Friday 19 August 2011

ကိုရီးယားနိုင်ငံတွင် ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာ လျှောက်ထားရေးအစီအစဉ်

လူတော်လူကျော်များ အလိုရှိသတဲ့
ကိုရီးယား သမ္မတ လီမြောင်ဘတ် ဟာ အမျိုးသားယှဉ်ပြိုင်မှုစွမ်းရည်တိုးတက်ရေးကောင်စီ (PCNC) ကို ဖွဲ့စည်းခဲ့ပြီး ကိုရီးယားနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ် (၁၀၀) ကိုချမှတ် အကောင်အထည်ဖော်လာခဲ့ပါတယ် ။ အဆိုပါလုပ်ငန်းစဉ်များအနက် ကိုရီးယားပညာရှင်များ ပြည်ပသို့ထွက်ခွါသွားခြင်းမှတားဆီးရေးနှင့် နိုင်ငံခြားသား လူတော်လူကျော်များ ရရှိရေးအစီအစဉ် (to prevent a brain drain and bring in talented foreigners) များလည်း ပါဝင်ပါတယ် ။

အဲသည်အစီအစဉ်အရ ကိုရီးယားမှာ အလုပ်လာလုပ်ကြတဲ့ သူများ (E-series visa Holder) ကို အမြဲတမ်းနေထိုင်ခွင့်ပေးတဲ့စနစ် ၊ နိုင်ငံခြားသားများကို ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ပေးတဲ့ အစီအစဉ် နှင့် ဒွိနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့စနစ်(permit multiple citizenship/dual citizenship) တွေလည်း ပါဝင်ပါတယ် ။

လေ့လာဆောင်ရွက်နိုင်ကြစေ
ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာ (အက်ဖ်-၂) လျှောက်ထားတဲ့ အစီအစဉ်မှာ မြန်မာများလည်း ပါဝင်လျှောက်ထားလိုသူများရှိပါက ထပ်ဆင့် လေ့လာသိရှိ ဆောင်ရွက်နိုင်ကြစေရန် တင်ပြလိုက်ပါတယ် ။

အီးဗီဇာများ
အက်ဖ်-၂ ဗီဇာ မလျှောက်မှီ Eဗီဇာ (E-series visa) ဖြင့် အနည်းဆုံး ၁ နှစ် နေပြီးသူဖြစ်ရမယ်လို့ဆိုပါတယ် ။ Eဗီဇာ (E-series visa) အမျိုးအစားတွေကတော့ (professors (E-1), foreign language instructors (E-2), researchers (E-3), technology instructors (E-4), people with specialty occupation (E-5) and people with particular occupation (E-7)တို့ဖြစ်ပါတယ် ။

ပေးထားတဲ့ ပွိုင့်တွေ
ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားရေးအစီအစဉ်မှာ ၊ ခေါင်းစဉ်ကြီး ၅ ခုဖြင့် အများဆုံး အမှတ် ၁၂၀ ပေးထားပြီး ၊ ပြစ်မှုကျူးလွန်ခြင်းများအတွက် လျှော့မှတ် ၅ မှတ်ရှိပါတယ် ။ အမှတ် ၈၀ ပြည့်လျင် အခြေချနေထိုင်ခွင့်ဗီဇာ (F-2 Visa) ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ် ။

ရနိုင်သောအမှတ်များမှာ-
- ၁ ။ အသက်အပိုင်းအခြား(အများဆုံး ၂၅ မှတ်)
- ၂ ။ ပညာရေး(အများဆုံး၃၅မှတ်)
- ၃ ။ ကိုရီးယားဘာသာကျွမ်းကျင်မှု(အများဆုံး၂၀မှတ်)
- ၄ ။ နှစ်စဉ်ဝင်ငွေ(အများဆုံး၁၀မှတ်)
- ၅ ။ အပိုရမှတ် အတိုးအလျှော့(အများဆုံး ၃၀မှတ်ရနိုင်ပါသည်)

