Tuesday 23 August 2011

အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) လျှောက်ထားခွင့်ရှိခြင်း

ကိုရီးယားနိုင်ငံ သို့ ပညာတော်သင်အဖြစ် ရောက်ရှိလာပြီး ၊ ၄င်းနောက် ဘွဲ့ရ ၊ ကိုရီးယားနိုင်ငံတွင် သင့်တော်မည့် အလုပ်တစ်ခုခု ရရှိရေးအတွက် ဘာဆက်လုပ်ရမည်ကို မသိကြသေးသည့် မြန်မာမိတ်ဆွေများကို မကြာခဏတွေ့ရပါသည် ။

ထိုထို ပုဂ္ဂိုလ်များအတွက် ကိုရီးယားအစိုးရက အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) တီထွင်ပြဋ္ဌာန်းပေးကြောင်း ၊ ပြည်ပဘွဲ့ရ ဘွဲ့လွန်ကျောင်းသားများကိုလည်း ခွင်ပြုရန် စီစဉ်နေကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံမှ ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) အနေဖြင့် D-2 (Student/유학), သို့မဟုတ် D-4 (General trainee/일반연수) မှ D-10 Visa အဖြစ် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ၊ visa သက်တန်း ၆ လ ရရှိနိင်ကြောင်း ၊ မူလ ဗီဇာ သက်တန်း ကုန်သွားပါကလည်း ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) လျှောက်ထားနိုင်ကြောင်း ၊ အလုပ်ရရှိပါက ရရှိသည့် အလုပ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဗီဇာ အမျိုးအစားသို့ ပြောင်းရမည်ဟု ဆိုပါသည် ။

လျှောက်ထားရန် အောက်ပါ စာရွက်စာတမ်းများလိုအပ်သည်ဟုဆိုသည် -
- 신청서 (လျှောက်လွှာ)
- 여권 (နိုင်ငံကူး လက်မှတ်)
- 외국인등록증 (နိုင်ငံခြားသားကပ်)
- (여권) 사진 (ပတ်ပို့ဓါတ်ပုံ)
- 학력/성적증면서/계획서 (ဘွဲ့လက်မှတ် ၊ အကျင့်စာရိတ္တထောက်ခံချက် ၊ အလုပ်ရရှိရေး အစီအစဉ်)
- 수수료 (6만원) (တံဆိပ်တော်ခွန် ဝမ် ၆ သောင်း)

အသေးစိတ် သိလိုပါက ကိုရီးယား အနီးဆုံးလူဝင်မှုကြီးကြပ်ရေးရုံး Phone-1345 (ရှေ့တွင် ဒေသဆိုင်ရာ တယ်လီဖုန်းကုဒ်နှိပ်ရန်) ထံဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရပါသည် ။

အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

No comments: