ကိုရီးယားနိုင်ငံ သို့ ပညာတော်သင်အဖြစ် ရောက်ရှိလာပြီး ၊ ၄င်းနောက် ဘွဲ့ရ ၊ ကိုရီးယားနိုင်ငံတွင် သင့်တော်မည့် အလုပ်တစ်ခုခု ရရှိရေးအတွက် ဘာဆက်လုပ်ရမည်ကို မသိကြသေးသည့် မြန်မာမိတ်ဆွေများကို မကြာခဏတွေ့ရပါသည် ။
ထိုထို ပုဂ္ဂိုလ်များအတွက် ကိုရီးယားအစိုးရက အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) တီထွင်ပြဋ္ဌာန်းပေးကြောင်း ၊ ပြည်ပဘွဲ့ရ ဘွဲ့လွန်ကျောင်းသားများကိုလည်း ခွင်ပြုရန် စီစဉ်နေကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံမှ ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) အနေဖြင့် D-2 (Student/유학), သို့မဟုတ် D-4 (General trainee/일반연수) မှ D-10 Visa အဖြစ် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ၊ visa သက်တန်း ၆ လ ရရှိနိင်ကြောင်း ၊ မူလ ဗီဇာ သက်တန်း ကုန်သွားပါကလည်း ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) လျှောက်ထားနိုင်ကြောင်း ၊ အလုပ်ရရှိပါက ရရှိသည့် အလုပ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဗီဇာ အမျိုးအစားသို့ ပြောင်းရမည်ဟု ဆိုပါသည် ။
လျှောက်ထားရန် အောက်ပါ စာရွက်စာတမ်းများလိုအပ်သည်ဟုဆိုသည် -
- 신청서 (လျှောက်လွှာ)
- 여권 (နိုင်ငံကူး လက်မှတ်)
- 외국인등록증 (နိုင်ငံခြားသားကပ်)
- (여권) 사진 (ပတ်ပို့ဓါတ်ပုံ)
- 학력/성적증면서/계획서 (ဘွဲ့လက်မှတ် ၊ အကျင့်စာရိတ္တထောက်ခံချက် ၊ အလုပ်ရရှိရေး အစီအစဉ်)
- 수수료 (6만원) (တံဆိပ်တော်ခွန် ဝမ် ၆ သောင်း)
အသေးစိတ် သိလိုပါက ကိုရီးယား အနီးဆုံးလူဝင်မှုကြီးကြပ်ရေးရုံး Phone-1345 (ရှေ့တွင် ဒေသဆိုင်ရာ တယ်လီဖုန်းကုဒ်နှိပ်ရန်) ထံဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရပါသည် ။
အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Tuesday, 23 August 2011
အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) လျှောက်ထားခွင့်ရှိခြင်း
Friday, 19 August 2011
ကိုရီးယားနိုင်ငံတွင် ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာ လျှောက်ထားရေးအစီအစဉ်
လူတော်လူကျော်များ အလိုရှိသတဲ့
ကိုရီးယား သမ္မတ လီမြောင်ဘတ် ဟာ အမျိုးသားယှဉ်ပြိုင်မှုစွမ်းရည်တိုးတက်ရေးကောင်စီ (PCNC) ကို ဖွဲ့စည်းခဲ့ပြီး ကိုရီးယားနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ် (၁၀၀) ကိုချမှတ် အကောင်အထည်ဖော်လာခဲ့ပါတယ် ။ အဆိုပါလုပ်ငန်းစဉ်များအနက် ကိုရီးယားပညာရှင်များ ပြည်ပသို့ထွက်ခွါသွားခြင်းမှတားဆီးရေးနှင့် နိုင်ငံခြားသား လူတော်လူကျော်များ ရရှိရေးအစီအစဉ် (to prevent a brain drain and bring in talented foreigners) များလည်း ပါဝင်ပါတယ် ။
အဲသည်အစီအစဉ်အရ ကိုရီးယားမှာ အလုပ်လာလုပ်ကြတဲ့ သူများ (E-series visa Holder) ကို အမြဲတမ်းနေထိုင်ခွင့်ပေးတဲ့စနစ် ၊ နိုင်ငံခြားသားများကို ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ပေးတဲ့ အစီအစဉ် နှင့် ဒွိနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့စနစ်(permit multiple citizenship/dual citizenship) တွေလည်း ပါဝင်ပါတယ် ။
လေ့လာဆောင်ရွက်နိုင်ကြစေ
ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာ (အက်ဖ်-၂) လျှောက်ထားတဲ့ အစီအစဉ်မှာ မြန်မာများလည်း ပါဝင်လျှောက်ထားလိုသူများရှိပါက ထပ်ဆင့် လေ့လာသိရှိ ဆောင်ရွက်နိုင်ကြစေရန် တင်ပြလိုက်ပါတယ် ။
အီးဗီဇာများ
အက်ဖ်-၂ ဗီဇာ မလျှောက်မှီ Eဗီဇာ (E-series visa) ဖြင့် အနည်းဆုံး ၁ နှစ် နေပြီးသူဖြစ်ရမယ်လို့ဆိုပါတယ် ။ Eဗီဇာ (E-series visa) အမျိုးအစားတွေကတော့ (professors (E-1), foreign language instructors (E-2), researchers (E-3), technology instructors (E-4), people with specialty occupation (E-5) and people with particular occupation (E-7)တို့ဖြစ်ပါတယ် ။
ပေးထားတဲ့ ပွိုင့်တွေ
ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားရေးအစီအစဉ်မှာ ၊ ခေါင်းစဉ်ကြီး ၅ ခုဖြင့် အများဆုံး အမှတ် ၁၂၀ ပေးထားပြီး ၊ ပြစ်မှုကျူးလွန်ခြင်းများအတွက် လျှော့မှတ် ၅ မှတ်ရှိပါတယ် ။ အမှတ် ၈၀ ပြည့်လျင် အခြေချနေထိုင်ခွင့်ဗီဇာ (F-2 Visa) ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ် ။
ရနိုင်သောအမှတ်များမှာ-
- ၁ ။ အသက်အပိုင်းအခြား(အများဆုံး ၂၅ မှတ်)
- ၂ ။ ပညာရေး(အများဆုံး၃၅မှတ်)
- ၃ ။ ကိုရီးယားဘာသာကျွမ်းကျင်မှု(အများဆုံး၂၀မှတ်)
- ၄ ။ နှစ်စဉ်ဝင်ငွေ(အများဆုံး၁၀မှတ်)
- ၅ ။ အပိုရမှတ် အတိုးအလျှော့(အများဆုံး ၃၀မှတ်ရနိုင်ပါသည်)
အသက်အပိုင်းအခြား(အများဆုံး ၂၅ မှတ်)
Age - (maximum 25 points)
18-24 years old = 20 points
25-29 years old = 23 points
30-34 years old = 25 points
35-39 years old = 23 points
40-44 years old = 20 points
45-50 years old = 18 points
51 or older = 15 points
ပညာရေး(အများဆုံး၃၅မှတ်)
Academics (maximum 35 points)
Associates degree = 5 points
Bachelor's degree = 26 points
2 or more Bachelor's degree = 28 points
Master's degree = 30 points
2 or more Master's degrees = 32 points
Ph.D degree = 33 points
2 or more Ph.D. degrees = 35 points
ကိုရီးယားဘာသာကျွမ်းကျင်မှု(အများဆုံး၂၀မှတ်)
Korean proficiency (maximum 20 points)
General Comprehension/Basic Communication =10 points
Topic Comprehension/Communicates well in Familiar Subject = 15 points
Proficient Communication for Everyday Life = 20 points
(*based on results of S-TOPIK, the Standard Test Of Proficiency in Korean)
Additional Categories:
Completion of Social Integration Program (KIIP) = 10 points.
နှစ်စဉ်ဝင်ငွေ(အများဆုံး၁၀မှတ်)
Yearly income (maximum 10 points)
Under 35,000,000 won / year = 5 points
35,000,000 - 50,000,000 won / year = 6 points
50,000,000 - 80,000,000 won / year = 7 points
80,000,000 - 100,000,000 won / year = 8 points
100,000,000 won or more / year = 10 points
အပိုရမှတ် အတိုးအလျှော့(အများဆုံး ၃၀မှတ်ရနိုင်ပါသည်)
ကိုရီးယားနိုင်ငံမှ ဘွဲ့လက်မှတ်များအတွက်ရမှတ်-
Korean Academic Studies -
A Korean language certificate = 1 point
B.A. = 3 point
M.A. = 5 points
Ph.D. = 10 points
(*certificate/degree earned in Korean institution)
ကိုရီးယားဘာသာအောင်လက်မှတ်= ၁မှတ်
ရိုးရိုးဘွဲ့လက်မှတ်=၃မှတ်
မဟာဘွဲ့=၅မှတ်
ပါရဂူဘွဲ့=၁၀မှတ်
ပြည်တွင်းလူမှုရေးလုပ်ငန်းများဆောင်ရွက်ခြင်း
၁နှစ်အောက်= ၁မှတ်
၁နှစ်မှ ၂နှစ်အတွင်း=၃မှတ်
၂နှစ်အထက်=၅မှတ်
Domestic Community Service -
Under 1 year = 1 point
1-2 years = 3 points
Over 2 years = 5 points
ပြည်ပနိုင်ငံတစ်ခုခုတွင် အသက်မွေးဝမ်းကျောင်းအတတ်ပညာအတွေ့အကြုံအတွက်တိုးမှတ်များ
၁နှစ်=၁မှတ်
၁နှစ်မှ ၂နှစ်အတွင်း=၃မှတ်
၂နှစ်အထက်=၅မှတ်
Overseas Work as a Specialist -
1 year = 1 point
1-2 years = 3 points
Over 2 years = 5 points
လျှော့မှတ် (အနှုတ်)များ
မှီခိုသူကကျူးလွန်သောပြစ်မှုများ(၂မှတ်)
ဗီဇာရက်လွန်နေထိုင်မှုဖြစ်ဖူးလျင်=၁မှတ်
သတိပေး(ဗီဇာရပ်ဆိုင်း)ခံရဖူးခြင်းစသည်များ=၁မှတ်
မိမိဖိတ်ခေါ်သူကကျူးလွန်သောပြစ်မှုများ(၃မှတ်)
ရက်လွန်နေထိုင်ဖူးလျင်=၁မှတ်
သတိပေး(ဗီဇာရပ်ဆိုင်း)ခံရဖူးခြင်းစသည်များ=၂မှတ်
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
သြဂုတ်လ-၂၁ ၊ ကိုရီးယား
Ref:
- http://www.liveleak.com/view?i=01f_1270271751
- http://www.koreatimes.co.kr/www/news/nation/2010/04/116_64629.html
- http://www.jejuweekly.com/news/articleView.html?idxno=1651
- http://www.pcnc.go.kr/e_nccusr/m01/Welcome.aspx
Saturday, 6 August 2011
ကိုရီးယားဗီဇာများ
ကျနော်တို့တစ်တွေ ကိုရီးယားမြေကို ရည်ရွယ်ချက် ရည်မှန်းချက်တွေ တစ်သီတစ်တန်းကြီးနဲ့ လာခဲ့ကြတာပါ ။ သို့သော်လည်း တစ်စုံတစ်ခုသော အချိန် အတိုင်းအတာ တစ်ခုအပြီးမှာတော့ မူလ မျှော်မှန်းထားတာတွေကတစ်ခြား လက်တွေ့ဖြစ်နေတာတွေက တစ်လွဲဖြစ်နေကြတဲ့သူတွေက ခပ်များများ ဖြစ်လိမ့်မယ်ထင်ပါတယ် ။ (ကိုယ့်အဖြစ်ကို ကိုယ်တိုင်ပြန်ကြည့်ပြီး မှတ်ချက်ပြုကြည့်တာပါ) ။
ဘာပဲဖြစ်ဖြစ် ခုတလော ကိုးရီးယားမှာ နေလို့ရအောင် ဘယ်လိုနည်းတွေရှိပါသလဲလို့ စပ်စုကြသူ တော်တော်များများ တွေ့မိပါတယ် ။ သိသလောက်တော့ပြောကြည့်ပါတယ် ။ အသက်ငယ်သူတွေမှာ မျှော်လင့်ချက်တွေ စိတ်ကူးချက်တွေအများကြီး ထားနိုင်သေးပေမယ့် ၊ မကြာသော ကာလမှာ အသက် ၄၀ ကျော်ကြတော့မယ့် မိတ်ဆွေများက စဉ်းစားစရာတွေ ရှိနေမှာ အမှန်ပါ ။ အီးပီစနစ်နှင့် ထပ်လာဖို့အခွင့်အရေးကလည်း မရှိတော့သလို ၊ အရင်လို ၂-ကကြီး ဆိုပြီး လုပ်ဖို့ရာမှာလည်း မလွယ်ကူတဲ့ ကိစ္စဖြစ်နေတာမို့ပါ ။ အဲသည် မိတ်ဆွေများအဖို့ ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန လက်ရှိ လုပ်ပုံကိုင်ပုံများအရ ကိုရီးယားသို့ နောက်တစ်ခေါက်လာဖို့ဆိုတာ မသေခြာမရေရာတဲ့ ကိစ္စလို ဖြစ်နေမှာ အမှန်ပါ ။
ကျနော်လည်း အများကြီး မသိတော့ အများကြီး မပြောတတ်ပါ ။ သို့သော်လည်း လူဝင်မှုဆိုင်ရာ ဥပဒေအရ ကိုရီးယားအစိုးရက ခွင့်ပြုထားသော ဗီဇာအမျိုးအစားများကို သိထားခြင်းအားဖြင့် ၊ အော် သည်ဗီဇာ ရှိနေတော့ သည်ဗီဇာရအောင် တို့ကတော့ ဘယ်လိုလုပ်ဦးမှပဲ ၊ ဘယ်လိုလုပ်ရင်တော့ သည်ဗီဇာ အမျိုးအစားရနိုင်ကောင်းပါရဲ့ ဆိုတဲ့ အတွေးလေးများ ရနိုင်ကောင်းရဲ့ဆိုတဲ့ စဉ်းစားချက်နှင့် သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။
လက်ရှိအနေအထားမှာ ၊ ကိုရီးယားအစိုးရက ထုတ်ပေးနေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား ၃၀ ကျော်ရှိပါတယ် ။ အဲဒါတွေကတော့ -
A visas
A-1 Diplomat (외교) သံတမန်
A-2 Government official (공무) အစိုးရဝန်ထမ်း
A-3 Agreement (협정) သဘောတူညီချက်
B visas
B-1 Visa exemption (사증면제) ဗီဇာကင်းလွတ်ခွင့်ရသူများ
B-2 Tourist/transit (관광통과) ခေတ္တနား ၊ ခရီးတစ်ထောက်နားနေခွင့်
C visas
C-1 Temporary news coverage (일시취재) ယာယီသတင်းသမား
C-2 Short-term business (단기상용) ရက်တို လုပ်ငန်းကိစ္စ
C-3 Short-term general (단기종합) ရက်တို အထွေထွေ
C-4 Short-term employee (단기취업) ရက်တို အလုပ်
D visas
D-1 Artist (문화예술) အနုပညာရှင်
D-2 Student (유학) ပညာတော်သင်
D-3 Industrial trainee (산업연수) အလုပ်ခွင်သင်တန်းသား
D-4 General trainee (일반연수) သာမန်သင်တန်း(ကျောင်းသား)
D-5 Journalism (취재) မီဒီယာသမား
D-6 Religion (종교) ဘာသာရေး
D-7 Business supervisor (상사주재) လုပ်ငန်းကြီးကြပ်သူ
D-8 Corporate investor (기업투자) ကုမ္ပဏီ ၊ ရင်းနှီးလုပ်ကိုင်သူ
D-9 International trade (무역경영) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိစ္စ
D-10 Job Seeking (직업추구)အလုပ်ရှာဖွေခွင့်
E visas
E-1 Professor (교수) ပါမောက္ခ
E-2 Foreign language instructor (회화지도) နိုင်ငံခြားဘာသာ နည်းပြ
E-3 Research (연구) သုတေသန
E-4 Technology transfer (기술지도) နည်းပညာဖလှယ်ရေး
E-5 Professional employment (전문직업) အသက်မွေးမှုအလုပ်အကိုင်
E-6 Artistic performer (예술흥행) အနုပညာ ၊ ဖျော်ဖြေရေး
E-7 Designated activities (특정활동) အထူးကိစ္စ
E-8 Training employment (연수취업) ကျွမ်းကျင် သင်တန်းသား
E-9 Non-professional employment (비전문취업) အသက်မွေးမှု လုပ်ငန်းနှင့် မဆိုင်သော အလုပ်အကိုင် (အီးပီ)
E-10 Vessel Crew (내항선원) (ပြည်တွင်းသင်္ဘောသား)
F visas
F-1 Visiting or joining family (방문동거) (မိသားစုအလည်အပတ်)
F-2 Resident (거주) (အခြေချနေထိုင်ခွင့်)
F-3 Accompanying spouse (동반)(မှီခို)
F-4 Overseas Korean (재외동포)(ပြည်ပဖွားကိုရီးယားများ)
F-5 Permanent resident (영주) (အမြဲတမ်းနေထိုင်ခွင့် ၊ ပီအာရ်)
G visas
G-1 Miscellaneous (အထွေထွေ) (သတ်မှတ်ပြဋ္ဌာန်းထားသော ဗီဇာ အမျိုးအစားတစ်ခုခုတွင် မပါရှိသော ကိစ္စရပ်များအတွက် )
H visas
H-1 Working holiday (관광취업) (အလည်အပတ် အလုပ်လုပ်ခွင့်)
H-2 Working visit (방문취업제) (ဧည့်လုပ်သား)
M visas
M-1 Military (군인) (စစ်မှုထမ်းများ)
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Saturday, 7 May 2011
အလုပ်ထောက်ပံ့ရေးဌာနသို့ သတင်းပို့ရန် နောက်ကျခြင်းအတွက် ဥပဒေအရ ကင်းလွတ်ခွင့်ရနိုင် မရနိုင်
ကိုရီးယား အလုပ်ထောက်ပံ့ရေးဌာန (고용지원센터) သို့ သတင်းပို့ရန် နောက်ကျခြင်းအတွက် ကင်းလွတ်ခွင့်မရှိဘူးလားလို့ ညီငယ်တစ်ယောက်က မေးလာပါတယ် ။
ဖြစ်စဉ်က ဒီလိုပါ - သူဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ မူလ စက်ရုံမှာ ၁ နှစ်ပြည့်တော့ ၊ အလုပ်ပြောင်းလာခဲ့သတဲ့ ။ အလုပ်ထောက်ပံ့ရေးဌာနမှာ အမြန်ဆုံး သတင်းပို့ရမယ်ဆိုတာလည်း သိပါသတဲ့ ။ အလုပ်သစ်မှာ ၁ နှစ် စာချုပ်ချုပ်ပြီး ဗီဇာလည်း ၁ နှစ်တိုးပြီးပါပြီတဲ့ ။ လစာ ၂ လ ဆက်တိုက်မရတာကြောင့် ၊ အလုပ်ကထွက်လိုက်ပြန်ပါသတဲ့ ။ အလုပ်ထွက်စာရပြီးချိန် အလုပ်သထောက်ပံ့ရေးဌာန သတင်းမပို့သေးပဲ သူငယ်ချင်းစက်ရုံမှာ ခဏအစမ်းလုပ်ကြည့်ပါသတဲ့ ။ အဲဒီမှာ ညာဖက် လက်မောင်းတစ်ဖက် လေဖြတ်သလိုဖြစ်ပြီး ၊ အလုပ်မလုပ်နိုင်တော့လို့ ၊ ဆေးခန်းပြနေရပါသတဲ့ ။ လက်အခြေအနေက တော်တော်ဆိုးနေတော့ ၂ ရက် ၁ ခါ ဆေးခန်းသွားပြနေရသတဲ့ ။ အလုပ်ကိုဆက်လုပ်နိုင်မယ် မလုပ်နိုင်ဘူး မသေခြာလို့ စိတ်ဓါတ်အရမ်းကျနေမိပြီး ၊ အလုပ်သမားရုံးကိုလည်း သတင်းမပို့ဖြစ်ခဲ့ပါဘူးတဲ့ ။ မြန်မာပြည်ကိုသာ ပြန်ချင်နေခဲ့ပါသတဲ့ ။
ဆေးခန်းပြလာခဲ့တာ အခု ၂ လနီးပါးရောက်လာတော့ သက်သာသလို ရှိလာပြီး ဆရာဝန်က လည်း အလုပ်လုပ်မယ်ဆို ဆက်လုပ်နိုင်ပြီလို့ ပြောပါသတဲ့ ။ အဲဒါ အခု အလုပ်ထောက်ပံ့ရေးဌာနသို့ သွားသတင်းပို့လို့ ရနိုင်မရနိုင် သိလိုပါသတဲ့ ။ တစ်ချို့က ရမယ်လို့ ပြောနေလို့ပါတဲ့ ။ မရလျင်လည်း မြန်မာပြည်ပြန်မလို့တဲ့ ။
နိုင်ငံခြားအလုပ်သမား ငှားရမ်းခွင့်စသည်များဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ ၃ မှာ - “ ပုဒ်မခွဲ (၁) အရ အခြားသော လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်သို့ ပြောင်းရွှေ့ရန် လျှောက်ထားသည့်နေ့မှ ၃ လအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၂၁ အရ အလုပ်နေရာ ပြောင်းရွှေ့ခွင့် မရနိုင်လျင်ဖြစ်စေ ၊ အလုပ်ရှင်နှင့် အလုပ်စာချုပ် သက်တန်း ကုန်ဆုံးရက်မှ ၁ လအတွင်း အခြားသော လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်သို့ ပြောင်းရွှေ့ခွင့်လျှောက်ထားခြင်းမရှိသော နိုင်ငံခြားသား အလုပ်သမားသည် တိုင်းပြည် (ကိုရီးယား) မှ ထွက်ခွါပေးရမည် ။ သို့ရာတွင် အလုပ်ကြောင့် ထိခိုက်ဒါဏ်ရာရရှိထားခြင်း ၊ အနာရောဂါဖြစ်ပွါးခြင်း ၊ ကိုယ်ဝန်ရရှိခြင်း ၊ မီးဖွားခြင်း အစရှိသည့် အကြောင်းများ ကြောင့် အလုပ်ခွင်ပြောင်းရွှေ့ခွင့်မရရှိနိုင်လျင် ဖြစ်စေ ၊ အလုပ်ခွင်ပြောင်းရွှေ့ခွင့် မလျှောက်ထားနိုင်လျင်ဖြစ်စေ အဆိုပါ အကြောင်းခြင်းရာများ ကုန်ဆုံးပြီးသည့်ရက်မှ အစပြု၍ အဆိုပါ (ချွင်းချက်ပြုထားသော) အချိန်ကာလအသီးသီး ကို တွက်ချက်ရမည် ။” လို့ ခြွင်းချက်ပေးထားပါတယ် ။
//③ 제1항에 따른 다른 사업 또는 사업장으로의 변경을 신청한 날부터 3개월 이내에 「출입국관리법」 제21조에 따른 근무처 변경허가를 받지 못하거나 사용자와 근로계약이 종료된 날부터 1개월 이내에 다른 사업 또는 사업장으로의 변경을 신청하지 아니한 외국인근로자는 출국하여야 한다. 다만, 업무상 재해, 질병, 임신, 출산 등의 사유로 근무처 변경허가를 받을 수 없거나 근무처 변경신청을 할 수 없는 경우에는 그 사유가 없어진 날부터 각각 그 기간을 계산한다.//
သည်တော့ ညီလေးမှာ ဆရာဝန်ရဲ့ ထောက်ခံစာ ရထားမယ်ဆိုလျင် ဖြင့် ၊ ဥပမာအားဖြင့် နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင် အမှတ် ဘယ်လောက် ကိုင်ဆောင်သူ မောင် ဘယ်သူ ဟာဖြင့် သူရဲ့ ဘာဘာညာညာဆေးရုံမှာ ဘယ်နေ့မှ ဘယ်နေ့ထိ ဆေးဝါးကုသမှု ခံယူနေသည်မှာ မှန်ကန်ကြောင်း သက်သေခံပါသည် ဆိုတာမျိုး ၊ ဒါမှ မဟုတ် ဆေးရုံဆင်းလက်မှတ် လိုမျိုး တင်ပြနိုင်မယ်ဆိုလျင် ၊ ဆေးရုံတက်သည့် ကာလများကို နှုတ်ပယ်ပြီး သက်သာခွင့် တွက်ချက်ပေးမယ်လို့ ဥပဒေက ဆိုထားရာ ရောက်တယ်လို့ မြင်ပါတယ် ။
ညီလေး အလုပ်ထွက်ခွင့်ရထားတဲ့ ရက်က စပြီး ဆေးခန်းပြထားတဲ့ရက် (ဆေးရုံတက်ထားတဲ့ရက်) တွေကို ဖယ်ပြီး ၁ လအတွင်း အလုပ်ထောက်ပံ့ရေးဌာနသို့ သတင်းပို့လျင် (အလုပ်ရှာဖွေသူအဖြစ်မှတ်ပုံတင်လျင်) ရလိမ့်မယ်လို့ ယူဆကြောင်း တင်ပြလိုက်ရပါတယ် ။ အဲသလို ရနေတဲ့ သူတွေလည်း ရှိပါတယ် ။
ညီလေးရဲ့ အမေးကို အတိုဆုံးဖြေရရင် အလုပ်ထောက်ပံ့ရေးဌာနသို့ သတင်းပို့ရန် နောက်ကျခြင်းအတွက် ဥပဒေအရ ကင်းလွတ်ခွင့်ရနိုင် ပါတယ် ။
အားလုံးအဆင်ပြေကြပါစေ ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
၂၀၁၁ ခုနှစ် မေလ ၈ ရက်
Friday, 29 April 2011
အလုပ်ပြောင်းမည့် အီးနိုင်းကိုကိုများ အလုပ်ထောက်ပံ့ရေးဌာနသို့ အချိန်မှီ သတင်းပို့ရန် လိုပါသည်
မနေ့ မနက်ပိုင်းက အီးနိုင်း ကိုကိုတစ်ယောက် ဖုန်းဆက်ပြီး အကူအညီတောင်းပါတယ် ။ အကြောင်းက သူ မြန်မာပြည်ကို ခွင့်ပြန်သွားတယ် ။ ဟိုမှာ ၃ လ နေခဲ့တယ် ။ ပြန်လာပြီး အလုပ်ထောက်ပံ့ရေးဌာန (고용 지원센터) သွားတော့ ဟိုက လက်မခံဘူး ။ မောင်းထုတ်လိုက်သတဲ့ ။ မြန်မာပြည်ပြန်တော့လို့ ပြောသတဲ့ ။ သူဘာဆက်လုပ်ရမယ်ဆိုတာ မသိလို့ အကြံညာဏ် တောင်းခံရခြင်း ဖြစ်ပါသတဲ့ ။
မေးကြည့်တော့ ၊ ဗီဇာက ၁ နှစ်ကျော်ကျော်ရှိသေးတယ် ။ အလုပ်ရှင်က စာချုပ်သက်တမ်း ၂ နှစ်ချုပ်ပြီး ဗီဇာ ကိုလည်း ၂ နှစ်တောင် တိုးထားပေးတာပါ ။ မြန်မာပြည် ခဏပြန်ဖို့ ခွင့်တောင်းတော့ သူဌေးက ခွင့်မပေးလို့ ၊ အရပ်ကူပါ လူဝိုင်းပါ လုပ်ပြီး အလုပ်က ထွက်ခွင့်ရသွားတာ ။ ထွက်ခွင့်ရပြီး ၊ မြန်မာပြည် ခဏ ပြန်လည်သတဲ့ ။ ဟိုမှာ ရက် ၉၀ ။
ညဖက်ပိုင်း ရောက်တော့ နောက်တစ်ယောက် လာပြန်တယ် ။ သူလည်း ခွင့်ပြန်မလို့ ။ အားလုံးစီစဉ်ပြီးပါပြီတဲ့ ။ ဒီနေ့ ပြန်မလို့ပေါ့ ။ လေယာဉ်လက်မှတ် အိုကေ လုပ်ပြီးပြီတဲ့ ။ သူဘာတွေ လုပ်ဖို့လိုမလဲလို့ ဆိုပြီး မေးတဲ့သဘောပါ ။ အလုပ်ရှင်ရဲ့ ခွင့်ပြုချက်ရသလားလို့ မေးကြည့်တော့ ၊ အလည် ခွင့်မပေးလို့ ထွက်ခွင့်တောင်းလိုက်တယ်တဲ့ ။ ထွက်စာရထား ပါတယ်တဲ့ ။
ဒီနေ့ ညနေပိုင်း ၊ နောက် ၁ ယောက်ကတော့ တစ်မျိုးပါ ။ သူက စာချုပ် နှစ်ပြည့်ပြီး ၊ အလုပ်ပြောင်းမလို့ ထွက်ထားတဲ့သူ ။ ကိုယ့်အစီအစဉ်နှင့်ကိုယ် အလုပ်ရှာနေပါသတဲ့ ။ အလုပ်မရှိ နေစရာ ထိုင်စရာလည်း အဆင်သင့်ဆိုတော့ တော်တော် အဆင်ပြေနေပုံရပါတယ် ။ အခု ၁ လကျော် ကြာနေပြီတဲ့ ။ လူဝင်မှုကြီးကြပ်ရေးရုံးသွားသတင်းပို့တော့ ဗီဇာ ၃ လရထားပါသတဲ့ ။ သူများတွေပြောလို့ ဒီနေ့ အလုပ်ထောက်ပံ့ရေးဌာန (고용 지원센터) ကိုသွားပြီး အလုပ်စုံစမ်းဖို့သွားသတဲ့ ။ ဟိုရောက်တော့ လိုအပ်သည်များ မေးမြန်းတယ်ထင်ပါတယ် ။ အလုပ်ထွက်ထားတာ ၁ လကျော်ဖြစ်နေတော့ အလုပ်ရှာပေးလို့ မရတော့ဘူးလို့ ပြောလွတ်လိုက်သတဲ့ ။ အခုမှ ဘာလုပ်ရမှန်း မသိလို့ မေးတဲ့ သဘောပါ ။
အဲသည် ပြဿနာတွေနှင့် ပတ်သက်ပြီး ၊ မှတ်ချင် သိချင်သူများရှိလျင် သိရှိ မှတ်သားနိုင်ကြစေဖို့ ကျနော် ကြိုးစားပြီး ၊ တင်ပြပါ့မယ် ။
ကိုရီးယား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၂၁ မှာ ၊ နိုင်ငံခြားသား အလုပ်သမား ဖြစ်ပါက အလုပ်ရှင်နှင့်အလုပ်စာချုပ်ဖျက်သိမ်းခြင်း စသည့် အလုပ်နေရာ ပြောင်းရွှေ့ရခြင်းအကြောင်း (ပုဒ်မ-၂၅) ရှိလာပါက ၊ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ထောက်ပံ့ရေးဌာနတွင် အလုပ်နေရာပြောင်းရွှေ့လိုကြောင်း လျှောက်ထားပြီး ခွင့်ပြုချက်ရပါက အခြားသော အလုပ်နေရာသို့ ပြောင်းရွှေ့နိုင်သည် လို့ ပြဋ္ဌာန်းထားပါတယ် ။
နောက် ၊ နိုင်ငံခြားအလုပ်သမားငှားရမ်းခြင်းအစရှိသည်များဆိုင်ရာဥပဒေ ပုဒ်မ ၂၅ ၊ ပုဒ်မခွဲ ၁ နှင့် ၃ ၊ နိုင်ငံခြားအလုပ်သမားငှားရမ်းခြင်းအစရှိသည်များဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၃၀ ပုဒ်မခွဲ ၁ တို့အရ အလုပ်စာချုပ်သက်တမ်း ကုန်ဆုံးပြီး သို့မဟုတ် အလုပ်စာချုပ်ကို ဖျက်သိမ်းပြီး ပါက အလုပ်မရှိသူဖြစ်ကြောင်း သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနသို့ ၁ လ အတွင်း သတင်းပို့ပြီး အလုပ်ရှာဖွေသူ (구직자) အဖြစ် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ် ။
အထက်မှာ ဖော်ပြခဲ့တဲ့ ညီငယ် အီးနိုင်းကိုကို ၃ ယောက်စလုံးမှာ တူညီတဲ့ အမှားတစ်ခု ရှိနေပါတယ် ။ သူတို့ သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနသို့ ၁လ အတွင်း သတင်းပို့ရန် ပျက်ကွက်နေကြခြင်းပါ ။
အဲသည် ပျက်ကွက်မှုများအတွက် ကုစားရန် ဆေးမရှိသေးဘူး လို့ထင်ပါတယ် ။ ညီငယ်တစ်စု အသိ တစ်ခု လစ်ဟာမှုကြောင့် ဘဝနှင့်ရင်းပြီး ရထားတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကလေးကို နှောင်းညီငယ်တို့ မှတ်သားထားကြနိုင်ဖို့ တင်ပြလိုက်ရပါတယ် ။
အလုပ်ပြောင်းမည် ဆိုလျင် သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနသို့ ၁ လအတွင်း သတင်းပိုရန် မမေ့ပါနှင့် ။
ကျေးဇူးတင်ပါတယ် ။
လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)
၂၀၁၁-၀၄-၂၉
Sunday, 10 April 2011
တရားဝင်ဗီဇာ ရှိသူတွေ ဘာကြောင့်အဖမ်းခံရသလဲ
မြန်မာ ၂ ယောက် အဖမ်းခံရသတဲ့
ခုတလော တရားဝင်အီး-နိုင်းဗီဇာ ရှိနေသူ မြန်မာအလုပ်သမား ၂ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အဖမ်းခံသွားကြရပါတယ် ။ ဒီသတင်း မေးကြမြန်းကြ သိချင်ကြသူတွေ တော်တော်များနေပုံလည်းရပါတယ် ။ စာရေးဖို့တိုက်တွန်းကြသူတွေလည်း တထောကြီးပါပဲ ။
မေးကြမြန်းကြ တာတွေ ငြင်းကြခုန်ကြတာတွေကတော့ -
- တရားဝင်ဗီဇာနှင့်နေတာ ဘာကြောင့်အဖမ်းခံရတာလဲ ။
- ကိုရီးယား ၂ ကျော့ပြန် (၂-က) ဆိုရင်ဖမ်းသလား ။
- တိုင်တဲ့လူရှိလို့ အဖမ်းခံရတာလား ။
- နာမည်ပြောင်းလာရင်ဖမ်းသလား ။
စသည်ဖြင့် အမျိုးအမျိုးပါပဲ ။ ကြိုးစားပြီး တင်ပြပါ့မယ်။
e-passport တွေ ရပြီဗျို့
အခု ကျနော်တို့မြန်မာအပါအဝင် နိုင်ငံအားလုံးလိုလိုမှာ နိုင်ငံကူးလက်မှတ်တွေကို စက်ဖြင့်ဖတ်နိုင်သော နိုင်ငံကူးလက်မှတ် (Machine Readable Passport: MRP) စနစ်ကိုပြောင်းပြီးကြပါပြီ။ အီးပတ်စပို့ (e-passport) ဆိုပြီးခေါ်ကြ ပြောကြ ရေးကြတာတွေလည်း ရှိပါတယ် ။ အဲသည် စနစ်ဟာ စကင်ပုံများ ၊ လက်ရေး လက်မှတ် ၊ ပုံနှိပ်စာသားစတဲ့ အချက်အလက်တွေကို စက်ကဖတ်လို့ရတဲ့ အချက်အလက်များအဖြစ် ဘာသာပြန် ပြောင်းလဲပေးတဲ့ စနစ် (Optical character recognition, OCR is the mechanical or electronic translation of scanned images of handwritten, typewritten or printed text into machine-encoded text) လို့ဆိုပါတယ် ။ အဲသည် OCR စနစ်မှာ သင်္ကေတ ၄၄ လုံးရှိတဲ့ စက်ကဖတ်လို့ရတဲ့ နေရာ (machine readable zone: MRZ) တစ်ခုရှိနေပြီး အဲသည်သင်္ကေတများဟာ အင်္ဂလိပ်အက္ခရာ နှင့် ဂဏန်းများသာ ဖြစ်တယ်လို့ ဆိုပါတယ် ။
၅ နှစ်အတွင်း ပြန်မလာရဘူးတဲ့
ကျနော်တို့ မြန်မာနိုင်ငံသား တစ်ချို့ ကိုရီးယားကိုရောက်လာ ၊ အကြောင်းအမျိုးမျိုးးကြောင့် ရက်လွန်နေထိုင် (Over-stay) သူ ဖြစ်သွားကြပြီး ကိုရီးယားက ပြန်ထွက်သွားကြတာတွေရှိပါတယ် ။ အချို့ အဖမ်းခံရပြီး ပြည်နှင်မိန့်နှင့် ထွက်သွားရတာမျိုးရှိသလို ၊ အချို့ ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားကြတာတွေလည်း ရှိပါတယ် ။ အချို့ကတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Penalty Free) ပေးတဲ့အချိန်ပြန်သွားကြတာတွေလည်း ရှိပါတယ် ။ (ပင်နယ်လ်တီပေးတဲ့အချိန်ပြန်တယ်လို့ ပြောကြတာတွေလည်း ရှိပါတယ် ။) အဲသည် ကင်းလွတ်ခွင့်ရချိန် ပြန်သွားကြသူများမှ အပ ကြွင်းကျန်သော ကိုရီးယားမှာ ရက်လွန်နေထိုင်သူဖြစ်ဖူးသူများဟာ ကိုရီးယားက ထွက်သွားတဲ့ရက်ကစပြီး ၅ နှစ်အတွင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ကိုရီးယားသို့ ပြန်ဝင်ခွင့်မရှိပါဘူး ။
၂-က များအပြစ်ရှိသလား
ဒီဥပဒေကို ရှောင်တဲ့အနေနဲ့ ၊ ကိုရီးယားမှာ ရက်လွန်နေထိုင်ပြီး ပြန်သွားတဲ့သူအချို့ဟာ မြန်မာပြည်ပြန်ရောက်တော့ မြန်မာ့နည်းမြန်မာ့ဟန်နှင့် နိုင်ငံကူးလက်မှတ်အသစ် ကို အမည်သစ်တစ်ခုခုနှင့်လျှောက်ယူကြပါတယ် ။
အဲသည် အမည်သစ်နှင့် ကိုရီးယားကို နောက်တစ်ကျော့ဝင်လာကြသူ(၂-က)တွေ အခု ပြဿနာတက်တာပါ ။ ပထမ တစ်ယောက်ဆို ပြန်ဝင်လာတာ ၄ နှစ်ကျော်ရှိနေပါပြီ ။ မြန်မာပြည် ခွင့်ပြန် အဝင်အထွက်တောင် လုပ်နေပါသေးတယ် ။ နောက်တစ်ယောက်ကတော့ ၂ နှစ်နီးပါးရှိပြီလို့သိရပါတယ် ။ အများသိပ်မသိကြသေးတဲ့ အခြားမြန်မာ တစ်ယောက်ကတော့ လေဆိပ်မှာတင် လဝက ကသိသွားပြီး ပြည်ဝင်ခွင့်ရမသွားပါဘူး ။ ပြန်အကန်ခံရတယ်လို့ ပြောကြတာပေါ့ခင်ဗျာ ။
လက်မှတ်အသစ်ရပြီး များမကြာမှီ
အဲသည် လေဆိပ်မှာတင် ပြန်ကန်ခံရတဲ့သူက ဘာ ပတ်စပို့နှင့်လာတာဆိုတာမသိရပေမယ့် ၊ ပြည်တွင်းမှာ အဖမ်းခံသွားရတဲ့ ၂ယောက်စလုံးမှာ ဖြစ်စဉ်တူတာ ၁ ခုရှိပါတယ် ။ ၂ ယောက်စလုံး အရင် ရိုးရိုးနိုင်ငံကူးလက်မှတ် နှင့် ကိုရီးယားဝင်လာကြတယ် ။ နိုင်ငံကူးစာအုပ်အဟောင်း သက်တမ်းကုန်လို့ မြန်မာသံရုံး(ဆိုးလ်)မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုက်ကြတယ် ။ ကိုရီးယားပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတော့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးလိုက်တယ် ။ နိုင်ငံကူးလက်မှတ်အသစ်ဟာ စက်ဖြင့်ဖတ်နိုင်သော နိုင်ငံကူးလက်မှတ်တွေ ဖြစ်နေတယ် ။ သူတို့ အဲသည် နိုင်ငံကူးလက်မှတ် အသစ်ကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနသွားပြီး မှတ်တမ်းတင်ကြရပါတယ် ။ ၂ ယောက်စလုံး စာအုပ်သစ်ရတာ ၂ လလောက်ပဲရှိကြသေးတယ်လို့ဆိုတယ် ။ နောက် အင်ချောန်း လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနက စက်ရုံအရောက် လိုက်လာကြပြီး ဖမ်းသွားတာလို့ ဆိုပါတယ် ။
မြန်မာချည်းပဲ ဒီလိုဖြစ်တယ်မထင်နဲ့ဆရာရေ
ဟိုမှာရောက်တော့ အရင် ရောက်နှင့်နေတဲ့ နိုက်ဂျီးရီးယား ၂ ယောက်နှင့် တစ်ခန်းတည်းနေရတယ်လို့ ပထမဆုံး အဖမ်းခံရသူက ပြောပါတယ် ။ နောက်ထပ် ၂ ရက်လောက်ကြာတော့ ဖိလစ်ပိုင် ၃ ယောက်ထပ်ရောက်လာတယ်လို့ ဆိုပါတယ် ။ ပထမ ၃ ယောက်စလုံး ၁ ခန်းတည်း အတူဝင်လာကြပြီး ခဏကြာတော့ ဖလစ်ပိုင် ၃ ယောက်ကို ၁ ယောက်စီခွဲထားလိုက်တယ်လို့ဆိုပါတယ် ။ အားလုံး ကိုရီးယား ၂ ကျော့ပြန်အမှုတွေချည်းပဲလို့ဆိုတယ် ။ အမှုကိုတော့ ပထမ ဝင်ထားတဲ့ နာမည်နှင့်ပဲ တရားစွဲတယ်လို့ဆိုပါတယ် ။ ကျနော်တို့ မြန်မာတွေ အခုမှ အဲသည်သတင်း ကြားရပေမယ့် နီပေါလ်သားများ အဲသလို အဖမ်းခံနေရတာ ၆ လလောက်ရှိနေပြီလို့လည်း သိရပါတယ် ။
၅နှစ်ကျော် နာမည်ပြောင်းဖို့မလို
နောက် ကိုရီးယားမှာ ရက်လွန်နေထိုင်ဖူးသူဖြစ်ပေမယ့် ၊ ကိုရီးယားက ထွက်သွားတာ ၅ နှစ်ကျော်ကြာပြီးသူများ အမည်ပြောင်းဖို့မလိုဘဲ ယခင်အမည်ဟောင်း နှင့်ပဲ ပြန်လာလို့ရတယ်လို့ဆိုပါတယ် ။ ပြန်လာကြသူတွေလည်း ရှိနေပါတယ် ။ အဲသည်သူများ စိုးရိမ်စရာမရှိဘူးလို့ တတ်သိသူများပြောကြတာကိုလည်း ကြားမိကြောင်းပါခင်ဗျာ ။
ရည်ညွှန်းစာများ -
- http://en.wikipedia.org/wiki/Optical_character_recognition
- http://en.wikipedia.org/wiki/Machine-readable_passport
Thursday, 7 April 2011
၂၀၁၁ ခုနှစ်အတွက် အီးပီ လုပ်သား အသစ် ၄သောင်း ၈ ထောင်ခေါ်မည်
ကိုရီးယား အစိုးရ နိုင်ငံခြား လုပ်သား အင်အား မူဝါဒကော်မတီ (the Foreign Workforce Policy Committee)သည် ၂၀၁၁ ခုနှစ် နိုင်ငံခြားလုပ်အား မိတ်ဆက်အစီအစဉ် (2011 Foreign Workforce Introduction Plan)ကို ထုတ်ပြန်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ၄၈,၀၀၀ ခေါ်ယူ မည်ဖြစ်ကြောင်း ၊ ၄င်းအရေအတွက်သည် ၂၀၁၀ ခုနှစ် ကခေါ်ယူခဲ့သည့် အလုပ်သမားဦးရေ ၃၄,၀၀၀ ထက် ၁၄,၀၀၀ ပိုမိုလာကြောင်း ၊ ဧည့်လုပ်သားဗီဇာ (H-2) အစီအစဉ်အရ အလုပ်လုပ်ခွင့်ပြုထားသည့် ပြည်ပနွယ်ဖွား ကိုရီးယား လူမျိုးများမှာ ယခင်နှစ် အတိုင်း ၃၀၃,၀၀၀ ဦး ရှိနေမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ဗီဇာ သက်တမ်းကုန်ဆုံးမည့် အီး-၉ အလုပ်သမား ၃၅,၀၀၀ နှင့် ရက်လွန်နေထိုင်အလုပ်သမား ၁၃,၀၀၀ တို့အတွက် ယခုနှစ် အလုပ်သမား ၄သောင်း ၈ ထောင်ထပ်မံခေါ် ယူရန်လျာထားခြင်းဖြစ်ကြောင်း ၊ ယခုနှစ်ခေါ်ယူမည့် အလုပ်သမားများကို အဓိကအားဖြင့် စက်မှု ကုန်ထုတ် လုပ်ငန်း တွင် ၄၀,၀၀၀ အသုံးပြုမည်ဖြစ်ပြီး ၊ ကျန် ၈ ထောင်ကိုမူ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၁,၆၀၀ ၊ ၀န်ဆောင်မှုလုပ်ငန်းတွင် ၁၅၀ ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ၄,၅၀၀ နှင့် မွေးမြူရေးလုပ်ငန်းတွင် ၁,၇၅၀ တို့တွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် ကိုရီးယားနိုင်ငံသားများ မလုပ်လိုကြသော ဆောက်လုပ်ရေး ဘေးထွက်ပစ္စည်း သန့်ရှင်းရေးလုပ်ငန်း နှင့် ဆားချက်လုပ်ငန်းတို့တွင်လည်း နိုင်ငံခြားသား E-9 အလုပ်သမားများကို အသုံးပြုရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ကိုရီးယားအစိုးရအနေဖြင့် ပထမ ၆ လပတ်အတွင်း ခွဲတမ်း၏ ၇၅%ကို ခေါ်ယူ အသုံးပြုသွားမည်ဖြစ်သဖြင့် ၊ ၂၀၁၁ ခုနှစ် လုပ်သားခွဲတမ်းများ ခေါ်ယူခြင်း ၃ လစော၍ ကုန်ဆုံးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဘက်ဂျယ်ဝါန်က ပြောသည် ။
တရားမဝင် ဗီဇာ ရက်လွန် အလုပ်သမား ရာခိုင်နှုန်းများသော နိုင်ငံများမှ အလုပ်သမားများ ဆက်လက်ခေါ်ယူခြင်း နှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးခြင်းတို့ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း လုပ်သားအင်အားမူဝါဒကော်မတီ ညွှန်ကြားရေးမှူးချုပ် ဟန်ချန်းဟွန်က ပြောသည် ။