Friday, 5 September 2014

လုပ်သက်ဆုကြေး (ပြည်ထွက်) အာမခံ ၊ အလုပ်သမားထံမှ ဖြတ်ရန်မဟုတ်

ကိုဝိုင်း(မိုးညှင်း)

လုပ်သက်ဆုကြေး (퇴직금)

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတိုင်း ထွယ်ဂျစ်ဂွမ့် (퇴직금) ဆိုတာကို သိကြပြီးဖြစ်လိမ့်မယ်လို့ ယူဆပါတယ် ။ အဲသည် ထွယ်ဂျစ်ဂွမ့်/toijikkeum/ဆိုတာကို မီဒီယာတွေမှာ အင်္ဂလိပ်လိုတော့ Legal Retirement Allowance , Severance Allowance ဆိုပြီး ရေးကြပါတယ် ။ နောက်ပြီး အဘိဓါန်တစ်ခုမှာတော့ Redundancy Pay (လိုအပ်သည်ထက် ပိုသော လစာ) ဆိုပြီး သုံးထားတာကို တွေ့ရပါတယ် ။ မြန်မာလို ပြန်ကြတဲ့အခါကျတော့ အရင်က ဆို အငြိမ်းစားလစာဆိုပြီး ပြန်ကြတာတွေလည်း တွေ့ဖူးပါတယ် ။ နောက်ပိုင်းမှာတော့ လုပ်သက်ခံစားခွင့် ၊ လုပ်သက်ခံစားငွေဆိုပြီး သုံးလာကြပါတယ် ။ အငြိမ်းစားလစာ (Pension: 연금) မဟုတ်တာတော့ သေခြာပါတယ် ။

နောက်ပြီး လုပ်သက်ခံစားခွင့် ဆိုပြန်တော့လည်း ခွင့်ရက် (Leave) နှင့် မှားနိုင်စရာ ရှိပြန်ပါတယ် ။ လုပ်သက်ခံစားငွေ ကတော့အမှားအယွင်းမရှိ သုံးလိုက သုံးနိုင်တဲ့ ဝေါဟာရတစ်ခုလို့ သဘောရပါတယ် ။ ကျနော်ကတော့ လုပ်သက်ဆုကြေးဆိုတဲ့ ဝေါဟာရကို အကြိုက်ဆုံးပါ ။ မြန်မာပြည်မှာလည်း ဝန်ထမ်းလောကမှာ တရားဝင်သုံးတဲ့ ဝေါဟာရပါ ။ အငြိမ်းစားလစာ ခံစားခွင့် မရမှီ နှုတ်ထွက်ရတဲ့အခါမျိုးမှာ လုပ်သက်ကို နောက်ဆုံးထုတ်လစာနှင့် မြှောက်ပြီး သတ်မှတ် ရာခိုင်နှုန်းအရ တစ်လုံးတစ်ခဲတည်း ချီးမြှင့်တဲ့ငွေပါ ။ အင်္ဂလိပ်လိုတော့ Gratuity လို့ ခေါ်ပါတယ် ။ အခု ကိုရီးယားမှာ ပြောနေကြတဲ့ 퇴직금 ဆိုတာနှင့် သဘောသဘာဝ တွက်ချက်ပုံက အစ တော်တော်လေး နီးနီးစပ်စပ်ရှိလို့ ကျနော်ကတော့ ထွယ်ဂျစ်ဂွမ့်ဆိုတဲ့ ကိုရီးယားဝေါဟာရကို လုပ်သက်ဆုကြေးဆိုပြီး သုံးစွဲသွားပါ့မယ် ။

အီးပီလုပ်သားများနှင့် လုပ်သက်ဆုကြေး
အီးပီလုပ်သားများဟာ အလုပ်စံချိန်စံညွှန်းဥပဒေ (the Labor Standards Act) အရ လုပ်သက်ဆုကြေး ကို ခံစားခွင့် ရရှိကြပါတယ် ။ စက်ရုံ အလုပ်ရုံတစ်ခုမှာ အနည်းဆုံး ၁ နှစ် ဆက်တိုက် အလုပ်လုပ်ခဲ့တယ် ဆိုလျင် ၊ ၁လစာ ကို အပိုဆောင်းပြီး ဆုကြေးအဖြစ် ခံစားခွင့်ရှိပါတယ် ။ ၁၂လ အလုပ်လုပ်ပြီး ၁၃ လစာ လခရတဲ့ သဘောပါ ။ ခံစားခွင့်ရမယ့် ဆုကြေးကတော့ ၊ နောက်ဆုံးထုတ်လစာ ၃လစာ (ရက် ၉၀ စာ)ရဲ့ ပျမ်းမျှလစာကို လုပ်သက် (နှစ်မပြည့်လျင် အစွန်းထွက် ရက်လ တို့ကို နှစ်ဖွဲ့ပြီး) နှင့် မြှောက်ပြီးရတဲ့ အဖြေပါ ။သို့ပေမယ့် ကိုရီးယားအလုပ်ရှင်တော်တော်များများဟာ နိုင်ငံခြားသား အလုပ်သမားများကို လုပ်သက်ဆုကြေး မပေးချင်ကြပါဘူး ။ တစ်ချို့လုပ်ငန်းရှင်တွေကတော့ လစာထဲမှာ ပေါင်းထည့်ပြီး တွက်ပေးကြတာတွေလည်း ရှိခဲ့ပါတယ် ။ အဲသည်လို မလုပ်ရဘူးလို့ သက်ဆိုင်ရာက ညွှန်ကြားထားပြီးပါပြီ ။

အာမခံအမည်နာမ မရှင်းမရှင်း

အခု အီးပီလုပ်သားများကိုတော့ လုပ်သက်ဆုကြေးနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းပြီး အကာအကွယ် ပေးထားတာပါ ။ အဲသည် ဥပဒေပြဋ္ဌာန်းချက်အရ အီးပီအလုပ်သမားအသုံးပြုတဲ့လုပ်ငန်းရှင်တိုင်းဟာ လုပ်သက်ဆုကြေးအာမခံကို ထားကြရပါတယ် ။ သို့ပေမယ့် ကျနော့်အထင် အဲသည် ဥပဒေဟာ မရှင်းမရှင်း ဖြစ်နေတာကိုတွေ့ရပါတယ် ။ အာမခံရဲ့ အမည်ခေါ်တာကအစ ခပ်ရှုပ်ရှုပ်ပါ ။ ကိုရီးယား လိုတော့출국만기보험တဲ့ ၊ အင်္ဂလိပ်လိုတော့ Departure Guaranty Insurance တဲ့ ။ ကိုရီးယားအခေါ်အဝေါ်ကို

မြန်မာလို ဘာသာပြန်ကြည့်ကြရအောင် -

- 출국: Departure: တိုင်းပြည်မှထွက်ခွါခြင်း

- 만기: Expiration of term: သက်တမ်းကုန်ဆုံးခြင်း

- 보험: Insurance: အာမခံ ။

အားလုံးကို ပေါင်းလိုက်လျင် “ တိုင်းပြည်မှ ထွက်ခွါရန် သက်တမ်းကုန်ဆုံးခြင်းအာမခံ” ဆိုတဲ့အဓိပ္ပါယ်ကို ရပါတယ် ။ ကျနော့်အလိုအရ ပြောရရင်တော့ လုပ်သက် ဆုကြေးအာမခံ (퇴직금보험) ဆိုလျင် ပိုပြီး ရှင်းရှင်းလင်းလင်း ထင်သာ မြင်သာ ရှိလိမ့်မယ်လို့ ထင်မြင် ယူဆမိပါတယ် ။ ဒီ အာမခံကြေးကိစ္စ ကျနော်တို့ မြန်မာတွေသာ မရှင်းမရှင်းဖြစ်နေကြတာမဟုတ်ပါ ။ ကိုရီးယားတွေ ကိုယ်တိုင်က မရှင်းမရှင်း ဖြစ်နေကြတာပါ ။ ကိုရီးယားလူ့ အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနကလည်း မနေရသလို ၊ အလုပ်သမားရုံး ၊ နိုင်ငံခြားသားအလုပ်သမားအကူအညီဆင်တာ စသည်စသည် အားလုံး အလုပ်ရှုပ်ကုန်ကြရတာပါ ။ ဘယ်လောက်ထိ မရှင်းမရှင်း ဖြစ်နေကြသလဲ ဆိုတာ သိချင်ရင် 출국만기보험ဆိုတာကို အင်တာနက် Search မှာရိုက်ပြီး ရှာကြည့်ပါ ။ အဖြေထွက်လာပါလိမ့်မယ် ။

လုပ်သက်ဆုကြေးအာမခံ (출국만기보험: Departure Guaranty Insurance)

အလုပ်သမား ၅ ဦးနှင့်အထက် ရှိတဲ့ အလုပ်ရုံ စက်ရုံများအတွက် အလုပ်ရှင်က ထားရှိရတဲ့ အာမခံ ဖြစ်ပါတယ် ။ လစဉ်ဖျမ်းမျှလစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို ပေးသွင်းရမှာပါ ။ အဲသည် အာမခံကို မထားလျင် ဝမ် သန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ အဲသည် အလုပ်ရုံမှာ အနည်းဆုံး လုပ်သက် ၁ နှစ် ဆက်တိုက် အလုပ်လုပ်ခဲ့တဲ့ အီးပီအလုပ်သမား တစ်ဦးဦးဟာ အဲသည် အလုပ်ရုံမှ အနားယူ (ထွက် ၊ ပြောင်း ၊ ပြန်) တဲ့ အခါ မိမိလုပ်ခဲ့သည့် လစာ ၁ လစာ ( အကြမ်းဖျင်း) ကို လုပ်သက်ဆုကြေး (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ အလုပ်ရှင်က မပေးလျင် အာမခံ ကုမ္ပဏီသို့ တောင်းခံ လျှောက်ထား ရယူနိုင်ပါတယ် ။ ၁-နှစ်မပြည့်ဘဲ အလုပ်ရုံမှ ထွက်လျင် (ပြေးလျင်) သို့မဟုတ် ပြောင်းလျင် အာမခံထားပေးသူ (အလုပ်ရှင်)က ပြန်လည် ထုတ်ယူ နိုင်ပါတယ် ။ မိမိ အမှန်တကယ်ရရှိနိုင်သော လုပ်သက်ဆုကြေးငွေ ပမာဏ ဟာ ၊ အာမခံကမ္ပဏီမှာ ပေးသွင်းထားတဲ့ အာမခံကြေးထက် များနေမှာပါ ။ အဲဒီ အခြေအနေမှာ လုပ်ငန်းရှင်ဟာ အလုပ်သမားသို့ ခြားနားငွေကို ထုတ်ပေးရမယ်လို့ “ နိုင်ငံခြားသား အလုပ်သမားငှားရမ်းခြင်း အစရှိသည်တို့နှင့် ပတ်သက်သည့် နည်းဥပဒေ ” ပုဒ်မ၂၁ ၊ (ပြည်ထွက် ကာလကုန်ဆုံးအာမခံ ၊ အပ်ငွေ) ပုဒ်မခွဲ ၃ (외국인근로자의 고용 등에 관한 법률 시행령 제21조(출국만기보험.신탁) 3항' ) မှာ ပြဋ္ဌာန်းထားပါတယ် ။

လက်တွေ့ပြဿနာများ

လုပ်သက်ဆုကြေးအာမခံကိစ္စနှင့်ပတ်သက်ပြီး ၊ မြန်မာအီးပီ လုပ်သားများ လက်တွေ့ ကြုံနေကြရတဲ့ ပြဿနာရှိပါတယ် ။ အဲသည် လုပ်သက်ဆုကြေးအာမခံကြေး(출국만기보험) အဖြတ်ခံနေရတဲ့ကိစ္စပါ ။ လုပ်ငန်းရှင်က မသိလို့လည်းဖြစ်နိုင်သလို ၊ သိလျက်နှင့် မတရားလူလည်လုပ်တာလည်းဖြစ်နိုင်ပါတယ် ။ ဘယ်ဟာအမှန် ဆိုတာကတော့ ကာယကံရှင်များသာ သိကြပါလိမ့်မယ် ။ ဘာပဲဖြစ်ဖြစ် အခု လုပ်သက်ဆုကြေး အကြောင်း ဂဃနဏ သိကြရပြီမို့ ၊ ကျနော့်ရဲ့ မိတ်ဆွေ တစ်ယောက်လို အဖြတ်ခံထားရတဲ့ ပုဂ္ဂိုလ်များရှိခဲ့မယ် ဆိုရင်ဖြင့် ၊ အဲဒီ ဖြတ်ထားငွေများပြန်လည်ရရှိရေး ဆောင်ရွက်တော်မူကြပါလို့ အကြံပြုလိုက်ပါတယ် ။ အဲသည် မိတ်ဆွေရဲ့ ပြောပြချက်အရတော့ သူရဲ့ စက်ရုံမှာ အီးပီ ရွှေခံများလည်း ရှိပြီး ၊ အခြားနိုင်ငံခြားသားများလည်း ရှိပါသတဲ့ ။ သည် ဖြတ်ငွေအကြောင်း ရှင်းပြပေးဖို့ စီနီယာကိုကိုရွှေခံကို ပြောတော့ လျှာရှည်မနေနဲ့ ၊ ပြောလို့လည်းမထူးဘူး ။ သူများတွေလည်း ဒီလိုဘဲ အဖြတ်ခံနေရတာဘဲ လို့ ရှင်းပြသတဲ့ ။ သူဌေးမင်းကို မေးပြန်တော့ ပြန်တဲ့အခါ ပြန်ရမယ့် ဟာဘဲ လို့ ပြောသတဲ့ဗျ ။

သူဌေးမင်းခင်ဗျာ ။ လုပ်သက်ဆုကြေးငွေကို ကိုယ့်ဟာကို ပြန်ပေးနေရတဲ့ သဘောလို ဖြစ်နေပါတယ် ။

ပြောလို့ မရလျင် ဒီစာကိုပြပါ

မှတ်သားစရာ ကတော့ “ လုပ်သက်ဆုကြေးအာမခံ ၊ အလုပ်သမားထံမှ ဖြတ်ရန်မဟုတ်” တဲ့ခင်ဗျ ။ ဒီတော့ လုပ်သက်ဆုကြေးအာမခံကို လစာထဲက မဖြတ်ဖို့ ပြောကြရမှာပါ ။ ကိုရီးယားသူဌေးမင်းများကို ပြောမရလျင်ဖြင့် ၊ ဒီစာကလေးပြလိုက်လျင် အမှန်ကို သိနိုင်လောက်တယ်လို့ ထင်မိကြောင်းပါခင်ဗျာ ။

1. 외국인노동자가 계약기간 만료 후 퇴직금을 수령할 때, 대부분의 외국인노동자들이 귀사에 출국만기보험을 신청해야 하는 것을 모르고 있습니다. 또한 신청서 양식이 한글로 되어있으므로 외국인노동자 스스로 출국만기보험을 신청하는 것이 어려우므로 출국만기보험금 신청방법에 대하여 재고하여 주시기 바랍니다.

답변 - 본 제도는 기본 한국어교육을 이수한 외국인 근로자들을 대상으로 하므로 신청서 양식은 기본적으로 한글로 되어있습니다. 그런데 당사는 신청서가 아니더라도, 고용지원센터에서 발급한 출국예정사실확인서(재입국취업활동확인서) 및 고용변동확인서 등을 신청서로 간주하여 받고 있습니다. 이를 활용하시면 노동부에서 요구하는 바와 같이 사전 고용변동 신고 후에 보험금 신청이 가능하므로, 이를 널리 홍보하여 주시기 바랍니다.

2. 출국만기보험은 1년 이상 근무 후 외국인노동자가 직접 수령했을 경우 수령액은 퇴직금의 약 70%인 경우가 대부분입니다. 하지만 많은 사용자는 귀사에서 지급하는 출국만기보험으로 퇴직금을 정산했다고 생각합니다. 출국만기보험 수령 후 사용자에게 퇴직금 정산을 요청하는 상담이 계속 증가하고 있으므로 보험금신청서와 사용자안내문에 ‘근로자퇴직급여보장법’에 의하여 출국만기보험금 수령 후 퇴직금을 정산하여야 함을 안내하여 주시기를 제안합니다.

답변 - 본 보험은 '외국인근로자의고용등에관한법률'에 의하여 법이 정한 대로 운영되는 보험입니다. 향후 근로자 및 사용자들의 오해를 줄이기 위하여 보험금 신청서 양식에 '근퇴법'에 의하여 출국만기보험 수령 후 퇴직금을 정산하여야 함을 안내하는 문구 추가를 적극적으로 검토하도록 하겠습니다.

******

1.고용허가제 4대 보험 중 퇴직금을 대신 하여 지급하는 출국만기보험은 사업주가 퇴직금의 일시지급에 따른사용자부담을 완화 시키는데 목적이 있으며 상시 근로자 5인 이상 사업장에서는 받드시 가입하여야 하며, 또한 취업활동기간이 1년 이상 남은 외국인근로자를 고용한 사업장이 해당 되겠읍니다.

2.실제 퇴직금과 보험회사에서 지급한 금액이 다를수 있읍니다.

3.그이유는 사업주가 고용허가서에 기록된 월 평균 임금에서 8.3%을 매월 납부하고 근로자는 실제 그 이상 급여를 지급받고 있기 때문에 다를수 있으며, 실제 이런 경우가 많이 발생되고 있읍니다.

4.이문제가 발생되면 ' 외국인근로자의 고용 등에 관한 법률 시행령 제21조(출국만기보험.신탁) 3항'에 근거 근로자퇴직급여보장법 제8조 1항 사용자는 계속근로기간 1년에 대하여 30일분 이상의 평균임금을 퇴직금으로 퇴직하는 근로자에게 지급할 수 있는 제도를 설정하여야 한다. 이 규정에 의한 퇴직금의 액보다 적을 경우에는 그 차액을 외국인 근로자에게 지급하여야 한다. 라고 명시 되어 있읍니다.

5.그러나 일부 사업장에서 보험회사가 지급하면 퇴직금을 전액 지급하는걸로 생각하신 사업주께서 있으신것 같읍니다. 근로자가 퇴사를 한다면 사측에서 퇴직금을 계산해보고 보험회사에서 지급한 금액이 실 퇴직금에 미달하여 차액이 생길 경우 그 차액 만큼 근로자에게 지급하여야 한다고 사료 됩니다.

일단, 사업주와 대화를 하시고 해결되지 않는다면 사업장 관할 노동부 근로감독과에 진정서를 작성 제출하시면 됩니다.

법적 근거 : 외국인근로자의 고용 등에 관한 법률 시행령 제21조(출국만기보험.신탁) 3항'

ၽ

လေးစားမှုဖြင့် -

ကိုဝိုင်း(မိုးညှင်း)

ရည်ညွှန်းစာများ-

- http://www.korea.net/News/News/NewsView.asp?serial_no=20091007002

- http://www.laboroffice.or.kr/rexbbs/bbs/board.php?bo_table=pass&wr_id=660&page=2

- http://blog.daum.net/_blog/BlogView.do?blogid=0Auzw&articleno=7317179#ajax_history_home

Read More>>>

Friday, 20 June 2014

လုပ်သက်ဆုကြေး ၊ ပြည်ထွက်အာမခံကြေး နှင့် ပြည်တော်ပြန်စရိတ်အာမခံ ဘယ်လိုတောင်းယူကြမလဲ

လုပ်သက်ဆုကြေး(Gratuity)

ဘယ်သူ့ဆီကတောင်းမလဲ
သက်ဆိုင်ရာ သူဌေး(လုပ်ငန်းရှင်)ထံမှ တောင်းယူကြရပါမည် ။

ဘယ်အချိန်တောင်းမလဲ
- အလုပ်ပြောင်းလျင် သို့မဟုတ် ထွက်လျင် တောင်းပါ ။
- အပြီး ပြန်လျင်တောင်းပါ ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
သက်ဆိုင်ရာ အလုပ်ရုံ စက်ရုံတွင် အနည်းဆုံး ၁ နှစ် နှင့် အထက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- လုပ်သက် ၁ နှစ်လျင် ၁ လစာ နှုန်းဖြင့် လုပ်သက် ရှိသလောက်ရရှိမည် ။
- ၁ နှစ်မပြည့်သော ရက် ၊ လ များကို နှစ်၏ အစိတ်အပိုင်းအဖြစ် နှစ်ဖွဲ့ တွက်ချက်မည် ။
- နောက်ဆုံး ၃လ တာကာလ လုပ်ခလစာ စုစုပေါင်း ၏ ပျမ်းမျှကြိတ်နှုန်း ကိုအခြေခံပြီး တွက်ချက်မည် ။
- လုပ်ငန်းရှင်က ပြည်ထွက်အာမခံ(Departure Guarantee Insurance) ပေးသွင်းထားငွေများကို ခုနှိမ် နှုတ်ပယ်၍ ပေးချေခွင့်ရှိသည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- မိမိလုပ်ငန်းရှင်က တွက်ချက်ထုတ်ပေးမည်ဖြစ်သဖြင့် စာရွက်စာတမ်း အထွေအထူးလိုအပ်မည်မဟုတ်ပါ ။ (တွက်ချက်မှု မှန်မမှန် စစ်ဆေးကြည့်ဖို့ လိုအပ်ပါမည်။)

ပြည်ထွက်အာမခံကြေး (Departure Guarantee Insurance)

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ
- ကိုရီးယားမှ ထွက်ခွါမည့်ရက်ကို ညှိနှိုင်းဆုံးဖြတ်ပါ ။
- လေယာဉ် သို့မဟုတ် သင်္ဘော လက်မှတ် ဝယ်ပါ ။
- ဆိုင်ရာ အလုပ်သမားထောက်ပံ့ရေးဌာနတွင် ပြည်ထွက်ရန် အစီစဉ်ကို တင်ပြပြီး ၊ ပြည်ထွက်ရန် အစီအစဉ်မှန်ကန်ကြောင်းထောက်ခံစာကို ရယူပါ ။ အဆိုပါ ထောက်ခံစာကို ကိုရီးယားမှ မထွက်ခွါမှီ ၁ လ အလိုမှစ၍ လျှောက်ထားနိုင်ပါသည် ။ လျှောက်ထားရာတွင် ယာဉ်စီးလက်မှတ်မိတ္တူ နှင့် နိုင်ငံခြားသားမှတ်ပုံတင်ကတ် မိတ္တူတို့ လိုအပ်ပါသည် ။

ပြည်ထွက်အာမခံကြေးကို ဘယ်သူ့ဆီကတောင်းရမလဲ
ဆမ်ဆောင်း မီးနှင့် ပင်လယ်ရေကြောင်း အာမခံ (Samsung Marine and Fire Insurance) ဌာန (Tel: 02-2119-2400, Fax: 0505-161-1421) ထံမှ တောင်းယူကြရပါမည် ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
အလုပ်ခွင် တစ်ခုတွင် အနည်းဆုံး ၁ နှစ်နှင့် အထက် ဆက်တိုက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- အနည်းဆုံး ၁ နှစ်နှင့် အထက် အလုပ်လုပ်ခဲ့သော အလုပ်ရုံ ၊ စက်ရုံများတွင် မိမိရရှိခဲ့သော လစာစုစုပေါင်း၏ ၈.၃ (၈ ဒသမ ၃) ရာခိုင်နှုန်းအထိ နှင့် အပ်နှံထားသည့် ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကို ရရှိနိုင်ပါသည် ။
- သို့ရာတွင် သက်ဆိုင်ရာ လုပ်ငန်းရှင်က အာခံဌာနသို့ ထည့်ဝင်ထားသလောက်နှင့် ၊ ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကိုသာ ရရှိပါမည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- ပြည်ထွက်ခွါရန်အစီအစဉ် မှန်ကန်ကြောင်း ထောက်ခံစာ
- ပြည်ထွက်အာမခံကြေး လျှောက်ထားလွှာ
- မိမိအမည်ဖြင့် ပြုလုပ်ထားသည့် ဘဏ်စာအုပ်
- နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကတ်

အာမခံကြေး လျှောက်ထား လက်ခံရယူနိုင်သော နည်းလမ်း (၂)ခု
အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း နှင့် ၊ မိခင်နိုင်ငံသို့ ပြန်ပြီးမှ လက်ခံရယူခြင်း ဟူ၍ နည်းလမ်း၂ မျိုးရှိပါသည်-
- အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း ။ ။ လျှောက်လွှာ တင်စဉ် လေဆိပ်တွင်ယူမည်ဟု ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီမှ အာမခံကြေးထုတ်ယူခွင့်လက်မှတ် ထုတ်ပေးပါမည် ၊ ပြည်ပထွက်ခွါသည့်နေ့တွင် လေဆိပ်ရှိ ဘဏ်တွင် အာမခံကြေးထုတ်ယူခွင့် လက်မှတ်ကို တင်ပြပါ ၊ လေဆိပ်ဘဏ်မှ အာမခံကြေး နိုင်ငံခြားငွေလဲလှယ်ခွင့် လက်မှတ် ထုတ်ပေးပါမည် ၊ လူဝင်မှုကြီးကြပ်ရေးဂိတ်ဖြတ်ဝင်ပြီးနောက် နိုင်ငံခြားငွေလဲလှယ်ခွင့်လက်မှတ်ကို နိုင်ငံခြားငွေလဲဌာနတွင် တင်ပြခြင်းဖြင့် ပြည်ထွက်အာမံကြေးအား နိုင်ငံခြားငွေဖြင့် ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

- မိခင်နိုင်ငံသို့ ပြန်ပြီး လက်ခံရယူခြင်း ။ ။ လျှောက်လွှာတင်ချိန်တွင် ပြည်ပရှိ မိမိ၏ နိုင်ငံခြားငွေစာရင်း သို့မဟုတ် မိမိတိုက်ရိုက်ပေးပို့စေလိုသည့် ဘဏ်အမည် တို့ကို ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီအနေဖြင့် လိုအပ်သည်များ စစ်ဆေးပြီး နောက် “တရားရေးဌာနမှ ပြည်ထွက်ကြောင်း အတည်ပြုချက်ရရှိပါက အာမခံကြေးထုတ်ပေးရန် ညွှန်ကြားလွှာ” ကို (ကိုရီးယားရှိ) သက်ဆိုင်ရာဘဏ်သို့ပေးပို့ပါမည် ။ သက်ဆိုင်ရာ ဘဏ်သည် ပြည်ထွက်ပြီးကြောင်း ညွှန်ကြားချက် ရရှိသည်နှင့် တစ်ပြိုင်နက် ညွှန်ကြားခံထားရသည့် အတိုင်း နိုင်ငံခြားငွေလွဲပို့ပါလိမ့်မည် ။ ၄င်းနောက် မိမိညွှန်ကြားထားသည့် ဘဏ်တွင် ပြည်ထွက်အာမံကြေးအား ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

ပြည်တော်ပြန်စရိတ်အာမခံ (Return Cost Trust Insurance)
- ပြည်ထွက်အာမခံကြေး နှင့်အတူ ပူးတွဲ လျှောက်ထား တောင်းခံရမည်ဖြစ်ပါသည် ။ သီးသန့် တောင်းခံရန်မလိုအပ်ပါ ။
- မူလက ထည့်ဝင်အပ်နှံထားငွေ ဝမ် ၅ သိန်းနှင့် အပ်နှံငွေ ကာလအတိုက် သတ်မှတ်ထားသည့် အတိုးငွေကို ရရှိနိုင်ပါသည် ။

အားလုံး အဆင်ပြေကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၄၀၆၂၁
Incheon, Korea

Read More>>>

Thursday, 17 April 2014

ကိုရီးယား အီးပီ လုပ်သားတိုင်း သိထားသင့်သော ပြည်ထွက်အာမခံကြေး (၂)

စကားချီး
ဤ ဆောင်းပါးသည် ကိုရီးယားအစိုးရက လက်ရှိ မောင်းနှင်နေသော အီးပီစနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ပြည်ထွက်အာမခံ (출국만기보험•신탁) စနစ် နှင့် လုပ်သက်ဆုကြေးစနစ် (퇴직급여제도) အကြောင်း မသိနားမလည်သေးသော ဆွေမျိုးပေါက်ဖော် သွေးချင်း ညီငယ် မြန်မာ အီးပီ လုပ်သားများအား မိမိ ဆည်းပူးလေ့လာ နားလည် တတ်သိထားသည်များကို ပြန်လည် မျှဝေ ရှင်းလင်းတင်ပြပေးနေခြင်းသာ ဖြစ်ပါသည် ။
ထို့ပြင် ကျနော်၏ တင်ပြချက်များသည် ကိုရီးယားအီးပီစနစ်အား ကောင်း၏ သို့မဟုတ် ဆိုး၏ ဟု ဆိုလိုခြင်း မဟုတ်မူဘဲ ၊ အီးပီစနစ် မောင်းနှင်နေပုံကိုသာ တင်ပြနေခြင်းဖြစ်ကြောင်း သတိမူကြစေလိုပါသည် ။

*****

လုပ်သက်ဆုကြေး (퇴직급여) ကို ဥပဒေ (အဟောင်း) အတိုင်း ဆက်လက်ထုတ်ပေးမည်
ကိုရီးယားအစိုးရဟာ လုပ်သက်ဆုကြေး (퇴직급여) ဥပဒေအား ပြင်ဆင်ထားခြင်း မရှိသည့်အတွက် ယခင် အတိုင်း ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ် ။
သည်တော့ ရပ်ကွက်ထဲမှာ ပြောနေကြသလို စက်ရုံ အလုပ်ရုံ ပြောင်းရင် ထုတ်မပေးဘူး ဆိုတာ မဟုတ်ပါ ။ စက်ရုံပြောင်းရင် ထွဲဂျစ်ကွမ့် ထုတ်မပေးတော့ ဒုက္ခရောက်နေမှာပေါ့ ဆိုပြီး တွေးပူနေကြတဲ့ သူတွေရှိပါတယ် ။ ထွဲဂျစ်ကွမ့်အတွက် လုံးဝစိတ်ပူစရာမလိုပါ ။
စက်ရုံ ၊ အလုပ်ရုံ တစ်ခုတည်းတွင် ၃နှစ်လုပ်ခြင်းမဟုတ်ပဲ ၁ နှစ်သာလုပ်ပြီး အခြားစက်ရုံသို့ပြောင်းလုပ်သည့် အလုပ်သမားများအနေဖြင့် ၊ လုပ်သက်ဆုကြေး (퇴직금) ကို ယခင် (သက်ဆိုင်ရာ) စက်ရုံ အလုပ်ရှင် ထံမှ တောင်းဆိုရပါမယ် ။ သက်ဆိုင်ရာ အလုပ်ရှင်သည် သက်ဆိုင်ရာ လုပ်သက်ဆုကြေးအား ၁၄ ရက်အတွင်း ထုတ်ပေးကြရမှာဖြစ်ပါတယ် ။ ထုတ်ပေးခြင်း မရှိပါက ဥပဒေအရ ဆက်လက် တိုင်ကြားတောင်းဆိုနိုင်ပါတယ် ။
အဲသလို တိုင်ကြားတောင်းဆိုရာမှာ အချိန် ဘယ်လောက်ကြာမယ် မသိ ဆိုပြီး ပြောဆိုနေကြခြင်းဟာလည်း အမှန်မဟုတ်ပါ ။ ကိုရီးယား နိုင်ငံမှာ အလုပ်ရှင် အလုပ်သမား ဖြန်ဖြေရေးအမှု (ဝါဏိဇ္ဈ ပဋိပက္ခအမှု) ကို ရက်ပေါင်း ၆၀ အတွင်း အပြီးဖြတ်ရမှာဖြစ်ကြောင်း ဥပဒေရှိပြီးသားပါ ။ (မပြီးပြတ်ပါက တရားရုံးသို့ ဆက်လက် တိုင်ကြားရမှာပါ။)
နောက်ပြီး ၊ ထွဲဂျစ်ကွမ့်ကို ပြန်လည်စစ်ဆေးနိုင်သည့် စနစ် မရှိဘူး ဆိုပြီး ရပ်ကွက်ထဲ အော်နေတာတွေလည်း ကြားနေရပါတယ် ။ အလုပ်ရှင်များ ထွဲဂျစ်ကွမ့် အာမခံထားရှိခြင်း ရှိမရှိ နှင့် သွင်းထားသော အာမခံကြေး မည်မျှ ရှိကြောင်း အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်း အတည်ပြုချက်ယူနိုင်ကြပါကြောင်း တင်ပြအပ်ပါသည် -
- Tel 02-2119-2400 သို့ ခေါ်ပါ ။
- လူကြီးမင်း အသုံးပြုလိုသည့် ဘာသာစကား ရွေးချယ်ခိုင်းပါလိမ့်မည် ။ (မြန်မာဘာသာမရှိသေးပါ ၊ ဆန္ဒပြပြီး တောင်းဆိုနိုင်ပါသည်။)
- ကိုရီးယားဖြင့် နားထောင်လိုပါက ၁ ကိုနှိပ်ရန်ဖြစ်ပြီး ၊ အင်္ဂလိပ်လိုနားထောင်လိုပါက ၂ ကိုနှိပ်ရန်ဖြစ်ပါသည် ။
- ၄င်းနောက် လုပ်ငန်းရှင်အနေဖြင့် မေးမြန်းလိုပါက လုပ်ငန်းရှင် မှတ်ပုံတင် အမှတ် ဂဏန်း ၁၀ လုံး နှင့် ရှပ် သင်္ကေတ (#) ကို နှိပ်ရမည်ဖြစ်ပြီး ၊ အလုပ်သမားအနေဖြင့် မေးမြန်းလိုပါက နိုင်ငံခြားသား မှတ်ပုံတင်အမှတ် ဂဏန်း ၁၃ လုံးနှင့် ရှပ်သင်္ကေတ (#) ကိုနှိပ်ရပါမည် ။ မိမိ နှိပ်သည့် ဂဏန်းအား ပြန်လည် ဖတ်ပြပါမည် ။ မှန်ကန်ပါက ၁ ကို နှိပ်ပြီး အတည်ပြုချက်ပေးရန်နှင့် မမှန်ပါက ၂ ကိုနှိပ်ပြီး ပြင်ဆင်ချက်ပြုရပါမည် ။
- ၄င်းနောက် ၊ မိမိနှင့် သက်ဆိုင်သည့် အာမခံကြေးကိစ္စများ မေးမြန်းရန် နံပါတ် ၁ ကို နှိပ်ရပါမည် ။ ထိုအခါ မိမိ သိရှိလိုသော အာမခံကြေး ကိစ္စများကို စေ့ငုစွာ မေးမြန်းနိုင်ကြောင်း တင်ပြလိုက်ရပါသည် ။

****

လုပ်သက်ဆုကြေးကို ဘယ်လိုထုတ်ပေးမလဲ ။
ဥပမာအဖြစ် တင်ပြပါမည် ။ ၁ လ ပုံသေ လစာ ၁၅ သိန်း ဖြင့် ၁ နှစ်တိတိ အလုပ်လုပ်ပြီး အလုပ်ပြောင်းမည့် အလုပ်သမား ၁ ယောက်၏ ထွဲဂျစ်ကွမ့် နှင့် ပြည်ထွက်အာမခံကြေးကို တွက်ချက်တင်ပြပါမည် ။
ရမည့် ထွဲဂျစ်ကွမ့်-
- 1,500,000 Won
- အသေးစိတ်တွက်နည်း (ဤတွင်ရှုပါ) ။
- အဆိုပါ လုပ်သက်ဆုကြေးကို အလုပ်ပြောင်းချိန်ဖြစ်စေ ၊ ကိုရီးယားမှ အပြီး ပြန်ချိန်တွင် ဖြစ်စေ သက်ဆိုင်ရာ အလုပ်ရှင်ထံမှ ဥပဒေနှင့်အညီ တောင်းခံရယူခံစားနိုင်မည်ဖြစ်ပါသည် ။
- တောင်းယူ၍ မရပါက ဥပဒေနှင့်အညီ အလုပ်သမားရုံးတွင် အမှုဖွင့်တိုင်ကြားခြင်း ၊ မပြေလည်ပါက တရားရုံး အဆင့်ဆင့် တွင် အယူခံတက်တိုင်ကြားခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ပါသည် ။
- ဗီဇာ ကုန်နေသဖြင့် ၊ အမှုမတိုင်ကြားနိုင်ဆိုသည်မှာ မသိသဖြင့် ပြောခြင်းဖြစ်သည် ။ ထိုကိစ္စများဆောင်ရွက်နိုင်ရန် အတွက် ၊ မူလ အီးနိုင်း ဗီဇာ ၅ နှစ်မှ ၂ လ ကို နှုတ်ထားသဖြင့် (၄နှစ်၁၀လဖြစ်သွား) သည်ကို သဘောပေါက်ပါလေ ။ (၂ လအတွင်း အမှုမပြတ်သော် ဗီဇာ ဆက်တိုးနိုင်ပါသေးသည် ။)

ရရှိမည့် ပြည်ထွက်အာမခံကြေး-
- 1,500,000 X 8.3% X 12 = 1,494,000 Won
- အဆိုပါ ပြည်ထွက်အာမခံကြေးကို မူ အလုပ်ရှင်ထံမှ တောင်းယူရန်မဟုတ်မူဘဲ ၊ အာမခံပေါ်လစီအား လက်ခံဆောင်ရွက်ပေးနေသည့် ဆမ်ဆောင်းအာမခံဌာနတွင် ၃ နှစ်အတွင်း တောင်းယူကြရပါမည် ။
- အကြောင်းအမျိုးမျိုးကြောင့် ၃ နှစ်ကျော်ပြီး မှ တောင်းဆိုလိုပါက ၊ ဆမ်ဆောင်းအာမခံဌာနတွင် တောင်းခံ၍ ရနိုင်တော့မည်မဟုတ်ပါ ။ အဆိုပါ မတောင်းဖြစ်သော အာမခံကြေးများကို ၁ လအတွင်း ကိုရီးယား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (한국산업인력공단) သို့ လွဲပြောင်း ပေးထားမည်ဖြစ်သဖြင့် ၊ ၄င်းဌာနတွင် တောင်းယူရပါမည် ။
- သို့ရာတွင် ပြည်ထွက်အာမခံကြေးမှာ ၊ ပြင်ဆင်လိုက်သည့် အီးပီဥပဒေအရ ကိုရီးယားမှ ပြန်လည်ထွက်ခွါချိန် (သို့မဟုတ် ကင်းလွတ်ခွင့်ပြုထားသည့် အခြေအနေ) မှ သာ ထုတ်ပေးရမည်ဆိုသဖြင့် ၊ အလုပ်ပြောင်းချိန်တွင် ထုတ်ယူရရှိနိုင်မည် မဟုတ်ပါ ။

******

လုပ်သက်ဆုကြေး နှင့် ပြည်ထွက်အာမခံ ဘယ်လိုပတ်သက်နေသလဲ
အလုပ်ရှင်များအနေဖြင့် ၊ အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ (근로자퇴직급여 보장법) အရ မိမိအလုပ်တွင် ၁ နှစ်နှင့်အထက် စဉ်ဆက်မပြတ်အလုပ်လုပ်ခဲ့သော အလုပ်သမားအား ၊ အလုပ်မှ ထွက် သို့မဟုတ် ပြောင်း ချိန်တွင် လုပ်သက်ဆုကြေးပေးရန် တာဝန်ရှိနေသလို ၊ အီးနိုင်းဥပဒေ (외국인 근로자의 고용등에 관한 법률) အရ လည်း မိမိ ငှားရမ်း အသုံးပြုသော နိုင်ငံခြားသား အလုပ်သမားများအတွက် ပြည်ထွက် အာမခံကြေးကို လစဉ်ပေးသွင်းရန်လည်း တာဝန်ရှိလာပါသည် ။ သို့ရာတွင် -
အီးနိုင်း ဥပဒေ ပုဒ်မ ၁၃ ပုဒ်မခွဲ၂ အရ ၊ အလုပ်ရှင်သည် ပြည်ထွက်အာမခံ အစရှိသည်တွင် အာမခံထားရှိပြီးဖြစ်လျင် အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ၁ အရ လုပ်သက်ဆုကြေးစနစ်အား လိုက်နာဆောင်ရွက်သကဲ့သို့ မှတ်ယူမည် ။
//외국인 근로자의 고용등에 관한 법률 제13조
- ② 사용자가 출국만기보험등에 가입한 경우 「근로자퇴직급여 보장법」 제8조제1항에 따른 퇴직금제도를 설정한 것으로 본다. //
ဟုဆိုထားသဖြင့် ၊ လုပ်သက်ဆုကြေးကို ပေးရန်တာဝန်မှ ပြည်ထွက် အာမခံကြေးကို ပယ်နှုတ် ခုနှိမ်ပြီး ပေးချေခွင့် ရရှိသွားပါသည် ။

သို့ဖြစ်ရာ ၊ အထက် နမူနာပါ လုပ်သက်ဆုကြေးဖြစ်စဉ်တွင် ၊ အလုပ်သမားအနေဖြင့် လုပ်သက်ဆုကြေး ၁၅ သိန်း အပြည့်မရနိုင်တော့ဘဲ ၊ အလုပ်ရှင် မှ ပေးရန်ရှိ လုပ်သက်ဆုကြေး ၁၅ သိန်းမှ ၊ ပြည်ထွက်အာမခံကြေးအဖြစ် ပေးသွင်း အပ်နှံထား ငွေ ၁၄သိန်း ၉ သောင်း ၄ထောင် ကို ခုနှိမ်ပြီး ရရှိမည်ဖြစ်ပါသည် ။
အီးနိုင်း အလုပ်သမားအနေဖြင့် လုပ်သက်ဆုကြေးနှင့် ပြည်ထွက်အာမခံ ခြားနားငွေ [1,500,000 – 1,494,000 =](လုပ်သက်ဆုကြေး) ၆ ထောင်ကိုသာ လုပ်ငန်းရှင်ထံမှ ရရှိနိုင်မည်ဖြစ်ပြီး ၊ ကျန် ပြည်ထွက်အာမခံကြေး ကိုမူ ကိုရီးယားမှ ထွက်ခွါချိန်တွင် ထုတ်ယူရရှိနိုင် မည်ဖြစ်ပါသည် ။
ပြောင်းလဲလိုက်သော အီးပီ/အီးနိုင်း ဥပဒေအရ အလုပ်ပြောင်းချိန် ထွဲဂျစ်ကွမ့်ထုတ်မပေးရ ဆိုသည်မှာ မမှန်ပါ ။ ထို့ပြင် ထွဲဂျစ်ကွမ့်ကို ဆမ်ဆောင်းက ဘယ်နှရာခိုင်နှုန်းပေးရပြီး ၊ အလုပ်ရှင်က ဘယ်နှရာခိုင်နှုန်းပေးရမည် ဟု ရပ်ကွက်ထဲပြောဆိုနေသည်များမှာလည်း မှန်ကန်သော ကျမ်းထွက်စကား မဟုတ်ပါ ။

(ဆက်လက်တင်ပြပါမည်)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၄၀၄၁၇

Read More>>>

Monday, 14 April 2014

ကိုရီးယား အီးပီ လုပ်သားတိုင်း သိထားသင့်သော ပြည်ထွက်အာမခံကြေး (၁)

ခုတလော ၊ မျက်နှာစာအုပ်မှာ ပူညံ ပူညံ စာတွေ ဖတ်နေရတယ် ။ ထွဲဂျစ်ကွမ့် ဥပဒေကို ပြင်တယ်ဆိုလားပဲ ။ လေ့လာကြည့်လိုက်တော့ ၊ ထွဲဂျစ်ကွမ့်ဥပဒေကို ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်း အလျဉ်းမရှိကြောင်း တွေ့ရပါတယ် ။ ထွဲဂျစ်ကွမ့်ဥပဒေသည် နဂိုအတိုင်း လည်ပတ်လျက်ရှိနေကြောင်း သိရပါတယ် ။
ဖြစ်ပုံက ဤလိုပါ ။
ကိုရီးယားအစိုးရဟာ ၊ အီးနိုင်းလုပ်သားများ ဗီဇာကုန်ဆုံးချိန်မှာ ကိုရီးယားက အသာတကြည် ပြန်လည်ထွက်ခွါကြစေဖို့ဆိုတဲ့ အကြံနှင့် ပြည်ထွက်အာမခံစနစ် ကိုကျင့်သုံးဖို့ အီးပီ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ် ။ ကိုရီးယားလိုတော့출국만기보험 (ချူးလ်-ကုက်-မန်-ကီ-ဘို-ဟောမ်) လို့ ခေါ်ပါတယ် ။ အင်္ဂလိပ်လိုတော့ Departure Guarantee Insurance လို့ ဘာသာပြန်ထားကြပါတယ် ။
မြန်မာလိုပြန်ရရင်တော့-
- ပြည်ပထွက်ခွါ(출국)
- ပြီးဆုံးခြင်း ၊ သက်တမ်းကုန်ခြင်း(만기)
- အာမခံ(보험)
တိုတိုတုတ်တုတ်ပြောရရင်တော့ ၊ ပြည်ထွက်အာမခံ ။
အဓိပ္ပါယ်ကတော့ (ကိုရီးယား) ပြည်က ထွက်လျင်ပေးမယ့် အာမခံငွေ ။
မြန်မာလိုထပ်ပြောပါမယ် ။ ကိုရီးယားနိုင်ငံမှ (ပြန်လည်) ထွက်ခွါတဲ့အခါ ထုတ်ပေးမယ့် အာမခံငွေပါ ။ ရှင်းအောင် နောက်တစ်နည်း ထပ်ပြောကြည့်ပါဦးမယ် ။ ဥပဒေအမည်အရ ကိုရီးယားက မထွက်သေးလျင် မပေးဘူးဆိုတဲ့ အာမခံဥပဒေ ပါ ။ သည်တော့ သည်အာမခံငွေကို လိုချင်ရင် ကိုရီးယားကနေပြီး တနည်းနည်း (အသေဖြစ်ဖြစ် ၊ အရှင်ဖြစ်ဖြစ်)ဖြင့် ထွက်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ယူရင် ရမယ်ထင်ပါတယ် ။
ဒါဆိုလျင် ၊ သည်အာမခံကြေးကို ဘယ်အချိန်မှာ ထုတ်ပေးရမလဲဆိုတာ ကျနော်တို့ ကိုကိုအီးနိုင်း ညီအစ်ကိုများ ရှင်းလင်းလောက်ပြီထင်ပါတယ် ။

ကိုကိုတိုင်း ခိုက်တဲ့ ထွဲဂျစ်ကွမ့် (လုပ်သက်ဆုကြေး)
အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ (근로자퇴직급여 보장 법) (2005 ဥပဒေအမှတ် 7379) အရ ၊ စက်ရုံ အလုပ်ရုံ တစ်ခုမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ခဲ့သည် အလုပ်သမား တစ်ဦးဦး ဟာ အဆိုပါ စက်ရုံ အလုပ်ရုံမှ အနားယူ (ထွက်/ထုတ်) သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ရက် ၃၀ စာ အထက် ( အကြမ်းဖျင်း) ကို တရားဝင် အနားယူ စရိတ် (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ လစာ (Salary/월급) လို့ မသုံးပဲ ၊ စရိတ်/ခွင့်ပြုငွေ/ကြေး (Allowance/급여) လို့ သုံးထားတာကို သတိပြုကြစေချင်ပါတယ် ။ [သည်စနစ်ဟာ မြန်မာပြည်မှာ တရားဝင်သုံးစွဲနေတဲ့ လုပ်သက်ဆုကြေး(Gratuity) ဆိုတဲ့ ဝေါဟာရ သဘောသဘာဝ နှင့် ခပ်ဆင်တင်တူနေလို့ ကျနော့်ဆောင်းပါးမှာတော့ လုပ်သက်ဆုကြေးလို့ပဲ သုံးပါ့မယ်]
နှစ်ရှည်လများ အလုပ်လုပ်လာတဲ့ အလုပ်သမားများ အနားယူတဲ့အခါ လူမှုရေးအရ အလုပ်ရှင်က ပြန်လည် ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ သဘောပါ ။ လူမှုစနစ် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အစီအမံလည်းဖြစ်ပါတယ် ။ သည်ခွင့်ပြုငွေဟာ မသိနားမလည်တဲ့ ကလေးတစ်ချို့ ပြောဆိုသုံးနှုန်းနေကြတဲ့ လုပ်သက် ခံစား ခွင့် (Earned Leave) ဆိုတာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ ။ [လုပ်သက်ဆုကြေး အနုစိတ်တွက်နည်းကို (ဤနေရာတွင်) ဖတ်ရှုနိုင်ပါသည်]
သည် ဆုကြေး ချီးမြှင့်ဖို့ ယခင်က အလုပ်သမား ဦးရေ ခြွင်းချက် ထားပေမယ့် ၂၀၁၃ ဇန္နဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမား အားလုံး (ခြွင်းချက်မရှိ) တန်းတူခံစားခွင့် ရရှိလာပါတယ် ။ လုပ်သက်ဆုကြေးပေးရန် ပျက်ကွက်သည့် အလုပ်ရှင်များကို လည်း ပြစ်မှုကြောင်းအရ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ၊ ဒဏ်ငွေ ဝမ် သိန်း ၂၀၀ (နှစ်ရာ) ထိဖြစ်စေ ချမှတ်နိုင်ပါတယ် ။
သည်တော့ ရပ်ကွက်ထဲက ကလေးတွေအော်နေကြသလို ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ ထွဲဂျစ်ကွမ့် ပေးဖို့ အာရုံမထားဘူးဆိုတဲ့ စွပ်စွဲချက် မမှန်သေးဘူးဆိုတာ သေခြာနေပါပြီ ။ သည်ထက်ဂရုစိုက်ဖို့ဆို မပေးတဲ့ လုပ်ငန်းရှင် လူပုံအလည်မှာ တစ်ခါတည်း ကျောက်ခဲနှင့် ဝိုင်းထုပြီး သေဒဏ်ပေးရမလို ဖြစ်နေပါတယ် ။ ကိုရီးယားကို ရှာရီယာဥပဒေနှင့်အုပ်ချုပ်နိုင်တဲ့ အချိန်မှာတော့ အဲသလို ဥပဒေမျိုး ဖြစ်နိုင်ခြေရှိမှာပါ ။
သည် လုပ်သက်ဆုကြေးကို သက်ဆိုင်ရာ အလုပ်သမားများက သက်ဆိုင်ရာ အလုပ်ရှင်ဆီမှာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း တောင်းယူကြရမှာပါ ။ မပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရ တရားစွဲပြီး တောင်းဆိုသွားကြရမှာပါ ။

ပြည်ထွက် အာမခံ-အပ်နှံငွေ (Departure Guarantee Insurance /출국만기보험•신탁)
သည်အာမခံဘယ်ကလာသလဲ ။ သည်အာမခံစနစ်ကို ဥပဒေတစ်ခု အဖြစ် သီးသန့်ပြဋ္ဌာန်းပြီး မောင်းနှင်နေခြင်းမဟုတ်ပါ ။ နိုင်ငံခြား အလုပ်သမားများ ငှားရမ်းအသုံးပြုခြင်းစသည် ဆိုင်ရာ ဥပဒေ (외국인 근로자의 고용 등에 관한 법률) ပုဒ်မ ၁၃ နှင့် ၊ နည်းဥပဒေ (-ဆိုင်ရာဥပဒေ ၊ အမိန့်ဒီကရီ) ပုဒ်မ ၂၁ (-시행령 제21조) တို့အရ လည်ပတ်နေခြင်းဖြစ်ပါတယ် ဆိုတာကို သိထားပြီးသူ တော်တော် နည်းပါသေးတယ် ။
သည်အာမခံကြေးကို ဘယ်သူက သွင်းရမလဲ ။ ၂၀၁၃ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ အစပြုပြီး အလုပ်သမားရဲ့ လစဉ်ဖျမ်းမျှ လစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို လုပ်ငန်းရှင်က လစဉ် ပေးသွင်းရမှာဖြစ်ပါတယ် ။ လစာငွေမှ နှုတ်ယူ၍မဟုတ်ဘဲ ၊ အပိုဆောင်းပြီး ပေးသွင်းကြရမှာပါ ။
အဲသည် အာမခံမထား(ပျက်ကွက်)သည့် လုပ်ငန်းရှင်ဟာ ဝမ် သိန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမား (အီးနိုင်း) ငှားရမ်းခွင့်ပါ တားမြစ်ခံရမှာဖြစ်ပါတယ် ။
သည်တော့ နိုင်ငံခြားသားအလုပ်သမား (အီးနိုင်း) ငှားရမ်းသုံးစွဲလိုတဲ့ လုပ်ငန်းရှင် တစ်ဦးဦးဟာ သည်အာမခံ (အပ်နှံငွေ)ကို မထားမဖြစ်ထားရှိရမှာ ဖြစ်ပါတယ် ။ သည်တော့ ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ သည်အာမခံကြေး မှန်မှန်ပေးဖို့ ဂရုမစိုက်ဘူး ဆိုတာလည်း မဟုတ်ဘူးလို့ ပြောလို့ရပါတယ် ။ သည်ထက်ဂရုစိုက်ဖို့ဆို သည် အာမခံကြေးမပေးတဲ့ လုပ်ငန်းရှင်ကိုလည်း သေဒဏ်ပေးရမလို ဖြစ်နေပြန်ပါတယ် ။
သည်အာမခံငွေဟာလည်း အချို့ပြောနေကြတဲ့ ပြည်ပြန်စရိတ်အာမခံ (Return Cost Insurance Trust / 귀국비용보험) နှင့်လည်း မသက်ဆိုင်ပါ ။
သည်အာမခံစနစ် အစပိုင်းကဆို ၊ အဲသည်အာမခံငွေကို အလုပ်သမားဆီကဖြတ်ပြီး သွင်းတဲ့ လုပ်ငန်းရှင်တွေတောင် ရှိခဲ့ပါတယ် ။ (ဤတွင်ရှု) ။
နည်းဥပဒေ နှင့် ညွှန်ကြားချက်တွေ မသိသေးကြတဲ့အချိန် ၊ သဘောမပေါက်ကြသေးတဲ့အချိန်တုန်း ကပါ ။ (ခုတော့ လည်း အဟင်း ၊ မသိချင်ယောင်ဆောင်ကြတုန်းပါ) ။
သည်အာမခံကြေး (ပြန်အမ်းငွေ) ကိုတော့ ၊ သက်ဆိုင်ရာ အာမခံ ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း သို့မဟုတ် လုပ်ငန်းထံမှ သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် ကိုယ်စားလှယ်က သတ်မှတ်ကာလအတွင်း နည်းလမ်းတကျ လျှောက်ထားတောင်းယူကြရမှာပါ ။
သက်ဆိုင်ရာ အာမခံဌာနက အာမခံကြေးကို အတိုးနှင့်တကွ ထုတ်ပေးမှာ ဖြစ်ပါတယ် ။ ထုတ်ပေးနေဆဲဖြစ်တာကို တွေ့နေရသလို ၊ ဆက်လက်ပြီးတော့လည်း ထုတ်ပေးနေဦးမှာပဲလို့ ယုံကြည်ရပါတယ် ။ အပ်နှံငွေအတိုးမရဘူးဆိုတာ မသိတဲ့ သူတွေက ရမ်းသမ်းပြီး ပြောတဲ့ ကောလဟလစကားဖြစ်ကြောင်းလည်း သိရပါတယ် ။

(ဆက်ပါမည် ။ နားပါဦးမည် ။)

လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၄၀၄၁၅
အင်ချောန်း

Read More>>>

Thursday, 2 January 2014

မြန်မာ အလုပ်သမားများ အလိုရှိသည်

ဗီဇာ = မလို
ပရိဘော= ၂ ယောက် (ဖိုချောန်း)
ကွိုင်စက်ရုံ= ၂ယောက်(ဂင်ဖို)
၂ခုစလုံး ၊ နေစရာပေး ၊ ထမင်းကျွေး။ ရွှေခံရှိ။

ဆက်သွယ်ရန်-

ပရိဘောဂ-010-4182-6644
ကွိုင်စက်ရုံ-010-2561-9036

Read More>>>

အလုပ်ထွက်လိုလျှင်အနည်းဆုံးသက်တမ်းဘယ်နှလကျန်ရှိမှရုံပြောင်းရွှေ့ခွင့်ရှိမည်လဲ


ကိုဝိုင်းခင်ဗျား။
ကျွန်တော့်စက်ရုံမှာ ၂၀၁၄ မတ်လ၂၉ ဆို ၃ နှစ်ပြည့်ပါမယ်။နောက်ထပ် ၁ နှစ် ၁၀ လထပ်တိုးဖို့စက်ရုံတွင်သတ်မှတ်လုပ်သားအရေအတွက်ပြည့်နေသောကြောင့်ထပ်တိုး၍မရပါ။ စက်၇ုံမှထွက်ပီးရုံပြောင်းမှအဆင်ပြေပါမည်။
စက်ရုံမှ ဇန်န၀ါရီ ၃၁ အထိလုပ်ပီးထွက်စာပေးပါမည်။
ကျွန်တော်သိချင်သည့်အချက်မှာအလုပ်ထွက်လိုလျှင်အနည်းဆုံးသက်တမ်းဘယ်နှလကျန်ရှိမှရုံပြောင်းရွှေ့ခွင့်ရှိမည်ကိုသိချင်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်-
လွင်ကို

++++++++++++

အဆိုပါ မေးခွန်းအတွက် အဖြေမှာ အောက်ပါလင့်အတိုင်း ဖြစ်ပါကြောင်း လေးစားစွာပြန်လည်ဖြေကြားအပ်ပါသည် -

၃-နှစ်ဗီဇာပြည့်ခါနီး စက်ရုံပြောင်းသူများသတိပြုရန် (ဤနေရာနှိပ်ပါ)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>

Sunday, 6 October 2013

မြန်မာအလုပ်သမား ၄၀ ဦးအလိုရှိသည်

2013-နိုဝင်္ဘာလ ပထမပတ်တွင် စတင်မည့် အင်ချောန်းမြို့တော် မြေအောက်ရထားလမ်းဖောက်လုပ်သည့် လုပ်ငန်းတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၄၀ ဦး အလိုရှိပါသည် ။

- တရားဝင်ဗီဇာရှိသူများသာ ။
- အလုပ်ချိန်ကောင်း ၊ လစာကောင်း ။
- နေစရာပေး ၊ ထမင်း ၃ နှပ်ကျွေး ။

မှတ်ချက်များ-
- စိုက်ပျိုးမွေးမြူရေး ၊ ငါးဖမ်းလုပ်ငန်း တို့မှ လုပ်သားများပြောင်းရွှေ့ဝင်ခွင့်မရှိပါ။
- ကုန်ထုတ်လုပ်ငန်း(E-9-2)မှ အလုပ်သမားများ ပြောင်းရွှေ့ဝင်လုပ်ခွင့်ရှိပြီး စာချုပ်ပြီးဆုံး သို့မဟုတ် အကြောင်းမညီညွှတ်ပါက မူလ ကုန်ထုတ်လုပ်ငန်းသို့ ပြန်လည်ရွှေ့ပြောင်းခွင့်ရှိပါသည် ။
- လုပ်ခလစာကို ထိုက်ထိုက်တန်တန် ပေးမည်ဖြစ်ပါသဖြင့် ၊ အထိုက်အလျောက်ပင်ပမ်းပါမည် ။ အမှန်တကယ် အလုပ်လုပ်ပြီး ပိုက်ဆန်ရှာလိုသူများသာ ဆက်သွယ်ပါရန်။
- ရုံးချိန် (မနက်၉ မှ ည ၁၀ နာရီ) အတွင်းသာ ဆက်သွယ်ပါရန်။

လေးစားမှုဖြင့်-
ကိုဝိုင်း-(၀၇၀-၇၇၆၁-၂၄၅၇)
2013-10-06

Read More>>>

Friday, 31 May 2013

မြန်မာအလုပ်သမား ၅၀ ဦး အလိုရှိသည်

အမြန်ရထားလမ်းဖောက်လုပ်ရေး
ဒေ၈ု (Daegu) နှင့် ဂွါန်ဂျူး(Gwangju)အကြား
မြန်မာလူခံမရှိပါ
ဗီဇာရှိဖို့လိုသည်
ကုန်ထုတ်လုပ်ငန်းမှ လုပ်သားများကိုတရားဝင်လက်ခံဆောင်ရွက်ပေးသည်
အကြောင်းအမျိုးမျိုးကြောင့် မလုပ်လိုပါက မူလ လုပ်ငန်း(အမျိုးအစား)သို့ပြန်နိုင်သည်
လုပ်ငန်းခွင်ကြည့်ရှု၊ လေ့လာ ၊ အစမ်းလုပ်ကြည့်နိုင်သည်
အာမခံကြေးများအားလုံး ကုမ္ပဏီက တာဝန်ယူသည်
လစာကောင်း ၊ အလုပ်ချိန်ကောင်း၊ အချိန်ပိုကောင်း
နေစရာပေး ၊ ထမင်း ၃နှပ်ကျွေး၊
တစ်နေ့ ၈ နာရီ (စနေပါ) အခြေခံလစာ ၁၈သိန်း ၆ သောင်း
အချိန်ပိုကြေး ၁နာရီ ၁သောင်း (နေ့စဉ် အချိန်ပို ၃နာရီလုပ်လိုကလုပ်နိုင်သည်)

စိတ်ပါဝင်စားသူများဆက်သွယ်ပါ-
-၀၁၀-၂၃၃၁-၂၄၅၇


မှတ်ချက်-
အလုပ်လုပ်ပြီး ပိုက်ဆန်ရှာလိုသူများသာ ဆက်သွယ်ပါရန်။

Read More>>>

Tuesday, 7 May 2013

ကိုရီးယားအစိုးရအသိအမှတ်ပြု ကိုရီးယားစားဖိုမှူး သင်တန်းဖွင့်မည်

အင်ချောန်း ၊ မေ ၉

ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားအစိုးရအသိအမှတ်ပြု စားဖိုမှူး သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -

သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)

သင်တန်းကာလ (၆-လ)
- တနင်္ဂနွေ တစ်ပတ်ခြား (တစ်လ၂-ရက်)

သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၄ နာရီထိ

- နေ့လည်စာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းချိန်ပြီးပါက ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ ကန့်သတ်ထားပါသည် ။
- အမှန်တကယ်တတ်မြောက်လိုသူများ နစ်နာမှုမရှိစေရေးနှင့် သင်တန်းစီစဉ်သူများ အနှောက်အယှက် မဖြစ်စေရေးအတွက် အမှန်တကယ်တက်ရောက်နိုင်မှသာ အမည်စာရင်းပေးသွင်းပါရန်မေတ္တာရပ်ခံပါသည် ။
- မိမိဦးစားပေးသင်ယူလိုသော (အချက်အပြုတ်) အမျိုးအမည်များအဆိုပြုနိုင်ပါသည် ။

- စိတ်ပါဝင်စားသူများ မေလ၂၀ ရက်နေ့ နောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Read More>>>

Friday, 3 May 2013

မြန်မာအလုပ်သမားများအလိုရှိသည်

ဖိုချောန်းဒေသ (မြောက်ကိုရီးယားအနီး)
ပရိဘောဂအလုပ်ရုံ
မြန်မာလူခံရှိသည်
ဗီဇာမလို
လစာကောင်း ၊ အလုပ်ချိန်ကောင်း
စိတ်ပါဝင်စားသူများဆက်သွယ်ပါ-
-၀၁၀-၂၁၅၉-၅၇၃၅


မှတ်ချက်-
အလုပ်လုပ်ပြီး ပိုက်ဆန်ရှာလိုသူများသာ ဆက်သွယ်ပါရန်။

Read More>>>

Thursday, 21 February 2013

မြန်မာအမျိုးသမီးလုပ်သား၃-ဦးအလိုရှိပါသည်

ဗီဇာ -
ရှိ-မရှိ

လစာ-
၁၃ သိန်း ၃သောင်း ဝမ်

အလုပ်-
ပါဆယ်ထုပ်ပိုးခြင်း

အလုပ်ချိန်-
နံနက် ၉ မှ ညနေ ၆ (တနင်္လာ-စနေ)

ဆက်သွယ်ရန်-
မမေရီ (၀၁၀-၂၇၁၂-၀၁၅၆)
မစ္စတာလီ (၀၁၀-၆၃၆၉-၈၄၅၇)

Read More>>>

Wednesday, 20 February 2013

မြန်မာအလုပ်သမား ၃ ဦးအလိုရှိသည်

ဖေါ့ (စပေါန်ဂျီ) စက်ရုံ
ယန်ဆန်မြို့ (Yangsan)
ဗီဇာမလို
နေစရာပေး
အချိန်ပိုကောင်း ၊ လစာ မှန် ၊ ကောင်း
မြန်မာလူခံရှိသည်။

ဆက်သွယ်ရန်-
- 010-2165-2629 (Myanmar)

Read More>>>

Saturday, 2 February 2013

မြန်မာအလုပ်သမား ၃ ဦးအလိုရှိသည်

သံဖရိန်ခွေ(Form-work)အလုပ်ရုံ
ချောန်နန် -ဖြောင်းထက်ဒေသ
ဗီဇာမလို
နေစရာပေး
ထမင်းစရိတ် ဝမ် ၃ သိန်းပေးသည်
လစဉ် ကျန်းမာရေးစရိတ် ၅ သောင်း ပေးသည်
အချိန်ပိုကောင်း ၊ လစာ မှန် ၊ ကောင်း

မှတ်ချက် -
မြန်မာအီးပီအလုပ်သမားတစ်ဦး ၆ နှစ်ပြည့်လုပ်ခဲ့ဖူးပြီး ၊ မြန်မာအလုပ်သမားတန်းတန်းစွဲခိုက်နေသော ကိုရီးယားသူဌေးဖြစ်သည်။

ဆက်သွယ်ရန်-
- 010-3360-6927(Korea)
- 010-5836-0098 (Myanmar)

Read More>>>

Saturday, 19 January 2013

2013-KIIP (Korea Immigration and Integration Program) သင်တန်းများမကြာမှီဖွင့်လှစ်မည်

ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ (F-5) ၊ အခြေချနေထိုင်ခွင့်ဗီဇာ(F-2) နှင့် အထူးအလုပ်လုပ်ခွင့်ဗီဇာ(E-7)တို့ လျှောက်ထားရာမှာ “ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း(Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူဖြစ်ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ အဆင့် ၃ (TOPIK Level-3) အောင်လက်မှတ် မရရှိနိုင်သူများအဖို့ ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ကြီးမှူးကျင်းပတဲ့ ကိုရီးယား ယဉ်ကျေးမှုသင်တန်း (KIIP) ကို တက်ရောက်ထားသင့်တယ်လို့ ယူဆပါတယ် ။

သင်ရိုးကုန်တက်ဖို့လိုအပ်တယ်ဆိုပေမယ့် ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲရှိပြီး ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲမှာ ရရှိတဲ့ အမှတ်အခြေအနေ (사전평가점수) အရ ၊ မိမိနှင့် သင့်တော်တဲ့ အတန်းကစပြီး သင်ယူနိုင်ကြောင်းလည်း သိရပါတယ် ။ ယခုအခါ ၂၀၁၃ခုနှစ်အတွက် သင်တန်းလမ်းညွှန်နှင့် အချိန်ဇယား (Click Here and Download) ထွက်လာပြီဖြစ်ကြောင်း ၊ မကြာခင်မှာ အဲသည်သင်တန်းတွေ ကိုရီးယားနိုင်ငံနှင့်အဝှမ်း စတင်တော့မှာဖြစ်ကြောင်း ၊ ပထမအသုတ် သင်တန်းသားလောင်းများ လျှောက်လွှာကို အောန်လိုင်း [Click Here] မှတစ်ဆင့် ၊ အောက်ဖော်ပြပါကာလအတွင်း ၊ လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ် -
- From 10 Jan 2013 (9am) to 1 Feb 2013 (5pm).

http://www.socinet.go.kr စာမျက်နှာ soci-Net တွင် အဖွဲ့ဝင် (회원가입) အဖြစ် ဦးစွာမှတ်ပုံတင်ပြီးမှသာ ၊ KIIP တွင် သင်တန်း လျှောက်လွှာ တင်သွင်း (사회통합프로그램신청) ရမည်ဖြစ်ကြောင်း ၊ စာမေးပွဲ ညွှန်ကြားချက်များကို ဤနေရာတွင် (CLICK HERE) ကြည့်ရှုနိုင်သလို ၊ ထပ်မံသိရှိလိုသော အချက်အလက်များ ရှိပါက အင်တာနက်စာမျက်နှာ (http://www.kiip.kr/) တွင်ဖြစ်စေ ၊ Immigration Contact Centre (Tel. 1345) နှင့် အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဌာန ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းခြင်းဖြင့်ဖြစ်စေ သိရှိနိုင်ကြောင်း သိရပါတယ် ။
- Seoul (02-2650-6229)/ 158-076 서울시 양천구 목동동로 121
- Pusan (051-461-3082)/ 600-814 부산시 중구 충장대로 20
- Incheon (032-890-6404, 6411)/ 400-800 인천시 중구 항동7가 1-31
- Suwon (031-695-3821~2)/ 441-340 수원시 영통구 영통동 1012-6
- Jeju (064-722-0080)/ 690-800 제주시 임항로 277
- Daegu (053-980-3558~9)/ 701-040 대구시 동구 안심로 117
- Daejeon (042-220-2192)/ 301-840 대전시 중구 목동길 150
- Yeosu (061-689-5517)/ 555-110 전남 여수시 무선로 267
- Yangju (031-828-9487)/ 480-848 경기도 양주시 덕계동 467-2
- Kwangju (062-381-1345)/ 502-838 광주시 서구 화정로 196
- Changwon (055-222-9279)/ 631-410 경남 창원시 마산합포구 해안로 260
- Chuncheon (033-269-3215~6)/ 200-882 강원도 춘천시 동내면 사암길 12
- Cheongju (043-235-4905)/ 361-825 충북 청주시 흥덕구 새터1길 23
- Jeonju (063-245-6164)/ 561-211 전북 전주시 덕진구 호성로 213


အောင်မြင်ကြပါစေ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Sources:
- http://www.kiip.kr/
- http://www.socinet.go.kr/soci/main/main.jsp?MENU_TYPE=S_TOP_SY
- http://dhammaduta.info/others/2013_KIIP_Time-table.pdf
- http://dhammaduta.info/others/2013_KIIP_Application_Procedure.pdf

Read More>>>

Thursday, 20 December 2012

၂၀၁၃ ခုနှစ် အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၈၆၀ ဝမ် ၊ ယခင်နှစ်ထက် ၆ဒသမ၁ ရာခိုင်နှုန်း တက်

၂၀၁၃ခုနှစ် (ဇန္နဝါရီလ၁ ရက်မှ ဒီဇင်္ဘာလ ၃၁ ရက်နေ့ထိ) အတွက် ကိုရီးယားနိုင်ငံ အလုပ်သမားများ အခြေခံလစာ (အနည်းဆုံးလုပ်ခ) ၁ နာရီ ၄၈၆၀ ဝမ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ရာ ၊ ယခင်နှစ်ထက် ဝမ် ၂၈၀ တက် လာကြောင်း ၊ ၁ ရက် (၈-နာရီ) လုပ်ခ ၃သောင်း ၈ထောင် ၈၈၀ ၊ ရက်သတ္တပတ် (၄၀ နာရီ ၊ တစ်လ ၂၀၉ နာရီ) လစာ ၁၀ သိန်း ၁ သောင်း ၅ ထောင် ၇၄၀ နှင့် ရက်သတ္တပတ် (၄၄နာရီ) အတွက် လစာမှာ ၁၀ သိန်း ၉ သောင်း ၈ ထောင် ၃၆၀ ဖြစ်ကြောင်း အနည်းဆုံးလုပ်ခ (သတ်မှတ်ရေး) ကော်မတီ (최저임금위원회) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည် ။


သို့ရာတွင် သက်တောင့်သက်သာစွာလုပ်ရသည့် ခြံစောင့်အစရှိသည့် စောင့်ကြည့်လုပ်သား (감시적근로자) များနှင့် နားချိန်ကများပြီး အလုပ်လုပ်ရသည့်အချိန်က နည်းသည့် ဘွိုင်လာမောင်းအစရှိသည့် စောင့်ထိန်းလုပ်သား(단속적근로자) များအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်မှာ အဆိုပါ လုပ်ခလစာ၏ ၉၀ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆိုပါသည် ။


ရည်ညွှန်းသတင်းများ-
- http://minimumwage.go.kr/
- http://outsourcingtimes.com/new/news/news_view.asp?nk=1&idx=58208
-

Read More>>>

Wednesday, 7 November 2012

မြန်မာ အီးပီ အလုပ်သမားများ အမြန် အလိုရှိသည်

- သံထည်စက်ရုံ (၄) ဦး
- အထည်ချုပ်စက်ရုံ (၃) ဦး
- နေရာ = ချောန်းနန်(Cheonan)
- လစာ မှန် ၊ ကောင်း
- နေစရာ ပေး
- ထမင်းကျွေး ၃ နှပ်


- မှတ်ချက် -
- အလုပ်များပြီး ၊ အနည်းငယ်ပင်ပမ်းမည်ဖြစ်ပါသဖြင့် ၊ အလုပ်ကြိုးစားလုပ် ၊ ပိုက်ဆံများများ ရှာလိုသူများသာ ဆက်သွယ်ပါရန် ။
- ဆက်သွယ်ရန်-
- ကိုရွှေခံ (၀၁၀-၆၅၂၃-၁၂၀၆)

Read More>>>

Wednesday, 17 October 2012

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

သာလွန်ဇောင်းထက်| October 16, 2012 | IRRAWADDY

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြခိုင်းခြင်းကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်း မရှိကြောင်း၊ ဥပဒေအရ နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေးခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရသည့် စနစ်ကို ပယ်ဖျက်သွားရန် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။

“ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန်ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင် နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ်ကြောင့် နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ ဥပဒေထဲမှာလည်း ကင်းလွတ်ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန် အလွန်ခက်ခဲပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း ပြောဆိုသည်။

“ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်းမြို့နယ်မှာ ပြောင်းပြီး လုပ်ထားတော့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင်တာကိုလည်း၊ အခွန်ပေးစရာ မရှိတာကို ထောက်ခံစာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက် ၆ လကြာမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်” ဟု အဆိုပါလူငယ်က ဧရာဝတီသို့ ပြောသည်။

ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။

“အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင်စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက်သုံးရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ၀င်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး” ဟု စစ်ကိုင်းမြို့မှ လူငယ်တဦးက ဆိုသည်။

ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင် ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

“ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊ နောက်ပြီး အခက်အခဲတွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်းနိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။ လာမယ့်နှစ်ပတ်အတွင်း ရန်ကုန်မှာဖွင့်ဖို့ရှိတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။


REF:
- Irrawaddy-Burmese, Myanmar Journal

Read More>>>

Monday, 15 October 2012

မြန်မာအလုပ်သမား ၃ ဦးအလိုရှိသည်

ဝန်ချီစက်မောင်း ၁ ဦး
ကရိန်းမောင်း ၁ ဦး
အထွေထွေ ၁ ဦး
လစာ-မှန်-ကောင်း
မြန်မာလူခံရှိ
ထမင်း ၂ နှပ်ကျွေး ၊
နေစရာပေး
ဗီဇာ ရှိရှိ-မရှိရှိ


ဆက်သွယ်ရန်-
ကိုလူခံ-၀၁၀-၈၉၇၄-၉၂၆၂
2012-10-15

Read More>>>

Friday, 5 October 2012

အသေးစားနှင့်အလတ်စားလုပ်ငန်းများ လုပ်သားလိုအပ်ချက် ကိုရီးယားအစိုးရက ခပ်စောစော ဖြည့်ဆည်းပေးမည်

အောက်တိုဘာ ၆ ၊ ဆောအူးလ်

စက်တင်္ဘာ ၁၃ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးဝန်ကြီး လင်ဂျုံယုံ (Yim Jong-ryong, the Minister of the Prime Minister's Office)က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ကိုရီးယား နိုင်ငံခြားသားလုပ်သားအင်အားမူဝါဒကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး ၊အစည်းအဝေးက လာမည့် ၂၀၁၃ခုနှစ်အတွင်း အီးပီလုပ်သား ၆သောင်း၂ထောင်ခေါ်ယူမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည် ။

အဆိုပါ လုပ်သားအရေအတွက်မှာ ၊ လွန်ခဲ့သောနှစ်ထက် ၅ထောင်ပိုကြောင်း ၊ ကိုရီးယားနိုင်ငံ အသေးစားနှင့်အလုပ်စားလုပ်ငန်းများ ၊မွေးမြူရေးလုပ်ငန်း နှင့် ရေလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လုပ်သားများကို အမြန်ဆုံးဖြည့်စွက်နိုင်ရန်နှင့် ၊ ထိုင်းမှိုင်းနေသော ကိုရီးယားစီးပွါးရေးလုပ်ငန်းများ အမြန်ဆုံး နှာလန်ထူလာစေရေးအတွက် ယခင်နှစ်များထက် ၃လ စောပြီး ခေါ်ယူမည်ဖြစ်ကြောင်း ၊ ၃သောင်း၉ထောင်မှာ သက်တမ်းကုန်ပြည်တော်ပြန်ကြမည့်သူများနေရာတွင်အစားထိုးရန်နှင့် လူသစ်လိုအပ်ချက် ၂သောင်း၃ထောင်ဖြစ်ကြောင်း ၊ လုပ်သား ၅သောင်း၂ထောင်မှာ လူသစ်များဖြစ်ပြီး ၊ ၁သောင်းမှာ လူဟောင်းများ(re-entrants) ဖြစ်မည်ဖြစ်ကြောင်း သိရပါသည် ။

ထို့ပြင် ၊ ကိုရီးယားအစိုးရသည် အီးပီလူသစ်အလုပ်သမားများအလိုရှိသည့် ကိုရီးယားလုပ်ငန်းရှင်များထံမှ လုပ်သားခေါ်စာ(လျှောက်လွှာ)များကို စက်တင်္ဘာလမှ အစပြု၍ လက်ခံလျက်ရှိကြောင်းနှင့် ၊ ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူလိုသည့် နိုင်ငံမှ အီးပီလုပ်သားလောင်းများကို ကိုရီးယားအစိုးရက ခေါ်ယူပေးလျက်ရှိကြောင်း သိရသည် ။

မြန်မာပြည်မှ အီးပီလုပ်သားများကိုခေါ်ယူခြင်းမပြုတော့ဟု ကောလဟာလသတင်းများပြန့်နှံ့လျက်ရှိသော်လည်း အဆိုပါသတင်းမှာ အခြေအမြစ်မရှိကြောင်း ၊ သို့ရာတွင်ကိုရီးယားတွင် ရောက်နေပြီးဖြစ်သော မြန်မာအီးပီလုပ်သားများက ကိုရီးယားလုပ်ငန်းရှင်များ သဘောမတွေ့စရာ ဖြစ်ရပ်များ များများစားစားလုပ်ဆောင်နေကြမည်ဆိုလျင် ၊ ထိုကဲ့သို့သော သတင်းစကားများ မကြာခဏ ကြားသိနေကြရမည်ဆိုလျင် ၊ မြန်မာအလုပ်သမားများကို ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူလိုခြင်း ရှိမည်မဟုတ်သဖြင့် ၊ မြန်မာလုပ်သားခွဲတမ်း ပိတ်သလိုမျိုး ဖြစ်သွားနိုင်ကြောင်း ၊ အီးပီစနစ်သည် ယခင် သင်တန်းသားစနစ်လို ကိုရီးယားအစိုးရက တာဝန်ခံခေါ်ယူပြီး လုပ်ငန်းရှင်များထံ ခွဲတန်းချပေးနေသည့်စနစ်မဟုတ်သဖြင့် မြန်မာလုပ်သမားများ ကိုရီးယားနိုင်ငံသို့ မည်မျှခေါ်ယူမလဲဆိုသော အချက်မှာ ကိုရီးယားလုပ်ငန်းရှင်များက မြန်မာအလုပ်သမားများကို ခေါ်ယူလိုခြင်းရှိမရှိဆိုသော အချက်ပေါ်မူတည်နေလိမ့်မည်ဟု ယူဆကြောင်း ကိုဝိုင်း(မိုးညှင်း)ကပြောပါသည် ။

Read More>>>

Monday, 30 July 2012

၃-နှစ်စာချုပ်သမားတွေ ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ

မင်္ဂလာပါ အကို ကျွှန်တော်ကဒီရောက်တာ ကိုးလရှိပါပြီ အကို တို့သုံးနှစ်တိုက်ဖြတ်ရေးကို ဟန်ဂုရွာမှာတွေ့ရတာဝမ်းသာမိပါတယ် ဒါပေမယ့် မြန်မာပြည် အနေအထားနဲ့က မလွယ်ဘူးဗျ ကျွှန်တော့် သူငယ်ချင်းတစ်ယောက်ဆို သူကဒီကိုရောက်ဘူးတယ် ရေလုပ်ငန်းနဲ့ကျလို့မလားဘူး စာချုပ်မချုပ်ဘူး ဒါကိုမှတ်ချက်ရေးခိုင်းတယ် ရေးပေးလိုက်တော့လည်း စာရေးတာများတယ် ငါတို့မကောင်းဖြစ်မှာပေါ့ နောက်လူတွေလည်းအားနာအုံး နင်တစ်ယောက်မသွားရလို့ ဘာမှမဖြစ်ဘူး ကျန်တဲ့သူတွေရောက်ဘို့အရေးကြီးတယ် ဆိုပြီးပြောတယ် အရင်လူတွေဘယ်လောက်တောင်စောင့်ခဲ့ရလဲ အခုရတုန်းသွား ဆိုပြီးတိုက်တွန်းနေတော့ လာခြင်နေတဲ့သူတွေကိုဘယ်လိုတားမလဲအကို အဲ့ဒီမှာသူတို့အဘလို့ခေါ်နေတဲ့ သူကဆို သူတို့ပြောတာနားမလည်လို့ ပြန်မေးမိတာ ထိုးခံထိတယ် မင်းကဘာကောင်လဲဘာလဲနဲ့ အဲ့ဒီလောက်ဖြစ်နေတဲ့ လေဘာရုံးကို ဒီလာခြင်တွေက ဘယ်လိုနည်းနဲ့ လှန်ရဲမှာလည်း ဒါတွေကို ထည့်စဉ်းစားရင် မလွယ်ဘူးထင်လို့ပြောပြတာပါ ။
နောက်တစ်ခုက ဒီရောက်ပြီး တစ်နှစ်စာချုပ် တွေကသူတို့တစ်နှစ်ပြည့်ရင် အလုပ်ရှင်ကကြိုက်နေရင်လည်း ပြောင်းလို့ရပါသလား သိခြင်ပါတယ်
သုံးနှစ်စာချုပ်သမားတွေထဲက တစ်နှစ်ပြည့်လို့ပြောင်းခြင်ရင် ဘယ်လိုဆောင်ရွက်လို့ အဆင်ပြေနိုင်မလည်းသိခြင်ပါတယ် ။

********
ကိုမြင့်သန်းခင်ဗျာ။
အကြံပေးတာ ကျေးဇူးတင်ပါတယ်။
၁-နှစ် စာချုပ် ဆို ၁-နှစ်ပြည့်ပြီးရင် ၊ ကိုယ်ပြောင်းချင်ရင်ပြောင်းလို့ရပါတယ်။
၁-နှစ်စာချုပ်ကုန်ရင် ၊ သူဌေးက သူ့စက်ရုံမှာ ဆက်ခိုင်းချင်တယ်ဆို ၊ စာချုပ်အသစ်ထပ်ချုပ်ရပါတယ်။
အဲသည်မှာ ကိုယ်က သဘောမတူရင် ၊ စာချုပ်ဆက်မချုပ်လည်းဖြစ်ပါတယ် ။
၃-နှစ်ဆိုတော့ ၊ ကိုယ်က ကြိုက်ကြိုက်မကြိုက်ကြိုက် သူဌေးက ကြိုက်နေရင် ၃-နှစ်ပြည့်သည်အထိ ဆက်လုပ်ပေးဖို့တာဝန်ရှိနေပါတယ်။
သူဌေးက သဘောတူ ခွင့်ပြုမှ အခြားစက်ရုံကို ပြောင်းလို့ရပါတယ် ။
၃-နှစ်စာချုပ်သမားတွေက ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ၊ သူဌေးခွင့်ပြုချက်ရအောင်လုပ်ရပါ့မယ်။ သူဌေးခွင့်ပြုချက်ရမှ အဆင်ပြေပါမယ် ။
ကျန်တဲ့ နည်းတွေရှိပေမယ့် ၊ မလွယ်ကူလှကြောင်း သိရပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂-ဇူလိုင်-၃၁

Read More>>>