အသက်အပိုင်းအခြား(အများဆုံး ၂၅ မှတ်)
Age - (maximum 25 points)
18-24 years old = 20 points
25-29 years old = 23 points
30-34 years old = 25 points
35-39 years old = 23 points
40-44 years old = 20 points
45-50 years old = 18 points
51 or older = 15 points
ပညာရေး(အများဆုံး၃၅မှတ်)
Academics (maximum 35 points)
Associates degree = 5 points
Bachelor's degree = 26 points
2 or more Bachelor's degree = 28 points
Master's degree = 30 points
2 or more Master's degrees = 32 points
Ph.D degree = 33 points
2 or more Ph.D. degrees = 35 points
ကိုရီးယားဘာသာကျွမ်းကျင်မှု(အများဆုံး၂၀မှတ်)
Korean proficiency (maximum 20 points)
General Comprehension/Basic Communication =10 points
Topic Comprehension/Communicates well in Familiar Subject = 15 points
Proficient Communication for Everyday Life = 20 points
(*based on results of S-TOPIK, the Standard Test Of Proficiency in Korean)
Additional Categories:
Completion of Social Integration Program (KIIP) = 10 points.

နှစ်စဉ်ဝင်ငွေ(အများဆုံး၁၀မှတ်)
Yearly income (maximum 10 points)
Under 35,000,000 won / year = 5 points
35,000,000 - 50,000,000 won / year = 6 points
50,000,000 - 80,000,000 won / year = 7 points
80,000,000 - 100,000,000 won / year = 8 points
100,000,000 won or more / year = 10 points

အပိုရမှတ် အတိုးအလျှော့(အများဆုံး ၃၀မှတ်ရနိုင်ပါသည်)
ကိုရီးယားနိုင်ငံမှ ဘွဲ့လက်မှတ်များအတွက်ရမှတ်-
Korean Academic Studies -
A Korean language certificate = 1 point
B.A. = 3 point
M.A. = 5 points
Ph.D. = 10 points
(*certificate/degree earned in Korean institution)
ကိုရီးယားဘာသာအောင်လက်မှတ်= ၁မှတ်
ရိုးရိုးဘွဲ့လက်မှတ်=၃မှတ်
မဟာဘွဲ့=၅မှတ်
ပါရဂူဘွဲ့=၁၀မှတ်

ပြည်တွင်းလူမှုရေးလုပ်ငန်းများဆောင်ရွက်ခြင်း
၁နှစ်အောက်= ၁မှတ်
၁နှစ်မှ ၂နှစ်အတွင်း=၃မှတ်
၂နှစ်အထက်=၅မှတ်
Domestic Community Service -
Under 1 year = 1 point
1-2 years = 3 points
Over 2 years = 5 points
ပြည်ပနိုင်ငံတစ်ခုခုတွင် အသက်မွေးဝမ်းကျောင်းအတတ်ပညာအတွေ့အကြုံအတွက်တိုးမှတ်များ
၁နှစ်=၁မှတ်
၁နှစ်မှ ၂နှစ်အတွင်း=၃မှတ်
၂နှစ်အထက်=၅မှတ်
Overseas Work as a Specialist -
1 year = 1 point
1-2 years = 3 points
Over 2 years = 5 points

လျှော့မှတ် (အနှုတ်)များ
မှီခိုသူကကျူးလွန်သောပြစ်မှုများ(၂မှတ်)
ဗီဇာရက်လွန်နေထိုင်မှုဖြစ်ဖူးလျင်=၁မှတ်
သတိပေး(ဗီဇာရပ်ဆိုင်း)ခံရဖူးခြင်းစသည်များ=၁မှတ်
မိမိဖိတ်ခေါ်သူကကျူးလွန်သောပြစ်မှုများ(၃မှတ်)
ရက်လွန်နေထိုင်ဖူးလျင်=၁မှတ်
သတိပေး(ဗီဇာရပ်ဆိုင်း)ခံရဖူးခြင်းစသည်များ=၂မှတ်

လေးစားမှုဖြင့် -

ကိုဝိုင်း(မိုးညှင်း)
သြဂုတ်လ-၂၁ ၊ ကိုရီးယား

Ref:
- http://www.liveleak.com/view?i=01f_1270271751
- http://www.koreatimes.co.kr/www/news/nation/2010/04/116_64629.html
- http://www.jejuweekly.com/news/articleView.html?idxno=1651
- http://www.pcnc.go.kr/e_nccusr/m01/Welcome.aspx

No comments: