၊အစည်းအဝေးက လာမည့် ၂၀၁၃ခုနှစ်အတွင်း အီးပီလုပ်သား ၆သောင်း၂ထောင်ခေါ်ယူမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည် ။

အဆိုပါ လုပ်သားအရေအတွက်မှာ ၊ လွန်ခဲ့သောနှစ်ထက် ၅ထောင်ပိုကြောင်း ၊ ကိုရီးယားနိုင်ငံ အသေးစားနှင့်အလုပ်စားလုပ်ငန်းများ ၊မွေးမြူရေးလုပ်ငန်း နှင့် ရေလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လုပ်သားများကို အမြန်ဆုံးဖြည့်စွက်နိုင်ရန်နှင့် ၊ ထိုင်းမှိုင်းနေသော ကိုရီးယားစီးပွါးရေးလုပ်ငန်းများ အမြန်ဆုံး နှာလန်ထူလာစေရေးအတွက် ယခင်နှစ်များထက် ၃လ စောပြီး ခေါ်ယူမည်ဖြစ်ကြောင်း ၊ ၃သောင်း၉ထောင်မှာ သက်တမ်းကုန်ပြည်တော်ပြန်ကြမည့်သူများနေရာတွင်အစားထိုးရန်နှင့် လူသစ်လိုအပ်ချက် ၂သောင်း၃ထောင်ဖြစ်ကြောင်း ၊ လုပ်သား ၅သောင်း၂ထောင်မှာ လူသစ်များဖြစ်ပြီး ၊ ၁သောင်းမှာ လူဟောင်းများ(re-entrants) ဖြစ်မည်ဖြစ်ကြောင်း သိရပါသည် ။

ထို့ပြင် ၊ ကိုရီးယားအစိုးရသည် အီးပီလူသစ်အလုပ်သမားများအလိုရှိသည့် ကိုရီးယားလုပ်ငန်းရှင်များထံမှ လုပ်သားခေါ်စာ(လျှောက်လွှာ)များကို စက်တင်္ဘာလမှ အစပြု၍ လက်ခံလျက်ရှိကြောင်းနှင့် ၊ ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူလိုသည့် နိုင်ငံမှ အီးပီလုပ်သားလောင်းများကို ကိုရီးယားအစိုးရက ခေါ်ယူပေးလျက်ရှိကြောင်း သိရသည် ။

မြန်မာပြည်မှ အီးပီလုပ်သားများကိုခေါ်ယူခြင်းမပြုတော့ဟု ကောလဟာလသတင်းများပြန့်နှံ့လျက်ရှိသော်လည်း အဆိုပါသတင်းမှာ အခြေအမြစ်မရှိကြောင်း ၊ သို့ရာတွင်ကိုရီးယားတွင် ရောက်နေပြီးဖြစ်သော မြန်မာအီးပီလုပ်သားများက ကိုရီးယားလုပ်ငန်းရှင်များ သဘောမတွေ့စရာ ဖြစ်ရပ်များ များများစားစားလုပ်ဆောင်နေကြမည်ဆိုလျင် ၊ ထိုကဲ့သို့သော သတင်းစကားများ မကြာခဏ ကြားသိနေကြရမည်ဆိုလျင် ၊ မြန်မာအလုပ်သမားများကို ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူလိုခြင်း ရှိမည်မဟုတ်သဖြင့် ၊ မြန်မာလုပ်သားခွဲတမ်း ပိတ်သလိုမျိုး ဖြစ်သွားနိုင်ကြောင်း ၊ အီးပီစနစ်သည် ယခင် သင်တန်းသားစနစ်လို ကိုရီးယားအစိုးရက တာဝန်ခံခေါ်ယူပြီး လုပ်ငန်းရှင်များထံ ခွဲတန်းချပေးနေသည့်စနစ်မဟုတ်သဖြင့် မြန်မာလုပ်သမားများ ကိုရီးယားနိုင်ငံသို့ မည်မျှခေါ်ယူမလဲဆိုသော အချက်မှာ ကိုရီးယားလုပ်ငန်းရှင်များက မြန်မာအလုပ်သမားများကို ခေါ်ယူလိုခြင်းရှိမရှိဆိုသော အချက်ပေါ်မူတည်နေလိမ့်မည်ဟု ယူဆကြောင်း ကိုဝိုင်း(မိုးညှင်း)ကပြောပါသည် ။

Read More>>>

Monday, 30 July 2012

၃-နှစ်စာချုပ်သမားတွေ ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ

မင်္ဂလာပါ အကို ကျွှန်တော်ကဒီရောက်တာ ကိုးလရှိပါပြီ အကို တို့သုံးနှစ်တိုက်ဖြတ်ရေးကို ဟန်ဂုရွာမှာတွေ့ရတာဝမ်းသာမိပါတယ် ဒါပေမယ့် မြန်မာပြည် အနေအထားနဲ့က မလွယ်ဘူးဗျ ကျွှန်တော့် သူငယ်ချင်းတစ်ယောက်ဆို သူကဒီကိုရောက်ဘူးတယ် ရေလုပ်ငန်းနဲ့ကျလို့မလားဘူး စာချုပ်မချုပ်ဘူး ဒါကိုမှတ်ချက်ရေးခိုင်းတယ် ရေးပေးလိုက်တော့လည်း စာရေးတာများတယ် ငါတို့မကောင်းဖြစ်မှာပေါ့ နောက်လူတွေလည်းအားနာအုံး နင်တစ်ယောက်မသွားရလို့ ဘာမှမဖြစ်ဘူး ကျန်တဲ့သူတွေရောက်ဘို့အရေးကြီးတယ် ဆိုပြီးပြောတယ် အရင်လူတွေဘယ်လောက်တောင်စောင့်ခဲ့ရလဲ အခုရတုန်းသွား ဆိုပြီးတိုက်တွန်းနေတော့ လာခြင်နေတဲ့သူတွေကိုဘယ်လိုတားမလဲအကို အဲ့ဒီမှာသူတို့အဘလို့ခေါ်နေတဲ့ သူကဆို သူတို့ပြောတာနားမလည်လို့ ပြန်မေးမိတာ ထိုးခံထိတယ် မင်းကဘာကောင်လဲဘာလဲနဲ့ အဲ့ဒီလောက်ဖြစ်နေတဲ့ လေဘာရုံးကို ဒီလာခြင်တွေက ဘယ်လိုနည်းနဲ့ လှန်ရဲမှာလည်း ဒါတွေကို ထည့်စဉ်းစားရင် မလွယ်ဘူးထင်လို့ပြောပြတာပါ ။
နောက်တစ်ခုက ဒီရောက်ပြီး တစ်နှစ်စာချုပ် တွေကသူတို့တစ်နှစ်ပြည့်ရင် အလုပ်ရှင်ကကြိုက်နေရင်လည်း ပြောင်းလို့ရပါသလား သိခြင်ပါတယ်
သုံးနှစ်စာချုပ်သမားတွေထဲက တစ်နှစ်ပြည့်လို့ပြောင်းခြင်ရင် ဘယ်လိုဆောင်ရွက်လို့ အဆင်ပြေနိုင်မလည်းသိခြင်ပါတယ် ။

********
ကိုမြင့်သန်းခင်ဗျာ။
အကြံပေးတာ ကျေးဇူးတင်ပါတယ်။
၁-နှစ် စာချုပ် ဆို ၁-နှစ်ပြည့်ပြီးရင် ၊ ကိုယ်ပြောင်းချင်ရင်ပြောင်းလို့ရပါတယ်။
၁-နှစ်စာချုပ်ကုန်ရင် ၊ သူဌေးက သူ့စက်ရုံမှာ ဆက်ခိုင်းချင်တယ်ဆို ၊ စာချုပ်အသစ်ထပ်ချုပ်ရပါတယ်။
အဲသည်မှာ ကိုယ်က သဘောမတူရင် ၊ စာချုပ်ဆက်မချုပ်လည်းဖြစ်ပါတယ် ။
၃-နှစ်ဆိုတော့ ၊ ကိုယ်က ကြိုက်ကြိုက်မကြိုက်ကြိုက် သူဌေးက ကြိုက်နေရင် ၃-နှစ်ပြည့်သည်အထိ ဆက်လုပ်ပေးဖို့တာဝန်ရှိနေပါတယ်။
သူဌေးက သဘောတူ ခွင့်ပြုမှ အခြားစက်ရုံကို ပြောင်းလို့ရပါတယ် ။
၃-နှစ်စာချုပ်သမားတွေက ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ၊ သူဌေးခွင့်ပြုချက်ရအောင်လုပ်ရပါ့မယ်။ သူဌေးခွင့်ပြုချက်ရမှ အဆင်ပြေပါမယ် ။
ကျန်တဲ့ နည်းတွေရှိပေမယ့် ၊ မလွယ်ကူလှကြောင်း သိရပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂-ဇူလိုင်-၃၁

Read More>>>

Wednesday, 4 July 2012

မြန်မာအလုပ်သမား ၁ ဦးအလိုရှိသည်

စက်အပိုပစ္စည်းအလုပ်ရုံ

အင်ချောန်း ၊ နမ်ဒုံးစက်မှုဇုံ

ဗီဇာမလို

နေစရာပေး

ထမင်းကျွေး

အချိန်ပိုကောင်း ၊ လစာ မှန် ၊ ကောင်း


မှတ်ချက် -

ယခင်က ၊ မြန်မာအလုပ်သမားတစ်ဦး ၁၀ နှစ်ခန့်လုပ်ခဲ့ဖူးပြီး ၊ မြန်မာလူမျိုး တန်းတန်းစွဲကြိုက်နေသော ကိုရီးယားသူဌေးဖြစ်သည်။



ဆက်သွယ်ရန်-

- 010-3353-9538(Korea)

Read More>>>

Sunday, 1 July 2012

အီးပီအက်စ် ဇွဲလုပ်သား(성실근로자)များကို ဇွဲဗီဇာပေးမည်

ဇူလိုင် ၂ ၊ ဆောအူးလ်

တောင်ကိုရီးယားအစိုးရသည် နိုင်ငံခြားအလုပ်သမားငှားရမ်းခြင်းစသည်များ ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ ၄ နှင့် ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ ၃ (ပြည်ပြန်ဝင်ခွင့်နှင့် အလုပ်ခန့်ထားရေးဆိုင်ရာ အထူးကန့်သတ်ချက်နှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်း) တို့အရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ အစပြု၍ အီးပီအက်စ် ဇွဲလုပ်သားများကို ဇွဲဗီဇာပေးမည်ဖြစ်ကြောင်း ကြေညာထားရာ ဆိုင်ရာ အီးပီမိတ်ဆွေများ သိရှိနိုင်ကြစေရန်အလို့ငှာ ကောက်နှုတ်ပြန်ဆိုအပ်ပါသည် ။

အောက်ဖော်ပြပါ အချက် ၅ ချက်နှင့် ကိုက်ညီရမည်ဟု ဆိုပါသည် -

၁ ။     အီးပီစနစ်ဗီဇာ(E-9)ဖြင့် ကိုရီးယားသို့ဝင်ရောက်လာပြီး အလုပ်ရုံ သို့မဟုတ် စက်ရုံ တစ်ခုတည်းတွင် ဗီဇာအစမှ ဗီဇာကုန်ဆုံးချိန် (၆ နှစ် သို့မဟုတ် ၅ နှစ် သို့မဟုတ် ၄နှစ်၁၀ လ) ထိ လုပ်ကိုင်လာသူဖြစ်ရမည် ။

     စက်ရုံ ပိတ်သိမ်းခြင်းစသည်ဖြင့် အလုပ်သမားကြောင့်မဟုတ်သော အကြောင်းကြောင့် စက်ရုံ အလုပ်ရုံပြောင်းရွှေ့ခဲ့ရခြင်းများဖြစ်လျင် နောက်ဆုံး လုပ်ခဲ့သော အလုပ်ရုံတွင် စာချုပ်ကာလ အနည်းဆုံး၁နှစ် ပြည့်သူ ဖြစ်ရမည် ။

၂။      စိုက်ပျိုးမွေးမြူရေး သို့မဟုတ် ငါးလုပ်ငန်း နှင့် အလုပ်သမား ၃၀အောက်ရှိသော ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်ရမည် ။(အခြေပြုအလုပ်ရုံများ ၅၀အောက်)

၃။     ပြည်ပြန်ဝင်ခွင့်ရရှိရန်အတွက် အလုပ်စာချုပ်ချုပ်ဆိုရာတွင် စာချုပ်အတည်ပြစ်သည့် (ကိုရီးယားသို့ပြန်လည်ရောက်ရှိမည့်)နေ့မှ စ၍ အနည်းဆုံး ၁နှစ် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုသူ ဖြစ်ရမည် ။

၎။     လုပ်ငန်းခွင်အလိုက် ခွင့်ပြုထားသည့် နိုင်ငံခြားသားအလုပ်သမား အရေအတွက် ခွင့်ပြုချက် ( နိုင်ငံခြားသားငှားရမ်းခွင့်လျှောက်ထားချက်) နှင့် ကိုက်ညီရမည် ။

၅။     လျှောက်ထားသည့် အလုပ်သမား၏ (မူလ) ဗီဇာ သည် ၂၀၁၂ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နောက်ပိုင်း ကုန်ဆုံးခြင်း ဖြစ်ရမည် ။


ဦးစားပေး ကင်းလွတ်ချက်များအနေဖြင့် လုပ်ငန်းရှင်များ အပိုင်းနှင့် အလုပ်သမားအပိုင်း ၂ပိုင်းခွဲခြားထားပါသည် ။

လုပ်ငန်းရှင်များအနေဖြင့်-

-      ပြည်တွင်းအလုပ်သမား(ကိုရီးယားသား)သုံးစွဲခွင့် လျှောက်ထားရန်မလို ။

-      အလုပ်ခွင့်တစ်ခုတည်းတွင် ကာလကြာရှည်စွာ ငှားရမ်းသုံးစွဲရန် အထူးကျွမ်းကျင်မှုလိုအပ်သည့်နိုင်ငံခြားသားများအား အထူးလေ့ကျင့်ပေးထားလျင် အဆိုပါ လုပ်သားများကို ခေတ္တပြည်ထွက်ခွင့်ပြုပြီး ပြန်လည်သုံးစွဲနိုင်သည် ။

အလုပ်သမားများအနေဖြင့်-

-      ပြည်ပြန်ဝင်ခွင့်အတွက် ၊ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်နှင့် အလုပ်ဝင်ပြင်ဆင်မှုသင်တန်းများတက်ရောက်ရန်မလို ။

-      အထူးစာမေးပွဲဖြေခွင့်ရအလုပ်သမားများမှာ ပြည်ထွက်ပြီး ၆ လနောက်ပိုင်းမှ ပြည်ပြန်ဝင်ခွင့်ရရှိမည်ဖြစ်သော်လည်း ၊ ဇွဲလုပ်သားများမှာ ပြည်ထွက်ပြီး ၃ လနောက်ပိုးတွင် ပြည်ပြန်ဝင်ခွင့်ရရှိမည် ။

လျှောက်ထားရမည့်အချိန်

-      မူလဗီဇ မကုန်ဆုံးမှီ ၁ လ နောက်ပိုင်း ၇- ရက်မတိုင်မှီ ။

လိုအပ်သည့်စာရွက်စာတမ်းများ-

-      ဇွဲလုပ်သား ထပ်မံငှားရမ်းခွင့်လျှောက်လွှာ

-      အလုပ်စာချုပ်မိတ္တူ

-      အလုပ်သမား၏ နိုင်ငံကူးလက်မှတ် မိတ္တူ နှင့် နိုင်ငံခြားသားကတ် မိတ္တူ

-      ပြည်ထွက်မည့်ရက် ကြေညာလွှာ

ထွက်ခွါခြင်းနှင့် ဗီဇာလျှောက်ထားခြင်း-

-      ဇွဲဗီဇာရ လုပ်သား(ကြီး)သည် ပြည်ပြန်ဝင်ခွင့်အတွက် အလုပ်စာချုပ်ချုပ်ပြီးဖြစ်ရမည့်အပြင် ၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဗီဇာမကုန်မှီ ကိုရီးယားမှ ထွက်ခွါရပါမည် ။

-      ဇွဲဗီဇာရလုပ်သားသည် မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိပြီး ၇ ရက်အတွင်း သက်ဆိုင်ရာ အလုပ်သမားရေးရာဌာန (မိမိအားပို့လွတ်မည့်ဌာန)သို့ သတင်းပို့ရမည် ။

-      အလုပ်ရှင်သည် ၊ ဇွဲလုပ်သားကြီး ကိုရီးယားမှ ထွက်ခွါသွားပြီးနောက်ပိုင်းမှသာ ဗီဇာထုတ်ပေးရန်သက်သေခံလက်မှတ်ကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနတွင် လျှောက်ထားခွင့်ရှိသည် ။


ပြည်ပြန်ဝင်မည့်အစီအစဉ်

-      ဇွဲလုပ်သားကြီးသည် သက်ဆိုင်ရာ အလုပ်သမားဌာန(အေဂျင်စီ)၏ အစီအစဉ်ဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း ၊ ဗီဇာအတွက် လိုအပ်သည်များ ရေးသွင်းတင်ပြလျှောက်ထားခြင်းစသည်တို့ကို ပြုလုပ်ရမည် ။

-      သက်ဆိုင်ရာ အလုပ်သမားဌာနသည် ဇွဲလုပ်သား၏ ကျန်းမာရေးစစ်ဆေးချက်ကို ကိုရီးယားလူ့အရင်းအဖြစ်ဌာနသို့ ပေးပို့ရပါမည် ။

-      ကိုရီးယားလူ့အရင်းအမြစ်ဌာနသည် ကျန်းမာရေးစစ်ဆေးချက်အရ ပြည်ပြန်ဝင်ခွင့်ပြုရန် သင့်တော်သူများကို ဗီဇာသက်သေခံလက်မှတ် လျှောက်ထားချက်အတွက် အတည်ပြုချက်ပေးခြင်းနှင့် ပြည်ဝင်အစီအစဉ်ရေးဆွဲပြီး သက်ဆိုင်ရာ အလုပ်သမားဌာန(အေဂျင်စီ)ထံ ပေးပို့ရပါမည် ။

-      ကိုရီးယားလူ့အရင်းအမြစ်ဌာနက ရေးဆွဲထားသော အစီအစဉ်အတိုင်း သက်ဆိုင်ရာ အေဂျင်စီများက ဇွဲလုပ်သမားများ ပြည်ဝင်ရန် ဆောင်ရွက်ပါလိမ့်မည် ။ တစ်ဦးချင်း ပြည်ဝင်ရန် ခွင့်ပြုမည်မဟုတ်ပါ ။ ပြည်ဝင်ပြီးနောက် ကျန်းမာရေးပြန်လည်စစ်ဆေးခြင်း ၊ အာမခံထားခြင်းစသည်များ ဆောင်ရွက်ပါလိမ့်မည် ။


အသေးစိတ်သိရှိလိုပါက မိမိတို့၏ လုပ်ငန်းရှင်များနှင့်အတူ သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာန (ဂိုယုံဂျိဝေါန်ဆင်ထော်)သို့ မေးမြန်းကြစေလိုပါကြောင်း ။


လေးစားမှုဖြင့်-

ကိုဝိုင်း(မိုးညှင်း)

Read More>>>