ရန်ကုန် ၊ အောက်တိုဘာ ၃
တောင်ကိုရီးယားနိုင်ငံတွင် Employment Permit System (EPS) စနစ်ဖြင့် လုပ်သက်ငါးနှစ်နီးပါး သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသော ဝါရင့်မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံ ဝင်ရောက်အလုပ်လုပ်ခွင့်ပေးရန် ညှိနှိုင်းလျက်ရှိကြောင်း တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Lim Kyung Sik က ပြောကြားသည်။
''EPS စနစ်အရ တောင်ကိုရီးယားမှာ သုံးနှစ်လုပ်နိုင်တယ်။ သုံးနှစ်ပြည့်ပြီးရင် တစ်နှစ်နဲ့ ဆယ်လထပ်ပြီးတော့ သက်တမ်းတိုးအလုပ်လုပ်ခွင့်ထပ်ပေးတယ်။ ဆိုတော့ စုစုပေါင်း ငါးနှစ်နီးပါး နေထိုင်အလုပ်လုပ်ခွင့်ရမယ်။ အဲဒါ ပြီးရင် သက်ဆိုင်ရာ မိခင်ဌာနေနိုင်ငံပြန်ရမယ်။ အဲလိုနှစ်ပြည့်ပြီးတော့ ပြန်သွားတဲ့ တရားဝင်နိုင်ငံခြားသားအလုပ်သမားတွေကို ကိုရီးယားပြန်ပြီး ဝင်ခွင့်၊ အလုပ်လုပ်ခွင့်ရနိုင်မယ့် နည်းလမ်းတစ်ခုကို ကိုရီးယားဘက်က ညှိနှိုင်းဆွေးနွေးနေတယ်'' ဟု Mr.Lim Kyung Sik က ဆိုသည်။
EPS စနစ်ဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ ၁၅ နိုင်ငံမှ လုပ်သားများကို ကိုရီးယားနိုင်ငံသို့ ခေါ်ယူလျက်ရှိကြောင်း၊ ကိုရီးယားနိုင်ငံသို့ လာရောက်သည့် အလုပ်သမားများအနေနှင့် တရားမဝင်အလုပ်ပြောင်းရွှေ့ခြင်း၊ နေထိုင်ခြင်းများ ခွင့်မပြုကြောင်း၊ ထိုသို့ပြုလုပ်ခဲ့လျှင် တရားမဝင်ပြုလုပ်သွားသော နိုင်ငံခြားသားအလုပ်သမားနှင့် ပတ်သက်သောသက်ဆိုင်ရာနိုင်ငံမှ ထပ်မံလာရောက်မည့် အလုပ်သမားကို ကိုရီးယားခေါ်ယူမှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် EPS စနစ်ဖြင့် ဗီယက်နမ်လုပ်သား ရှစ်သောင်းကျော်ကို နှစ်စဉ်စေလွှတ်လျက်ရှိပြီး တရားမဝင်နေထိုင်သူများပြားလှသည့်အတွက် ကိုရီးယားက ဗီယက်နမ်လုပ်သားများခေါ်ယူမှု ရပ်ဆိုင်းထားကြောင်းMr.Lim Kyung Sik က ရှင်းပြသည်။
ကိုရီးယားနိုင်ငံအနေနှင့်EPS စနစ်အရ နိုင်ငံခြားသားအလုပ်သမားခေါ်ယူရာတွင် အထွေထွေအလုပ်သမားများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး နည်းပညာရှင်များကို ခေါ်ယူရန် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (HRD) ထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရန် မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရတို့ ၂ဝဝ၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ယခုအခါ EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်နေသော မြန်မာအလုပ်သမားအရေအတွက် ၂၇ဝဝ နှင့် ၃ဝဝဝ ဦးကြားရှိနေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Mr.Lim Kyung Sik ၏ပြောကြားချက်အရ သိရှိရသည်။
ယခင်မူလ EPS စနစ်အရဆိုလျင် ၊ သက်တန်းပြည့်ပြီး ပြည်တော်ပြန်လာသူများ အနေဖြင့် ၆ လကျော်ပါက ၊ နောက်တစ်ကြိမ် ထပ်မံလျှောက်ထားခွင့်ရှိသည်ဟုဆိုသည် ။ ယခု ထပ်မံခွင့်ပြုမည်ဆိုသည်မှာ ၊ ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲထပ်မံဖြေဆိုရခြင်း၊ ကျန်းမာရေးစစ်ဆေးခံရခြင်း ၊ ၄င်းနောက် တန်းစီဇယားတွင် ထပ်မံစီတန်းရခြင်းများစသည်ဖြင့် လူသစ်များ လုပ်ဆောင်ရသည့် အစီအစဉ်များအတိုင်း ဆောင်ရွက်ရန်လိုမည်လား ၊ သို့မဟုတ် အလုပ်သမားတန်းစီဇယားတွင် အဆင်သင့် တန်းစီခွင့်ရမည်လား ဆိုသည်ကိုမူ မသိရှိရသေးပါ ။
မူရင်းသတင်း -
- The Voice (7/43)
Friday, 7 October 2011
ပြည်တော်ပြန် မြန်မာဝါရင့်လုပ်သားများ ကိုရီးယားတွင် ထပ်မံ အလုပ်လုပ်ခွင့်ပေးမည်
Friday, 30 September 2011
EPS ကိုရီးယားအလုပ်အကိုင် နယ်လူငယ် သောင်းချီလျှောက်
ရန်ကုန်၊ စက်တင်ဘာ ၂၆
ကိုရီးယားနိုငံသံသို့ Employment Permit System (EPS) စနစ် သွားရောက်အပ် ကိုင်နိုင်ရန် မြန်မာလူငယ် အလုပ်သမားသောင်းချီ ကြိုးစားလျက်ရှိပြီး လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် (ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ) KLT သို့ဝင်ရောက်ဖြေဆိုရန် လူငယ် ၁၂,ဝဝဝ ကျော် လျှောက်လွှာတင်ထားကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီ ထံမှ စုံစမ်းသိရှိရသည်။
EPS စနစ်နှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရာတွင် KLTစာမေးပွဲမဖြစ်မနေဖြေဆိုရပြီး KLTစာမေးပွဲဖြေဆိုရန် မြန်မာလူငယ်အများစု စိတ်ဝင်စားလျက် ရှိရာ နယ်ဒေသများမှလူငယ်အများအပြား ပါဝင်ကြောင်း၊ အခြေခံ ပညာအထက်တန်း အဆင့်အောင်မြင်ထားသော လူငယ်များပါဝင်သကဲ့သို့ ဘွဲ့ရလူငယ်အများစုကလည်း ကိုရီးယားအလုပ်အကိုင်ကို ဘဝရည်မှန်းချက်ပန်းတိုင်တစ်ခုသဖွယ် သဘောထားလာကြကြောင်း အစိုးရပြည်ပအလုပ်အကိုင် လာရောက်လျှောက်ထားကြသည့် လူငယ် ၅ဝ ကျော်က The Voice Weekly နှင့် တွေ့ဆုံစဉ် ပြောဆိုကြသည်။
''ဘဝမှာ အဖြစ်ချင်ဆုံးအရာကို ပြောပါဆိုရင် ကိုရီးယားသွားဖို့ပဲ။ ပိုက်ဆံ ရတာ မရတာထက် ကိုရီးယားကို သွားချင်တယ်။ ကိုရီးယားအလုပ်အကိုင် လျှောက်တဲ့သူတွေမှာ စစ်ကိုင်း၊ မန္တလေး၊
မကွေးက လူတွေ တော်တော် များများပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဆွေက ပြောကြားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကမူ လာမည့်အောက်တိုဘာလအတွင်း ကျင်းပမည့်တတိယအကြိမ်မြောက် KLTစာမေးပွဲသို့ လူငယ် ၁၂,ဝဝဝ ကျော် လျှောက်လွှာတင်ခဲ့ကြပြီး ထိုအထဲမှ ၃၅ဝဝ ကိုသာကိုရီးယားအလုပ်အကိုင်အတွက် ခေါ်ယူသွားမည်ဖြစ်ကြောင်း The Voice Weekly သို့ ရှင်းပြသည်။
ပြည်ပအလုပ်အကိုင် ဈေးကွက်တွင်ဝန်ဆောင်ခသက်သာပြီး လစာများပြားသော ကိုရီးယား အလုပ်အကိုင်ကသာ မြန်မာလူငယ်များကို အဓိကဆွဲဆောင်နေကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည် ။ ''ကိုရီးယား EPS အလုပ်အကိုင်ကတစ်လကို လစာ ၁ဝ သိန်းလောက်ရနိုင်တယ်။ ဝန်ဆောင်ခကလည်း ရှစ်သိန်းပဲဆိုတော့ ဝန်ဆောင်ခနည်းနည်းနဲ့ လစာများများရနိုင်တယ် ။ ကိုရီးယားအစိုးရနဲ့မြန်မာအစိုးရ နားလည်မှုစာချွန်လွှာ ထိုးပြီး အလုပ်သမားစေလွှတ်တာဖြစ်လို့ ပိုပြီးလုံခြုံတယ်။ ဒါကြောင့် သွားချင်တာပါ'' ဟုတောင်ကိုရီးယားသွားရန် KLTစာမေးပွဲ အောင်မြင်ပြီးသူ ပဲခူးတိုင်းဒေသကြီးဖဒိုကျေးရွာမှ အသက် ၂၁ နှစ်အရွယ်ကိုစိုးမင်းချစ်က ဆိုသည်။
တောင်ကိုရီးယားနိုင်ငံက EPS စနစ်ဖြင့် မြန်မာအလုပ်သမား ငါးထောင်ကျော်ခေါ်ယူမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက တရားဝင်ထုတ်ပြန်ထားသည်။
ရည်ညွှန်းသတင်း-
- The Voice (7-42)
Tuesday, 6 September 2011
အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍ (၂) ……
စာတိုက်ကလာတဲ့ ၊ သူကြီးမင်းရဲ့ မင့်
ကိုဝိုင်းရဲ့ မေတ္တာဖြင့် မင့်လိုက်သောစာကို ကျေးဇူးတင်ပါသည်။
ကျနော့်ကို ထပ်ပြီး အတွန်တက်တယ်လို့ မထင်စေချင်ပါ။
ကိုဝိုင်း ရှင်းတယ် အထဲမှာ ၄၄ယောက်က အသစ်ဆိုတာ မဖြစ်နိုင်ပါ။ ၉၂ယောက် စာရင်းကို ပို့တာကတော့ 8-8-2011နေ့က ပို့တာ ဖြစ်ပြီး ဒု-အကြိမ် စာမေးပွဲအောင်သူတွေရဲ့ အလုပ်လျှောက်လွှာက ၂၁-၇-၂၀၁၁ နေ့ကပြီးဆုံးလို အရင်ပို့ပေးခဲ့သောကြောင့် အဲဒီလို မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။
ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ယျေဘုယျသဘောအားဖြင့် မှန်ကန်မှာပါ ။
တကယ်လို့ ၁၇၇၁ ယောက် စာရင်းကို ပို့ကတည်းက လိုအပ်ချက် မှားယွင်းမှု တခုကြောင့် ကျန်နေခဲ့တာ မဖြစ် နိုင်ဘူးလား? အဒီလို ကျန်ခဲ့မယ်ဆိုရင် အလုပ်သမားတွေဘက်က အရမ်းနစ်နာပါသည်။ ဒါကို ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။
ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ့် သဘော ရှိပါတယ် ။
အဲဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာဆိုလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။
ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။
한국에 가고 일하고픈 사람들의 대시하며
hanguksarang 드림
**********
မစ္စတာ ဟန်ဂုက်ဆာရန်ရဲ့ စာ (သူကြီးမင်းရဲ့ကောမ်မင့်) ကို ဖတ်ပြီး ၊ ကျနော်ပြောချင်တဲ့ စကား ၊ တွေးမိတဲ့ အတွေးတွေက တစ်သီတစ်တန်းကြီးပါ ။
လုပ်သားလောင်း တစ်ဦးရဲ့ အာသီသ
ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ့် သဘော ရှိပါတယ် ။
အဲဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာစိုးလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။
ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေချင်ပါသည် ။
လေးစားပါတယ် ဆန္ဒမွန်
သူ့ရဲ့အမြင်က ကိုရီးယား အီးပီ စနစ်ဟာ ထင်ရှားပြတ်သားမှုမရှိဘူး ။ သူ့ရဲ့ ဆန္ဒက အမှန်တရားပေါ်ဖို့ ၊ နောက်လူတွေမနစ်နာဖို့ ။ ကောင်းမွန်တဲ့ ဆန္ဒပါ ။ လေးစားပါတယ် ။
သူမြင်သလိုပါပဲ ၊ ကိုရီးယား အီးပီစနစ်ဟာ ထင်ရှားပြတ်သားမှုမရှိတာ အမှန်ပါ ။ သည်စနစ်လေး ဖြစ်လာအောင်တောင် ဘဝတွေ ၊ အသက်တွေ နှင့်ရင်းနှီးပြီး ပေးဆပ်သွားရတဲ့သူတွေက ဒုနှင့်ဒေးပါ ။ ကိုရီးယားနိုင်ငံမှာ အလုပ်သမားအရေး တစ်စိုက်မတ်မတ် နှင့် ထဲထဲဝင်ဝင် လုပ်လာတဲ့သူတွေ ၊ လေ့လာနေတဲ့ သူတွေသိပါတယ် ။ သည် အီးပီစနစ်အရင်က သင်တန်းသားစနစ်တဲ့ ။ ဘာသင်တန်းသားမှ မဟုတ်ပါဘူး ။ အလုပ်သမားအခွင့်အရေးမပေးချင်လို့ သင်တန်းသားဆိုပြီး တရားဝင်လိမ်ပြီး အလုပ်ခေါ်ခိုင်းစားခွင့် ပေးထားတဲ့စနစ်ဆိုတာ လူတိုင်းသိပါတယ် ။ အခုလည်း အမည်သာ အီးပီဆိုတယ် သိပ်ပြီးတော့ မထူးသေးပါဘူး ။ (စိုက်ပျိုးရေးနှင့် ငါးဖမ်းဖက် ရောက်လာတဲ့သူတွေကိုမေးကြည့်ပါ)
အဲဒါတွေထားလိုက်ပါတော့ ၊ သူ့ အမျိုးသားအကျိုးစီးပွါးအတွက် သူ့အစိုးရက လုပ်ပေးထားတာဆိုတော့ ။ ကျနော်တို့လည်း ပြောသာပြောရ ဘာမျှ မတတ်နိုင်ပါဘူး ။
လုပ်လို့ရတာ အကုန်လုပ်ဖို့လိုမယ်
ကိုကို ဟန်းဂုဆာရန်ပြောတဲ့ နစ်နာမှုတွေ မရှိရေး ၊ နောက်လူတွေ မဖြစ်ရေးအတွက် ၊ ကျနော်တို့ ပူးပေါင်းပြီး လုပ်ကြမယ်ဆိုလျင်တော့ ဖြစ်နိုင်မယ် ထင်ပါတယ် ။ အမှန်တရားပေါ်ဖို့ ၊ နောက်လူတွေမနစ်နာဖို့ ၊ မြန်မာပြည်ဖက်မှာ လုပ်လို့ရတာတွေ လည်းရှိတယ်လို့ ကျနော်မြင်ပါတယ် ။
အခုကိစ္စမှာ ၊ အချက်အလက်တွေ မပြည့်စုံလို့ အခေါ်မခံရတဲ့သူ ၄၈ ယောက်ရှိတယ်ဆိုတာကတော့ ထင်ရှားပြီး (မှန်ကန်ပြီး) ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ သက်ဆိုင်ရာ ဝန်ထမ်းများရဲ့ ပေါ့လျော့မှုကြောင့်ဖြစ်ရတဲ့ ကိစ္စလို့ သဘောရပါတယ် ။ အဲသည် ၄၈ ယောက် စုစည်းဖို့လိုပါမယ် ။ နောက် ဘယ်လို နစ်နာခဲ့ကြပါတယ် ။ ဘယ်လိုနစ်နာနေပါတယ်ဆိုတာ ဖေါ်ပြဖို့လိုပါမယ် ။ (ကိုရီးယားလာဖို့ ချေးထားတဲ့ အတိုးတွေတက်နေလို့ မိသားစု ဘဝပါပျက်လုလု ခံစားနေရတဲ့သူလည်းပါချင်ပါနေပါလိမ့်မယ်။)
တိုင်ကြမယ်လေဗျာ
နောက် ၊ သက်ဆိုင်ရာသို့ တိုင်ရပါမယ် ။
မြန်မာအစိုးရဝန်ထမ်းတွေအားလုံး လိုက်နာကြရတဲ့ ဝန်ထမ်းစည်းမျဉ်း (SR: Services Regulation) ဆိုတာရှိပါတယ် ။ ပြဿနာတစ်ခုခုပေါ်လာရင် ၊ အဲသည်ပြဿဟာ မည်သူ့တွင် တာဝန်ရှိကြောင်း ၊ မည်သို့ အရေးယူသင့်ကြောင်း တိတိကျကျ ထင်ထင်ရှားရှားမသိရသေးလျင် ၊ မည်သူ့တွင်တာဝန်ရှိကြောင်း ၊ မည်သို့အရေးယူသင့်ကြောင်း ၊ ဖော်ထုတ်တင်ပြပေးဖို့ စုံစမ်းစစ်ဆေးရေးခုံ (PE: Preliminary Enquiry)ကိုဖွဲ့ပြီး စုံစမ်းစစ် ဆေးရပါတယ် ။ အဲသည် ခုံရုံးရဲ့ သဘောထားမှတ်ချက်အရ ၊ ဌာနဆိုင်ရာ ခုံ နှင့် ပြီးမလား ၊ ဒါမှမဟုတ် တရားရုံးတင်ပြီး အရေးယူမလား ၊ ဌာနဆိုင်ရာ အရေးယူတာလောက်နှင့် ပြီးမယ့်ကိစ္စဆို ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (DE: Departmental Enquiry & Investigation) ဖွဲ့ပြီး အရေးယူရပါတယ် ။ သတိပေးတာ ၊ ရာထူးတိုးဖို့ ရပ်ဆိုင်းတာ ၊ ဝန်ထမ်းသက် လျှော့ပစ်တာ ၊ ရာထူးချတာ ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တာ စတာတွေ လုပ်ပါတယ် ။ ပြစ်ဒဏ်ပေးရန် မလုံလောက်သေး(ခုံရုံးရဲ့ သဘောထားအရ) လျင် ၊ တရားရုံးတင်ပို့ပြီး အရေးယူပါတယ် ။ တရားရုံးကတော့ ပစ္စည်းသိမ်းတာ ၊ ထောင်ချတာ စတာတွေလုပ်ပါတယ် ။ လက်ရှိ အရပ်သားအစိုးရရဲ့ တရားရုံးများက ဘယ်လိုအရေးယူမယ် ဆိုတာ ကတော့ လက်ရှိ မြန်မာ့ဥပဒေနှင့် မြန်မာ့တရားစီရင်ရေးစနစ်ရဲ့ စိမ်ခေါ်မှုဖြစ်ပါလိမ့်မယ် ။
နစ်နာမှုအတွက် ကုစားခွင့်ရှိပါတယ်
နောက် ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် အပြည်ပြည်ဆိုင်ရာက လေးစားလိုက်နာနေရတဲ့ တရားမနစ်နာမှု ဥပဒေ (Law of Torts) ဆိုတာရှိပါတယ် ။ နစ်နာမှုဖြစ်လျင် နစ်နာမှုကိုကုစားပေးရတဲ့ ဥပဒေ သဘောတရားပါ ။ ခင်ဗျားတို့ရဲ့ အမှန်တကယ်နစ်နာမှုကိုဖော်ပြပြီး အဲသည် နစ်နာမှုအတွက် ဘယ်လို ကုစားမှု (အလျော်) လိုချင်ပါတယ် ။ ဆိုတာမျိုးပေါ့ခင်ဗျာ ။ တိုင်ရမယ့် ဥပဒေကတော့ သီးခြားသက်သာခွင့်ဥပဒေအရ ဖြစ်ပါမယ် ။ (လမ်းပြကြယ်လိုမျိုး စေတနာရှေ့နေရချင်ရမယ် ၊ မရရင် ရှေ့နေစုပြီး ငှားကြပေါ့ဗျာ)
လူ့အခွင့်အရေးအရ နစ်နာမှုများရှိနေတယ်ဆိုလျင်ဖြင့်…
နောက်တစ်နည်းကတော့ ၊ အခု လောလောဆယ် အသစ်ကျပ်ချွတ် ကော်မရှင်ကြီးဖြစ်တဲ့ ၊ လွတ်လပ်တဲ့ အစိုးရရဲ့ လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကြီးကိုလည်း ဖွဲ့စည်းလိုက်ပြီဖြစ်လို့ ကျနော်မိတ်ဆွေများ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးကြီး တိုင်နိုင်ကြပြီလို့ သဘောရပါတယ် ။
ညစ်ပတ်သော ဝန်ထမ်းများမရှိတဲ့ သန့်ရှင်းသောအစိုးရဖြစ်ရေး ကူညီကြပါ
နောက် တစ်ခုကတော့ ၊ အခုလောလောဆယ်မှာ သမ္မတကြီးဦးသိန်းစိန်ဦးစီးပြီး သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးကြိုးပမ်းနေတာမို့ ၊ သမ္မတကြီးရဲ့အလိုကို ဖြည့်ပေးကြဖို့လိုပါမယ် ။ နိုင်ငံရေးမလုပ်ကြပါနှင့် ၊ အစိုးရကိုမဆန့်ကျင်ကြပါနှင့် ။
သမ္မတကြီးရဲ့ ဆန္ဒအတိုင်း သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးဆိုလျင် အစိုးရချည်း သန့်ရှင်းနေလို့ မရပါဘူး ၊ ညစ်ပတ်တဲ့ ဝန်ထမ်းတွေကို ထုတ်ပစ်ဖို့ အရေးယူဖို့ လိုပါလိမ့်မယ် ။ အဲသလို ဖြစ်ဖို့ အဲသလိုလုပ်နိုင်ဖို့ဆိုလျင် ၊ မတရားမှုတွေကို ငြိမ်ခံနေလို့ ဘာမျှဖြစ်လာမှာမဟုတ်ပါ ။ မတရားမှုတွေကို ဖော်ထုတ်တိုင်ကြားပေးကြဖို့ ၊ မတရားအလုပ်ခံရတဲ့ သူတိုင်းမှာ တာဝန် အပြည့်အဝရှိနေတယ်လို့ ယူဆကြောင်းပါခင်ဗျာ ။
သို့မှသာလျင်………….
သို့မှသာ နောင်လာနောက်သား ကိုရီးယား အီးပီလုပ်သားလောင်းများ မတရားအလုပ်ခံရခြင်းမှ ကင်းဝေးပြီး ၊ တရားသဖြင့် လာရောက်နိုင်ကြလိမ့်မယ်လို့ ယူဆကြောင်းပါ ။
အားလုံးအဆင်ပြကြပါစေ ။
မတရားမှုမှ ကင်းလွတ်ကြပါစေလို့ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Saturday, 3 September 2011
အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍……
ရောက်လာတဲ့ စာက သည်လိုဗျ ။ ကဲ ဖတ်ကြည့်ရအောင် ၊
ကို ၀ိုင်းရေ
၂၄-၈-၂၀၁၁ နေ့က ပထမအကြိမ် Eps–klt အောင်မြင်ထားပြီး Korea မှ အလုပ်ခေါ်စာမရသေးသော မြန်မာများအတွက် ရှင်းလင်းပွဲတခု လုပ်ခဲ့ပါသည်။
အဲဒီ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က ကျန်သေးသောသူများစာရင်းကို တရားဝင် ထုတ်ပြန် ခြင်း ဖြစ်ပါသည်။ ကျန်သေးသောသူ (၉၂)ယောက် ရှိကြောင်း ၊ အဲဒီစာရင်းမှာ အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း နေသောသူများ ပါရှိကြောင်း ၊ အဲဒီ စာရင်းကို Korea ဘက်က ယခု အတောအတွင်းမှ ပေးပို့ထားကြောင်း ၊ ၄၈ယောက် ရှိကြောင်း ၊ ဒါပေမယ့် ၈-၈-၂၀၁၁နေ့က Korea ဘက်သို့ ပြန်ပြီး(၉၂) ယောက် စာရင်းပို့ထားကြောင်း ပြောဆိုခဲ့ပါသည်။
ဖော်ပြပါ စာရင်းမှ အချက်အလက် ပြည့်စုံသောသူများ Calling ရနိုင်ဖို့ အခွင်အရေးရှိပြီး ကျန်လူများလည်း မျှော်လင့်နိုင်ကြောင်း ပြောဆိုသောကြောင့် ၉၂ ယောက် စာရင်းကိုလည်း ကပ်ပေးထားခဲ့ပါသည်။
ရှင်းလင်းပွဲ ပြီးနောက် ကျန်နေသေးသောသူများမှ မိမိက ဘယ်စာရင်းမှာ ပါကြောင်း သိချင်ခဲ့ကြပါသည်။ ၁မှ ၉၂ထိအနက် ၊ အချက်အလက် ပြည့်စုံသောသူများသည် ၁မှ ၃၉အထိသာဖြစ်ကြောင်း ၊ ကျန်လူများမှာ အချက်အလက် မပြည့်စုံသောသူများဖြစ်ပြီး ၊ DG ထံမေးမြန်းနိုင်ကြောင်း ပြောဆိုသော ကြောင့် အသီးသီးက တက်ရောက် ပြီးမေးသောအခါ အမျိုးမျိုးဖြေကြားကြောင်း ၊ Korea ဘက်မှ Calling ရရှိပြီး CCVI မရရှိသူကို လည်းကောင်း ၊ ဒု အကြိမ် စာမေးပွဲ ပြန်ဖြေထားသောသူများကိုလည်းကောင်း အချက်အလက် မပြည့်စုံသောသူများ စာရင်းမှာပါနေကြောင်း တွေ့ရှိရပါသည်။
နောက်ဆုံးမှာ MD က စာရင်းကို အလျဉ်းသင့်သလို ရိုက်ထားကြောင်းဖြေကြားခဲ့တာကြောင့် ရှင်းလင်းပွဲ ဖြစ်ပေမယ့် မရှင်းလင်းပွဲ ဖြစ်ခဲ့ရပါသည်။
ဖော်ပြပါ ရှင်းလင်းပွဲနဲ့ ပတ်သက် ပြီး ကို ၀ိုင်းအနေနဲ့ comment ပေးပါအုံး။
# အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း်နေသောသူ 48 ယောက် စာရင်းကို Korea ဘက်က ယခုအတောအတွင်းမှ ပေးပို့တာ ဖြစ် နိုင်လား?
# 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် job seekerမှာ မဟုတ်လား?
ရှိမရှိ သက်သေပြလို့ရနိုင်လား?
# ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ?
# အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ?
보내 사람 : korealover드림
**********
ကိုကို ကိုရီးယားလဗ္ဗာခင္ဗ်ား ၊
ခင်ဗျားရဲ့ မေတ္တာရပ်ခံချက်အရ ၊ မေတ္တာဖြင့် မင့်လိုက်ပါတယ် ။
- Calling ဆိုတာ ဘာကိုဆိုလိုမှန်းမသိပါ ။ ထင်တာပြောရရင်တော့ အလုပ်စာချုပ် (မူကြမ်း) ဖြစ်ဖို့များပါတယ် ။ စာချုပ်မူကြမ်းကို အလုပ်သမားက လက်မှတ်ထိုး ၊ ကိုရီးယား ပြန်ပို့ပြီးတဲ့အခါမှ အလုပ်ရှင်ဖက်က CCVI ပြန်ပို့မှာဖြစ်လို့ အလုပ်စာချုပ် အတည်မဖြစ်တာဖြစ်စေ ၊ အလုပ်စာချုပ်အတည်ဖြစ်ပြီးသော်လည်း အလုပ်ရှင်ဖက်က အကြောင်းမညီညွတ် (စက်ရုံဒေဝါလီခံခြင်း ၊ အလုပ်သမားမလိုတော့ခြင်း ၊ လဝကထံမှ CCVI ထုတ်ပေးရန်ငြင်းဆန်ခံရခြင်း စသည်) တော့လို့ မခေါ်တော့တာလည်း ဖြစ်နိုင်ပါတယ် ။
- အချက်အလက်မပြည့်စုံလို့ ကိုရီးယားဖက်က ပြန်ပို့တဲ့သူက ၄၈ ယောက် ရှိတယ်ဆိုတာလည်း ဖြစ်နိုင်ကောင်းပါတယ် ။ ခုနက ပြောခဲ့တဲ့ ကိစ္စတွေရှိနေနိုင်လို့ပါ ။ သို့သော်လည်း ကိုရီးယားဖက်မှ ပြန်ပို့သည့် စာရင်း ၄၈ ယောက် ၊ မြန်မာပြည်ဖက်က ထပ်ပြီး ပြန်ပို့လိုက်တာက ၉၂ ယောက်ဆိုတာကတော့ စဉ်းစားစရာများဖြစ်နေမလားလို့ပါ ။ ၄၈ ယောက်ထက် ၄၄ ယောက် အပိုဆောင်းပြီး ပြန်ပို့လိုက်တယ်လို့ သဘောရပါတယ် ။ အဲသည်အထဲမှာ မြန်မြန်ပါစေချင်လို့ ဒုတိယအကြိမ်စာမေးပွဲအောင်ထားသူများ ရောပြီး ပါသွားတာဖြစ်မယ်လို့ ယူဆပါတယ် ။ အဲဒီထဲ ၃၉ ယောက်က မပြည့်စုံတဲ့သူဆိုတော့ ၊ ၄၈ ယောက်မှာ မှ ၃၉ ယောက်ကို ပြန်ပို့တာဖြစ်ပြီး ၉ ယောက်က ပြန်ပို့ဖို့ အပယ်ခံလိုက်ရသူတွေဖြစ်နိုင်တယ် ။ ၁၄ ယောက်ကတော့ ဒုတိယအကြိမ် စာမေးပွဲအောင်ထားသူတွေ ဖြစ်မယ် (အမ်ဒီကြီးပြောတဲ့အတိုင်းဆို အလျဉ်းသင့်သလို ရိုက်ထည့်ခံလိုက်ရတဲ့သူတွေစာရင်း) လို့ ထင်ပါတယ် ။ အဲသည်သူများကတော့ ဘာမှ မပြောပဲ ငြိမ်နေကြမယ့် သူတွေ ဖြစ်ပါလိမ့်မယ် ။
- 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် အလုပ်ရှာသူများစာရင်းမှာ ရှိမရှိ သက်သေပြလို့ရနိုင်လား ဆိုတဲ့မေးခွန်းကို ဖြေရလျင်တော့ ၊ မြန်မာပြည်မှ (ကိုရီးယား အိပ်ခ်ျအာရ်ဒီမှတစ်ဆင့်) ပေးပို့ထားတဲ့ အဲသည် စာရင်းဟာ ကိုရီးယား အလုပ်အကိုင်ထောက်ပံ့ရေး ဌာန အလုပ်သမားတန်းစီဇယားမှာ ရှိနေမှာ ဖြစ်ပါတယ် ။ သို့သော်လည်း အဲသည်စာရင်းအားလုံးကို တရားဝင်လူသိရှင်ကြားထုတ်ပြန်ထားတာမရှိပါဘူး ၊ သက်ဆိုင်ရာ အလုပ်ရှင်က လျှောက်ထားတဲ့အခါမှသာ အလျဉ်းသင့်သူများအမည်စာရင်းကို ပေးတယ် ၊ အလုပ်ရှင်က အလုပ်သမား ၅ ယောက်လျှောက်ထားတယ်ဆိုရင် ထောက်ပံ့ရေးဌာနက အလုပ်သမား ၁၀ ယောက်စာရင်း ထုတ်ပေးတယ်လို့သိရပါတယ် ။
- ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ကြီးတဲ့ဖား တန်းပေါ်၂ ခါလျှောက်ခိုင်းတဲ့ သဘောလို့ ထင်ပါတယ် ။
- အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ? သည်မေးခွန်းအတွက်ကတော့ သည်းခံယုံမှတစ်ပါး အခြားမရှိလို့ ထင်ပါတယ် ။ ထင်တာပြောရရင်တော့ သမ္မတကြီး ဦးသိန်းစိန်ပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ(Clean Government) ပေါ်ပေါက်လာရေး အတူတကွ ကြိုးပမ်းကြဖို့လိုမယ်လို့ ထင်ပါတယ် ။ သန့်ရှင်းသောအစိုးရပေါ်လာလျင် ညစ်ပတ်သော ဝန်ထမ်းများလည်း ပျောက်သွားနိုင်လို့ပါ ။ ကောမ်မင့်ပေးပါဆိုလို့ ပေးကြည့်တာပါဗျာ ။ ဟုတ်မဟုတ်တော့ ဖထီးမသိပါ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Tuesday, 23 August 2011
အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) လျှောက်ထားခွင့်ရှိခြင်း
ကိုရီးယားနိုင်ငံ သို့ ပညာတော်သင်အဖြစ် ရောက်ရှိလာပြီး ၊ ၄င်းနောက် ဘွဲ့ရ ၊ ကိုရီးယားနိုင်ငံတွင် သင့်တော်မည့် အလုပ်တစ်ခုခု ရရှိရေးအတွက် ဘာဆက်လုပ်ရမည်ကို မသိကြသေးသည့် မြန်မာမိတ်ဆွေများကို မကြာခဏတွေ့ရပါသည် ။
ထိုထို ပုဂ္ဂိုလ်များအတွက် ကိုရီးယားအစိုးရက အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) တီထွင်ပြဋ္ဌာန်းပေးကြောင်း ၊ ပြည်ပဘွဲ့ရ ဘွဲ့လွန်ကျောင်းသားများကိုလည်း ခွင်ပြုရန် စီစဉ်နေကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံမှ ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) အနေဖြင့် D-2 (Student/유학), သို့မဟုတ် D-4 (General trainee/일반연수) မှ D-10 Visa အဖြစ် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ၊ visa သက်တန်း ၆ လ ရရှိနိင်ကြောင်း ၊ မူလ ဗီဇာ သက်တန်း ကုန်သွားပါကလည်း ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) လျှောက်ထားနိုင်ကြောင်း ၊ အလုပ်ရရှိပါက ရရှိသည့် အလုပ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဗီဇာ အမျိုးအစားသို့ ပြောင်းရမည်ဟု ဆိုပါသည် ။
လျှောက်ထားရန် အောက်ပါ စာရွက်စာတမ်းများလိုအပ်သည်ဟုဆိုသည် -
- 신청서 (လျှောက်လွှာ)
- 여권 (နိုင်ငံကူး လက်မှတ်)
- 외국인등록증 (နိုင်ငံခြားသားကပ်)
- (여권) 사진 (ပတ်ပို့ဓါတ်ပုံ)
- 학력/성적증면서/계획서 (ဘွဲ့လက်မှတ် ၊ အကျင့်စာရိတ္တထောက်ခံချက် ၊ အလုပ်ရရှိရေး အစီအစဉ်)
- 수수료 (6만원) (တံဆိပ်တော်ခွန် ဝမ် ၆ သောင်း)
အသေးစိတ် သိလိုပါက ကိုရီးယား အနီးဆုံးလူဝင်မှုကြီးကြပ်ရေးရုံး Phone-1345 (ရှေ့တွင် ဒေသဆိုင်ရာ တယ်လီဖုန်းကုဒ်နှိပ်ရန်) ထံဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရပါသည် ။
အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Friday, 19 August 2011
ကိုရီးယားနိုင်ငံတွင် ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာ လျှောက်ထားရေးအစီအစဉ်
လူတော်လူကျော်များ အလိုရှိသတဲ့
ကိုရီးယား သမ္မတ လီမြောင်ဘတ် ဟာ အမျိုးသားယှဉ်ပြိုင်မှုစွမ်းရည်တိုးတက်ရေးကောင်စီ (PCNC) ကို ဖွဲ့စည်းခဲ့ပြီး ကိုရီးယားနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ် (၁၀၀) ကိုချမှတ် အကောင်အထည်ဖော်လာခဲ့ပါတယ် ။ အဆိုပါလုပ်ငန်းစဉ်များအနက် ကိုရီးယားပညာရှင်များ ပြည်ပသို့ထွက်ခွါသွားခြင်းမှတားဆီးရေးနှင့် နိုင်ငံခြားသား လူတော်လူကျော်များ ရရှိရေးအစီအစဉ် (to prevent a brain drain and bring in talented foreigners) များလည်း ပါဝင်ပါတယ် ။
အဲသည်အစီအစဉ်အရ ကိုရီးယားမှာ အလုပ်လာလုပ်ကြတဲ့ သူများ (E-series visa Holder) ကို အမြဲတမ်းနေထိုင်ခွင့်ပေးတဲ့စနစ် ၊ နိုင်ငံခြားသားများကို ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ပေးတဲ့ အစီအစဉ် နှင့် ဒွိနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့စနစ်(permit multiple citizenship/dual citizenship) တွေလည်း ပါဝင်ပါတယ် ။
လေ့လာဆောင်ရွက်နိုင်ကြစေ
ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာ (အက်ဖ်-၂) လျှောက်ထားတဲ့ အစီအစဉ်မှာ မြန်မာများလည်း ပါဝင်လျှောက်ထားလိုသူများရှိပါက ထပ်ဆင့် လေ့လာသိရှိ ဆောင်ရွက်နိုင်ကြစေရန် တင်ပြလိုက်ပါတယ် ။
အီးဗီဇာများ
အက်ဖ်-၂ ဗီဇာ မလျှောက်မှီ Eဗီဇာ (E-series visa) ဖြင့် အနည်းဆုံး ၁ နှစ် နေပြီးသူဖြစ်ရမယ်လို့ဆိုပါတယ် ။ Eဗီဇာ (E-series visa) အမျိုးအစားတွေကတော့ (professors (E-1), foreign language instructors (E-2), researchers (E-3), technology instructors (E-4), people with specialty occupation (E-5) and people with particular occupation (E-7)တို့ဖြစ်ပါတယ် ။
ပေးထားတဲ့ ပွိုင့်တွေ
ပွိုင့်စနစ်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားရေးအစီအစဉ်မှာ ၊ ခေါင်းစဉ်ကြီး ၅ ခုဖြင့် အများဆုံး အမှတ် ၁၂၀ ပေးထားပြီး ၊ ပြစ်မှုကျူးလွန်ခြင်းများအတွက် လျှော့မှတ် ၅ မှတ်ရှိပါတယ် ။ အမှတ် ၈၀ ပြည့်လျင် အခြေချနေထိုင်ခွင့်ဗီဇာ (F-2 Visa) ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ် ။
ရနိုင်သောအမှတ်များမှာ-
- ၁ ။ အသက်အပိုင်းအခြား(အများဆုံး ၂၅ မှတ်)
- ၂ ။ ပညာရေး(အများဆုံး၃၅မှတ်)
- ၃ ။ ကိုရီးယားဘာသာကျွမ်းကျင်မှု(အများဆုံး၂၀မှတ်)
- ၄ ။ နှစ်စဉ်ဝင်ငွေ(အများဆုံး၁၀မှတ်)
- ၅ ။ အပိုရမှတ် အတိုးအလျှော့(အများဆုံး ၃၀မှတ်ရနိုင်ပါသည်)
အသက်အပိုင်းအခြား(အများဆုံး ၂၅ မှတ်)
Age - (maximum 25 points)
18-24 years old = 20 points
25-29 years old = 23 points
30-34 years old = 25 points
35-39 years old = 23 points
40-44 years old = 20 points
45-50 years old = 18 points
51 or older = 15 points
ပညာရေး(အများဆုံး၃၅မှတ်)
Academics (maximum 35 points)
Associates degree = 5 points
Bachelor's degree = 26 points
2 or more Bachelor's degree = 28 points
Master's degree = 30 points
2 or more Master's degrees = 32 points
Ph.D degree = 33 points
2 or more Ph.D. degrees = 35 points
ကိုရီးယားဘာသာကျွမ်းကျင်မှု(အများဆုံး၂၀မှတ်)
Korean proficiency (maximum 20 points)
General Comprehension/Basic Communication =10 points
Topic Comprehension/Communicates well in Familiar Subject = 15 points
Proficient Communication for Everyday Life = 20 points
(*based on results of S-TOPIK, the Standard Test Of Proficiency in Korean)
Additional Categories:
Completion of Social Integration Program (KIIP) = 10 points.
နှစ်စဉ်ဝင်ငွေ(အများဆုံး၁၀မှတ်)
Yearly income (maximum 10 points)
Under 35,000,000 won / year = 5 points
35,000,000 - 50,000,000 won / year = 6 points
50,000,000 - 80,000,000 won / year = 7 points
80,000,000 - 100,000,000 won / year = 8 points
100,000,000 won or more / year = 10 points
အပိုရမှတ် အတိုးအလျှော့(အများဆုံး ၃၀မှတ်ရနိုင်ပါသည်)
ကိုရီးယားနိုင်ငံမှ ဘွဲ့လက်မှတ်များအတွက်ရမှတ်-
Korean Academic Studies -
A Korean language certificate = 1 point
B.A. = 3 point
M.A. = 5 points
Ph.D. = 10 points
(*certificate/degree earned in Korean institution)
ကိုရီးယားဘာသာအောင်လက်မှတ်= ၁မှတ်
ရိုးရိုးဘွဲ့လက်မှတ်=၃မှတ်
မဟာဘွဲ့=၅မှတ်
ပါရဂူဘွဲ့=၁၀မှတ်
ပြည်တွင်းလူမှုရေးလုပ်ငန်းများဆောင်ရွက်ခြင်း
၁နှစ်အောက်= ၁မှတ်
၁နှစ်မှ ၂နှစ်အတွင်း=၃မှတ်
၂နှစ်အထက်=၅မှတ်
Domestic Community Service -
Under 1 year = 1 point
1-2 years = 3 points
Over 2 years = 5 points
ပြည်ပနိုင်ငံတစ်ခုခုတွင် အသက်မွေးဝမ်းကျောင်းအတတ်ပညာအတွေ့အကြုံအတွက်တိုးမှတ်များ
၁နှစ်=၁မှတ်
၁နှစ်မှ ၂နှစ်အတွင်း=၃မှတ်
၂နှစ်အထက်=၅မှတ်
Overseas Work as a Specialist -
1 year = 1 point
1-2 years = 3 points
Over 2 years = 5 points
လျှော့မှတ် (အနှုတ်)များ
မှီခိုသူကကျူးလွန်သောပြစ်မှုများ(၂မှတ်)
ဗီဇာရက်လွန်နေထိုင်မှုဖြစ်ဖူးလျင်=၁မှတ်
သတိပေး(ဗီဇာရပ်ဆိုင်း)ခံရဖူးခြင်းစသည်များ=၁မှတ်
မိမိဖိတ်ခေါ်သူကကျူးလွန်သောပြစ်မှုများ(၃မှတ်)
ရက်လွန်နေထိုင်ဖူးလျင်=၁မှတ်
သတိပေး(ဗီဇာရပ်ဆိုင်း)ခံရဖူးခြင်းစသည်များ=၂မှတ်
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
သြဂုတ်လ-၂၁ ၊ ကိုရီးယား
Ref:
- http://www.liveleak.com/view?i=01f_1270271751
- http://www.koreatimes.co.kr/www/news/nation/2010/04/116_64629.html
- http://www.jejuweekly.com/news/articleView.html?idxno=1651
- http://www.pcnc.go.kr/e_nccusr/m01/Welcome.aspx
Saturday, 6 August 2011
ကိုရီးယားဗီဇာများ
ကျနော်တို့တစ်တွေ ကိုရီးယားမြေကို ရည်ရွယ်ချက် ရည်မှန်းချက်တွေ တစ်သီတစ်တန်းကြီးနဲ့ လာခဲ့ကြတာပါ ။ သို့သော်လည်း တစ်စုံတစ်ခုသော အချိန် အတိုင်းအတာ တစ်ခုအပြီးမှာတော့ မူလ မျှော်မှန်းထားတာတွေကတစ်ခြား လက်တွေ့ဖြစ်နေတာတွေက တစ်လွဲဖြစ်နေကြတဲ့သူတွေက ခပ်များများ ဖြစ်လိမ့်မယ်ထင်ပါတယ် ။ (ကိုယ့်အဖြစ်ကို ကိုယ်တိုင်ပြန်ကြည့်ပြီး မှတ်ချက်ပြုကြည့်တာပါ) ။
ဘာပဲဖြစ်ဖြစ် ခုတလော ကိုးရီးယားမှာ နေလို့ရအောင် ဘယ်လိုနည်းတွေရှိပါသလဲလို့ စပ်စုကြသူ တော်တော်များများ တွေ့မိပါတယ် ။ သိသလောက်တော့ပြောကြည့်ပါတယ် ။ အသက်ငယ်သူတွေမှာ မျှော်လင့်ချက်တွေ စိတ်ကူးချက်တွေအများကြီး ထားနိုင်သေးပေမယ့် ၊ မကြာသော ကာလမှာ အသက် ၄၀ ကျော်ကြတော့မယ့် မိတ်ဆွေများက စဉ်းစားစရာတွေ ရှိနေမှာ အမှန်ပါ ။ အီးပီစနစ်နှင့် ထပ်လာဖို့အခွင့်အရေးကလည်း မရှိတော့သလို ၊ အရင်လို ၂-ကကြီး ဆိုပြီး လုပ်ဖို့ရာမှာလည်း မလွယ်ကူတဲ့ ကိစ္စဖြစ်နေတာမို့ပါ ။ အဲသည် မိတ်ဆွေများအဖို့ ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန လက်ရှိ လုပ်ပုံကိုင်ပုံများအရ ကိုရီးယားသို့ နောက်တစ်ခေါက်လာဖို့ဆိုတာ မသေခြာမရေရာတဲ့ ကိစ္စလို ဖြစ်နေမှာ အမှန်ပါ ။
ကျနော်လည်း အများကြီး မသိတော့ အများကြီး မပြောတတ်ပါ ။ သို့သော်လည်း လူဝင်မှုဆိုင်ရာ ဥပဒေအရ ကိုရီးယားအစိုးရက ခွင့်ပြုထားသော ဗီဇာအမျိုးအစားများကို သိထားခြင်းအားဖြင့် ၊ အော် သည်ဗီဇာ ရှိနေတော့ သည်ဗီဇာရအောင် တို့ကတော့ ဘယ်လိုလုပ်ဦးမှပဲ ၊ ဘယ်လိုလုပ်ရင်တော့ သည်ဗီဇာ အမျိုးအစားရနိုင်ကောင်းပါရဲ့ ဆိုတဲ့ အတွေးလေးများ ရနိုင်ကောင်းရဲ့ဆိုတဲ့ စဉ်းစားချက်နှင့် သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။
လက်ရှိအနေအထားမှာ ၊ ကိုရီးယားအစိုးရက ထုတ်ပေးနေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား ၃၀ ကျော်ရှိပါတယ် ။ အဲဒါတွေကတော့ -
A visas
A-1 Diplomat (외교) သံတမန်
A-2 Government official (공무) အစိုးရဝန်ထမ်း
A-3 Agreement (협정) သဘောတူညီချက်
B visas
B-1 Visa exemption (사증면제) ဗီဇာကင်းလွတ်ခွင့်ရသူများ
B-2 Tourist/transit (관광통과) ခေတ္တနား ၊ ခရီးတစ်ထောက်နားနေခွင့်
C visas
C-1 Temporary news coverage (일시취재) ယာယီသတင်းသမား
C-2 Short-term business (단기상용) ရက်တို လုပ်ငန်းကိစ္စ
C-3 Short-term general (단기종합) ရက်တို အထွေထွေ
C-4 Short-term employee (단기취업) ရက်တို အလုပ်
D visas
D-1 Artist (문화예술) အနုပညာရှင်
D-2 Student (유학) ပညာတော်သင်
D-3 Industrial trainee (산업연수) အလုပ်ခွင်သင်တန်းသား
D-4 General trainee (일반연수) သာမန်သင်တန်း(ကျောင်းသား)
D-5 Journalism (취재) မီဒီယာသမား
D-6 Religion (종교) ဘာသာရေး
D-7 Business supervisor (상사주재) လုပ်ငန်းကြီးကြပ်သူ
D-8 Corporate investor (기업투자) ကုမ္ပဏီ ၊ ရင်းနှီးလုပ်ကိုင်သူ
D-9 International trade (무역경영) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိစ္စ
D-10 Job Seeking (직업추구)အလုပ်ရှာဖွေခွင့်
E visas
E-1 Professor (교수) ပါမောက္ခ
E-2 Foreign language instructor (회화지도) နိုင်ငံခြားဘာသာ နည်းပြ
E-3 Research (연구) သုတေသန
E-4 Technology transfer (기술지도) နည်းပညာဖလှယ်ရေး
E-5 Professional employment (전문직업) အသက်မွေးမှုအလုပ်အကိုင်
E-6 Artistic performer (예술흥행) အနုပညာ ၊ ဖျော်ဖြေရေး
E-7 Designated activities (특정활동) အထူးကိစ္စ
E-8 Training employment (연수취업) ကျွမ်းကျင် သင်တန်းသား
E-9 Non-professional employment (비전문취업) အသက်မွေးမှု လုပ်ငန်းနှင့် မဆိုင်သော အလုပ်အကိုင် (အီးပီ)
E-10 Vessel Crew (내항선원) (ပြည်တွင်းသင်္ဘောသား)
F visas
F-1 Visiting or joining family (방문동거) (မိသားစုအလည်အပတ်)
F-2 Resident (거주) (အခြေချနေထိုင်ခွင့်)
F-3 Accompanying spouse (동반)(မှီခို)
F-4 Overseas Korean (재외동포)(ပြည်ပဖွားကိုရီးယားများ)
F-5 Permanent resident (영주) (အမြဲတမ်းနေထိုင်ခွင့် ၊ ပီအာရ်)
G visas
G-1 Miscellaneous (အထွေထွေ) (သတ်မှတ်ပြဋ္ဌာန်းထားသော ဗီဇာ အမျိုးအစားတစ်ခုခုတွင် မပါရှိသော ကိစ္စရပ်များအတွက် )
H visas
H-1 Working holiday (관광취업) (အလည်အပတ် အလုပ်လုပ်ခွင့်)
H-2 Working visit (방문취업제) (ဧည့်လုပ်သား)
M visas
M-1 Military (군인) (စစ်မှုထမ်းများ)
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)